တစ္သက္လံုး Single အျဖစ္မေနခ်င္ဘူးဆုိရင္ ဒီအမွားေတြကုိေရွာင္ဖုိ႔လုိ…

တစ္သက္လံုးအပ်ိဳၾကီးအျဖစ္အရုိးမထုတ္ခ်င္ဘူးဆုိရင္ Single မမေတြအမ်ားဆံုးမွားတတ္ၾကတဲ႔ ဒီအမွားေတြကုိ မလုပ္မိဖုိ႔လုိပါတယ္။ဘယ္ေလာက္ပဲ တစ္ေယာက္တည္းေနရတာၾကိဳက္ၾကိဳက္ ဖူးစာကုိေရွာင္လႊဲလုိ႔မရတဲ႔အခါ၊တကယ္ခ်စ္မိသြားတဲ႔အခါ အခ်စ္မွာေပ်ာ္၀င္သြားၾကတာပါပဲ။ဒါေပမဲ႔ အခ်စ္ကကုိယ့္ဆီေရာက္လာရင္ေတာင္ ကုိယ္က ေရွာင္ဖယ္ပစ္လုိက္တဲ႔၊တြန္းထုတ္ပစ္လုိက္တဲ့အခုိက္အတန္႔ေတြရွိပါတယ္။ဥပမာ ပထမဆံုးဒိတ္လုပ္္တဲ႔အခ်ိန္ ဒီလုိအမွားေတြလုပ္မိတာမ်ိဳးေပါ့။

*ဒိတ္ကုိ အလုုပ္အင္တာဗ်ဴးလုိလုပ္တာမ်ိဳး
ကုိယ့္ကုိုသေဘာက်လို႔ ဒိတ္ၾကည့္မယ္ဘာညာဆုိ ကုိယ္ကလည္း လက္ခံလိုက္တယ္။ဒါေပမဲ့ ေတြ႔တဲ႔အခိ်န္မွာ အင္တာဗ်ဴးဆန္ဆန္ ဘာလုပ္တယ္။ဘယ္မွာေနတယ္။အနာဂတ္ရည္မွန္းခ်က္ ကဘာလဲ၊အိမ္ေထာင္က်ရင္ ဘယ္လုိစီးပြားေရးမ်ိဳးလုပ္မွာလဲ၊ဘ၀အာမခံခ်က္ဘာရွိလဲ စတဲ႔ ေမးခြန္းေတြေမးတာဟာ တစ္ဖက္လူကုိစိတ္ကသိကေအာင့္ျဖစ္ေစသလုိ ေနာက္ထပ္ဒိတ္ဖုိ႔စကားေတာင္စလာေတာ့မွာမဟုတ္ပါဘူး။ပထမဆံုးစဒိတ္တဲ႔အခ်ိန္မွာ ဒီလုိေမးခြန္းထက္ နည္းနည္းေပါ့ေပါ့ပါးပါးျဖစ္တဲ႔ စကားေလးေတြေျပာေပးသင့္ပါတယ္။

*ယွဥ္ျပိဳင္တာမ်ိဳး
ဒိတ္ပါတယ္ဆုိမွ သူက ကုိယ့္ထက္အလုပ္မွာသာလား ၊ပညာအရည္အခ်င္းသာလား ကုိယ္က သူ႔ထက္သာလား စီးပြားေရးမွာ သူဘယ္လုိအေျခအေန ကုိယ္ဘယ္လိုအေျခအေန စသျဖင့္ ယွဥ္ျပိဳင္လိုစိတ္ရွိေနတယ္။သိသာေအာင္ျပသမိေနတယ္ဆုိရင္ တစ္ဖက္ေယာက်္ားေလးကလည္း
ကုိယ့္ကုိစိတ္၀င္စားခ်င္စိတ္ေတာင္ေပ်ာက္သြားပါလိ့မ္မယ္။ေယာက်ာ္းေလးေတြက သူတုိ႔နဲ႔ယွဥ္ျပိဳင္တဲ႔မိန္းကေလးမ်ိဳးကုိ မလုိခ်င္ၾကပါဘူး။ဒီလုိအခ်စ္ေရးမ်ိဳးကလည္းသာယာမွာမဟုတ္ပါဘူး။

*က်ီစယ္ေနာက္ေျပာင္စကားဆုိဖုိ႔ေမ့တာမ်ိဳး
ပထမဆံုးဒိတ္မွာျဖစ္ျဖစ္ ကုိယ့္ကုိသေဘာက်လို႔ စကားလာေျပာတဲ႔အခါမွာပဲျဖစ္ျဖစ္ ကုိယ္ကလည္းသူ႔ကုိသေဘာက်တယ္ဆုိရင္ စကားေျပာတဲ႔အခါ ဒဲ႔တုိးၾကီးပဲမေျပာပါနဲ႔။အတည္ေပါက္ၾကီးေတြမ်ားလာရင္ ရွိန္လာတတ္ပါတယ္။ဒါေၾကာင့္ စကားစစေျပာခ်င္းမွာ နည္းနည္းပါးပါးက်ီစယ္ေနာက္ေျပာင္စကားမ်ိဳးေျပာသင့္ပါတယ္။အဲ႔ဒါမွ ႏွစ္ဖက္လံုး ေပါ့ေပါ့ပါးပါးနဲ႔ ပုိျပီးခင္မင္ရင္းႏွီးလာမွာျဖစ္ပါတယ္။

*ေနာက္ထပ္ဒိတ္ဖုိ႔စကားလမ္းေၾကာင္းမေပးတာမ်ိဳး
ကုိယ္ကလည္းသူ႔ကုိသေဘာက်တယ္ဆုိရင္ သူ႔ဘက္က ေျပာရခက္ေနမွာစုိးလုိ႔ ကုိယ့္ဘက္က ေရလာေျမာင္းေပးနည္းနည္းေတာ့လုပ္ေပးသင့္ပါတယ္။ကုိယ့္ဘက္ကစမေျပာတဲ႔အခါသူက ကုိယ္သေဘာမက်ဘူးအထင္နဲ႔ ေနာက္တစ္ခါေတြ႔ဖုိ႔လည္းေျပာရဲမွာမဟုတ္ပါဘူး။ေတြ႔ၾကည့္လုိ႔သေဘာမက်ဘူးဆုိရင္ေတာ့ မေျပာနဲ႔ေပါ့။ကုိယ္ကလည္း သူကုိယ့္ကုိသေဘာက်ေနတာသိတယ္။ကုိယ္ကလည္းသေဘာက်တယ္ဆုိရင္ သူ႔ဘက္ကစကားစလြယ္ေအာင္ လမ္းေၾကာင္းေပးတာမ်ိဳးလုပ္ေပးသင့္ပါတယ္။အဲ႔ဒါမွ တစ္ခန္းရပ္ဇာတ္လမ္းမျဖစ္ေတာ့မွာပါ။

ပထမဆံုးဒိတ္တဲ႔အခ်ိန္မွာ တစ္ေယာက္အေၾကာင္းတစ္ေယာက္မသိေသးပါဘူး။ဒါေပမဲ႔ ကုိယ့္ဘက္က အနည္းအက်ဥ္းျပန္စိတ္၀င္စားတယ္ဆုိရင္ေသခ်ာသိေအာင္ တစ္ေယာက္ကုိတစ္ေယာက္ေလ့လာသင့္ပါတယ္။လက္တြဲတဲ႔အဆင့္မဟုတ္ေသးပဲ ႏွစ္ခါသံုးခါေလာက္ဒိတ္ၾကည့္မွ ဒီလူရဲ ႔သေဘာသဘာ၀ ကဘယ္လုိဆုိတာသိမွာပါ။တစ္ခါတည္းေတြ႔ ျပီးေတာ့ မထူးပါဘူးဆုိျပီး ယတိျပတ္ျငင္းတာမ်ိဳးထက္ ႏွစ္ခါသံုးခါေလာက္ေတြ႔ၾကည့္သင့္ပါတယ္။ပထမဆံုးဒိတ္ဆုိတာ အလြဲလြဲအေခ်ာ္ေခ်ာ္ေတာ့ျဖစ္တတ္တာပါပဲ။ဒါေပမဲ႔ စိတ္မပ်က္သြားပဲ ထပ္ျပီးေတြ႔ဆံုၾကည့္သင့္ပါတယ္။

Source:Yourtango

Unicode

တစ်သက်လုံးအပျိုကြီးအဖြစ်အရိုးမထုတ်ချင်ဘူးဆိုရင် Single မမတွေအများဆုံးမှားတတ်ကြတဲ့ ဒီအမှားတွေကို မလုပ်မိဖို့လိုပါတယ်။ဘယ်လောက်ပဲ တစ်ယောက်တည်းနေရတာကြိုက်ကြိုက် ဖူးစာကိုရှောင်လွှဲလို့မရတဲ့အခါ၊တကယ်ချစ်မိသွားတဲ့အခါ အချစ်မှာပျော်ဝင်သွားကြတာပါပဲ။ဒါပေမဲ့ အချစ်ကကိုယ့်ဆီရောက်လာရင်တောင် ကိုယ်က ရှောင်ဖယ်ပစ်လိုက်တဲ့၊တွန်းထုတ်ပစ်လိုက်တဲ့အခိုက်အတန့်တွေရှိပါတယ်။ဥပမာ ပထမဆုံးဒိတ်လုပ််တဲ့အချိန် ဒီလိုအမှားတွေလုပ်မိတာမျိုးပေါ့။

*ဒိတ်ကို အလုုပ်အင်တာဗျူးလိုလုပ်တာမျိုး
ကိုယ့်ကိုုသဘောကျလို့ ဒိတ်ကြည့်မယ်ဘာညာဆို ကိုယ်ကလည်း လက်ခံလိုက်တယ်။ဒါပေမဲ့ တွေ့တဲ့အချိန်မှာ အင်တာဗျူးဆန်ဆန် ဘာလုပ်တယ်။ဘယ်မှာနေတယ်။အနာဂတ်ရည်မှန်းချက် ကဘာလဲ၊အိမ်ထောင်ကျရင် ဘယ်လိုစီးပွားရေးမျိုးလုပ်မှာလဲ၊ဘဝအာမခံချက်ဘာရှိလဲ စတဲ့ မေးခွန်းတွေမေးတာဟာ တစ်ဖက်လူကိုစိတ်ကသိကအောင့်ဖြစ်စေသလို နောက်ထပ်ဒိတ်ဖို့စကားတောင်စလာတော့မှာမဟုတ်ပါဘူး။ပထမဆုံးစဒိတ်တဲ့အချိန်မှာ ဒီလိုမေးခွန်းထက် နည်းနည်းပေါ့ပေါ့ပါးပါးဖြစ်တဲ့ စကားလေးတွေပြောပေးသင့်ပါတယ်။

*ယှဉ်ပြိုင်တာမျိုး
ဒိတ်ပါတယ်ဆိုမှ သူက ကိုယ့်ထက်အလုပ်မှာသာလား ၊ပညာအရည်အချင်းသာလား ကိုယ်က သူ့ထက်သာလား စီးပွားရေးမှာ သူဘယ်လိုအခြေအနေ ကိုယ်ဘယ်လိုအခြေအနေ စသဖြင့် ယှဉ်ပြိုင်လိုစိတ်ရှိနေတယ်။သိသာအောင်ပြသမိနေတယ်ဆိုရင် တစ်ဖက်ယောကျ်ားလေးကလည်း
ကိုယ့်ကိုစိတ်ဝင်စားချင်စိတ်တောင်ပျောက်သွားပါလိ့မ်မယ်။ယောကျာ်းလေးတွေက သူတို့နဲ့ယှဉ်ပြိုင်တဲ့မိန်းကလေးမျိုးကို မလိုချင်ကြပါဘူး။ဒီလိုအချစ်ရေးမျိုးကလည်းသာယာမှာမဟုတ်ပါဘူး။

*ကျီစယ်နောက်ပြောင်စကားဆိုဖို့မေ့တာမျိုး
ပထမဆုံးဒိတ်မှာဖြစ်ဖြစ် ကိုယ့်ကိုသဘောကျလို့ စကားလာပြောတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်ကလည်းသူ့ကိုသဘောကျတယ်ဆိုရင် စကားပြောတဲ့အခါ ဒဲ့တိုးကြီးပဲမပြောပါနဲ့။အတည်ပေါက်ကြီးတွေများလာရင် ရှိန်လာတတ်ပါတယ်။ဒါကြောင့် စကားစစပြောချင်းမှာ နည်းနည်းပါးပါးကျီစယ်နောက်ပြောင်စကားမျိုးပြောသင့်ပါတယ်။အဲ့ဒါမှ နှစ်ဖက်လုံး ပေါ့ပေါ့ပါးပါးနဲ့ ပိုပြီးခင်မင်ရင်းနှီးလာမှာဖြစ်ပါတယ်။

*နောက်ထပ်ဒိတ်ဖို့စကားလမ်းကြောင်းမပေးတာမျိုး
ကိုယ်ကလည်းသူ့ကိုသဘောကျတယ်ဆိုရင် သူ့ဘက်က ပြောရခက်နေမှာစိုးလို့ ကိုယ့်ဘက်က ရေလာမြောင်းပေးနည်းနည်းတော့လုပ်ပေးသင့်ပါတယ်။ကိုယ့်ဘက်ကစမပြောတဲ့အခါသူက ကိုယ်သဘောမကျဘူးအထင်နဲ့ နောက်တစ်ခါတွေ့ဖို့လည်းပြောရဲမှာမဟုတ်ပါဘူး။တွေ့ကြည့်လို့သဘောမကျဘူးဆိုရင်တော့ မပြောနဲ့ပေါ့။ကိုယ်ကလည်း သူကိုယ့်ကိုသဘောကျနေတာသိတယ်။ကိုယ်ကလည်းသဘောကျတယ်ဆိုရင် သူ့ဘက်ကစကားစလွယ်အောင် လမ်းကြောင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။အဲ့ဒါမှ တစ်ခန်းရပ်ဇာတ်လမ်းမဖြစ်တော့မှာပါ။

ပထမဆုံးဒိတ်တဲ့အချိန်မှာ တစ်ယောက်အကြောင်းတစ်ယောက်မသိသေးပါဘူး။ဒါပေမဲ့ ကိုယ့်ဘက်က အနည်းအကျဉ်းပြန်စိတ်ဝင်စားတယ်ဆိုရင်သေချာသိအောင် တစ်ယောက်ကိုတစ်ယောက်လေ့လာသင့်ပါတယ်။လက်တွဲတဲ့အဆင့်မဟုတ်သေးပဲ နှစ်ခါသုံးခါလောက်ဒိတ်ကြည့်မှ ဒီလူရဲ ့သဘောသဘာဝ ကဘယ်လိုဆိုတာသိမှာပါ။တစ်ခါတည်းတွေ့ပြီး ယတိပြတ်ငြင်းတာမျိုးထက် နှစ်ခါသုံးခါလောက်တွေ့ကြည့်သင့်ပါတယ်။ပထမဆုံးဒိတ်ဆိုတာ အလွဲလွဲအချော်ချော်တော့ဖြစ်တတ်တာပါပဲ။ဒါပေမဲ့ စိတ်မပျက်သွားပဲ ထပ်ပြီးတွေ့ဆုံကြည့်သင့်ပါတယ်။

Source:Yourtango

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.