သူ့ရဲ့စာရေးတဲ့အလုပ်အောင်မြင်နေချိန်မှာ Charles Dickens တစ်ယောက်သူ့ရဲ့လက်ကျန်ဘ၀တစ်လျှောက်လုံး တိတ်တဆိတ်ချစ်သူဖြစ်ခဲ့ပြီး သူ့ထက်အသက်လည်းငယ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့တွေ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။
Charles Dickens ဆိုတာကတော့ David Copperfield, The Adventures of Oliver Twist, Great Expectations အစရှိတဲ့ဝတ္ထုတွေကိုရေးခဲ့တဲ့ ကမ္ဘာကျော်အင်္ဂလိပ်စာရေးဆရာကြီးဖြစ်ပါတယ်။
The Invisible Woman ဟာ စာရေးဆရာကြီး Charles Dickins ရဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိကို ဒရာမာ အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးမင်းသား Ralph Fiennes ကိုယ်တိုင် ဒါရိုက်တာနဲ့ အဓိကဇာတ်ကောင် Charles Dickens အဖြစ် ပါဝင်ရိုက်ကူးသရုပ်ဆောင်ထားပါတယ်။ Felicity Jones, Kristin Scott Thomas, Tom Hollander အစရှိတဲ့သရုပ်ဆောင်တွေပါဝင်ထားပါတယ်။
Ref:imdb
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။