မိန်းကလေးတိုင်းအတွက် လိုအပ်တဲ့ဖက်ရှင် tips လေးတွေ

မိန်းကလေးတိုင်း နောက်ဆုံးပေါ် ဖက်ရှင်စတိုင်လ်တွေအတိုင်း ကိုယ့်ကိုကိုယ် အလန်းဆုံးဝတ်စား ဆင်ယင်ချင်ကြပါတယ်။ ဒါပေမယ့် သတိမထားမိတဲ့အချက်လေးတွေ ရှိနေတယ်။ တစ်ချို့ သောအသေးမွှားလေးတွေဟာ ကိုယ့်ရဲ့ဖက်ရှင်ကို ဖျက်ဆီးနိုင်ပါတယ်။ အခုပြောပြမယ့် tips လေးတွေအတိုင်းဆို သင်ဟာဖက်ရှင်နဲ့ပတ်သတ်ပြီး sense ရှိတဲ့သူတစ်ယောက်အဖြစ် အားလုံးက အသိမှတ်ပြုကြမှာ အမှန်ကန်ပါပဲ။

ပုလဲသီး လည်ဆွဲ

ပုလဲလုံးတွေ အများကြီးသီကုံးထားတဲ့ လည်ဆွဲအစား ပုလဲလုံးလှလှလေး တစ်လုံးထဲကို ရိုးရိုးကြိုးလေးမှာ ဆွဲထားတာက သင့်ကိုပိုပြီးအမြင်လှစေပါတယ်။ ဒါကြောင့် တချို့ မှန်ကန်တဲ့ ဖက်ရှင်သမားတွေဆို အဝတ်စားနဲ့လိုက်ဖက်တဲ့ accessory တွေကို သေချာလေးရွေးချယ်ရပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့လည်ပင်းမှာ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ လည်ဆွဲလေးတစ်ခုသာ လိုအပ်ပါတယ်။

နာရီ


ဖုန်းမှာ နာရီတွေပါလာပြီဆိုပေမယ့် လက်ပတ်နာရီဆိုတာလည်း ဝတ်ထားရင် အသုံးဝင်တာပါပဲ။ အခုနောက်ပိုင်းဆို အမျိုးသမီး လက်ပတ်နာရီိ ဒီဇိုင်းလှလှလေးတွေ အများကြီးပဲထွက်လာပါပြီ။ အကျီ င်္အဝတ်စားနဲ့လိုက်ဖက်တဲ့ နာရီမျိုးကိုလည်း ဝတ်ဆင်တတ်ဖို့လိုပါတယ်။ တချို့ နာရီတွေဟာ ဘယ်လိုအဝတ်စားနဲ့ပဲဖြစ်ဖြစ် လိုက်ဖက်တာမျိုးလေးတွေလည်းရှိပါတယ်။ ဈေးလည်းသင့်ပြီး ကိုယ်နဲ့လည်း လိုက်ဖက်ဖို့လိုသလိုဝတ်တဲ့အကျီ င်္နဲ့လည်း ကိုက်ညီဖို့လိုတယ်နော်။

ကျားသစ်ကွက် အဝတ်စားတွေဝတ်ဆင်တဲ့အခါ

Vogue မှာတော့ ကျားသစ်ကွက် အဝတ်စားတွေဟာ တော်တော်လေးဖက်ရှင်ကျတယ်လို့ ပြောထားပါတယ်။ ကုတ်ပဲဖြစ်ဖြစ်၊ စကတ်ပဲဖြစ်ဖြစ် ၊ ကိုယ်ကျပ်ပဲဖြစ်ဖြစ် ဝတ်ဆင်တဲ့အခါ သတိထားဖို့လိုပါတယ်။ လှတယ်ဆိုတိုင်း တစ်ကိုယ်လုံးမှာ ဆင်မြန်းတာကို ကြောင်တောင်တောင်နိုင်စေပါတယ်။ အကျီ င်္မှာကျားသစ်ကွက်ပါတယ်ဆို သူနဲ့လိုက်ဖက်တဲ့ ဘောင်းဘီလေး ဝတ်တာမျိုး၊ ဒါမှမဟုတ် ကျားသစ်ကွက် စကတ်ဆိုလည်း သူနဲ့လိုက်ဖက်မယ့် အကျီ င်္လေးတွေကို ရွေးချယ်တတ်ဖို့လိုပါတယ်။

Kimonos စတိုင်လ်

Kimonos စတိုင်လ်ဟာ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးထင်ပေါ်တဲ့ ဖက်ရှင်မျိုးပါ။ နွေရာသီမှာပါ အသုံးတည့်ရုံမက ဘယ်လိုရာသီမျိုးဝတ်ဝတ် ဖက်ရှင်ကျပါတယ်။ သူနဲ့တွဲဖက်ပြီး ဝတ်ဆင်မယ့် အကျီ င်္၊ ဘောင်းဘီတွေသာ သေချာရွေးချယ်တတ်ဖို့ လိုပါတယ်။

ဖိနပ်

ဖိနပ်ဝယ်တော့မယ်ဆို ကြိုက်တာထက် ကိုယ်နဲ့လိုက်ဖို့လည်း လိုအပ်တယ်နော်။ ကိုယ့်အသားရည်နဲ့ဖိနပ်အရောင်ဟာ တစ်ထပ်တည်းကျနေမှ ကြည့်ကောင်းမှာပေါ့။ ဖိနပ်အထူပိန်းကြီး ဝယ်ပြီး လမ်းသွားရဒုက္ခရောက်နေမှာထက်စာရင် ပေါ့ပါးပြီး ဖက်ရှင်ကျတဲ့ ဖိနပ်လေးကို ဝယ်ယူဖို့လိုပါတယ်။ ဒီလိုဖိနပ်တွေဟာ ဆွဲဆောင်မှုရှိစေသလို ဝတ်ဆင်သူကိုလည်း စိတ်တိုင်းကျစေပါတယ်။

363 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.