အသက်ကြီး မှ ဒါမျိုးတွေကို နောင်တရတတ်ကြပါတယ်…
Unicode
ဘယ်အရာမဆို အချိန်အခါ နဲ့အခြေနေပေါ်မူတည်ပြီး လုပ်မှသင့်တော်တာမျိုးပါ။ တစ်ချို့ကိစ္စတွေကလုပ်ဖို့ စောသေးပင်မဲ့ တစ်ချို့အရာတွေကကျတော့ အရွယ်လွန်မှ စောစောစီးစီးမလုပ်ခဲ့ရလို့နောင်တရတာမျိုးတွေ ဖြစ်တတ်ကြပါတယ်…ဘယ်လိုအရာတွေကို ငယ်ရွယ်တဲ့အချိန်မှာမလုပ်ခဲ့ရင် ကြီးလာမှ နောင်တရနိုင်လဲ…ယူတို့ရောဒီလိုအရာတွေကို အရွယ်မလွန်ခင် အသက်မကြီးခင်လုပ်ဖြစ်ပြီးသွားကြပြီလား…???
(၁) ကိုယ့်ရဲ့ရှိရင်းစွဲအလှကို မထုတ်ပဲနေခဲ့တာ
လူတစ်ယောက်ရဲ့ဘဝဟာ ငယ်ရွယ်တဲ့အချိန်မှာသာ အလှပတရားနဲ့ဝံံ့ကြွားနိုင်တာပါ။ ဒါကလည်းသဘာဝကပေးတဲ့လက်ဆောင်တစ်ခုပါပဲ။ ငယ်ရွယ်တဲ့အချိန်မှာသင့်ရဲ့ရှိရင်းစွဲ သဘာဝအလှတွေကို ဖုံးဖိထားပြီး ကြီးလာမှ ငါငယ်ငယ်တုန်းကဆိုရင်ဆိုတဲ့စိတ်မျိုးနဲ့နောင်တမရစေဖို့ ကိုယ့်ဘဝကိုယ့်ခန္ဓာရဲ့အလှအစစ်ကို ရှာဖွေဖော်ထုတ်နိုင်ကြပါစေ။
(၂) ငွေစုဖို့ ပျင်းရိခဲ့တာ
ငွေစုဖို့ပျင်းရိခဲ့တာဟာ သိပ်ကို နောင်တရစရာကောင်းတဲ့အဖြစ်တစ်ခုပါ။ ငွေရှာနိုင်ရင်ပြီးတာပဲ လို့ခံယူထားလို့မရပါဘူး။ ကိုယ့်မှာအရေးအကြောင်းပေါ်လာလို့ ငွေလိုအပ်လာတဲ့အခါ တစ်ကြိမ်တစ်ခါက နည်းနည်းနည်းနည်းနဲ့စုထားတွေငွေတွေဟာ သိပ်ကိုအကျိုးရှိပါတယ်။ နောက်တစ်ခုက အသက်ရွယ်ရလာလို့ အရင်လိုစိတ်သွားတိုင်းကိုယ်မပါတော့တဲ့အခါ ငွေရှာဖို့ခဲယဉ်းသွားတတ်ကြပါပြီ။ ဒါကြောင့်ငယ်ရွယ် နုနယ်ပြီးသန်စွမ်းချိန်မှာ များများရှာပါ များများစုပါ …စုလို့ပိုတာကို အကောင်းဆုံးအသုံးချကြပါ။
(၃) ခရီးသွားဖို့ကြန့်ကြာခဲ့တာ
ခရီးသွားဖို့ ကို မကြန့်ကြပါနဲ့။ ပိုက်ဆံတွေအများကြီးရှိမှခရီးသွားလို့ရတာမဟုတ်ပါဘူး။ ကိုယ်သွားမဲ့ခရီးနဲ့သင့်တော်တဲ့ငွေပမာဏကိုစုဆောင်းရှာဖွေပြီး ငွေကုန်သက်သာတဲ့ခရီးသွားနည်းမျိုးနဲ့ ခရီးများများသွားပေးပါ။ ခရီးသွားခြင်းက ဗဟုသုတများစွာကိုရရှိစေနိုင်ပါတယ် ။ ဒါ့ထက် ငယ်ရွယ်တုန်းသွားခြင်းက သင့်ရဲ့ခရီးမှာ ကောင်းမွန်တဲ့အမှတ်တရတွေကိုဖန်တီးစေနိုင်တဲ့အပြင် စိတ်ရောကိုယ်ပါကျန်းမာစေပါတယ်။ အိုတော့ရောသွားမရဘူးလားဆိုတော့ ရပါတယ်..ဒါပင်မဲ့ စိတ်သွားတိုင်းတော့ကိုယ်မပါတော့ဘူးပေါ့…အသက်အရွယ်ကသိပ်ကိုစကားပြောတယ်ဆိုတာ မမေ့ပါနဲ့။
(၄) ကိုယ်သဘောမကျတဲ့ Carrier ကိုရွေးချယ်ခဲ့တာ
ကိုယ်သဘောမကျတဲ့ အလုပ်ကို စတင်လုပ်ကိုင်မိတယ်လို့ခံစားရရင် စဉ်းစားမနေပဲချက်ချင်းထွက်လိုက်ပါ။ ငယ်ရွယ်တဲ့အချိန်မှာ မှန်ကန်တဲ့ရွေးချယ်မှုကို ရွေးချယ်မှ သင့်ရဲ့ နောင်ရေးတစ်လျှောက် အဆင်ပြေစေမှာပါ။ အချိန်ကြာကြာ မလုပ်ချင်တဲ့အလုပ်ကို ကြိတ်မှိတ်လုပ်တာမျိုးမလုပ်ပါနဲ့။
(၅) ကိုယ်မဖြစ်ချင်တာတွေကို မဖြစ်ချင်ဖူးလို့ မငြင်းရဲခဲ့တာ
ကိုယ်မဖြစ်ချင်တာတွေကို မဖြစ်ချင်ဖူး မလုပ်ချင်ဘူးဆိုတာ ရဲရဲဝံ့ဝံ့ ငြင်းဆိုပါ။ ကိုယ်စိတ်မပါတဲ့အရာတွေကို ငြင်းဆန်ဖို့ အားမနာပါနဲ့။ သင့်ရဲ့ အားနာမှုက သင့်ရဲ့ဘဝကိုပိတ်သွားစေနိုင်ပါတယ်။ ဒါကြောင့်ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မှန်မှန်ကန်ကန်နဲ့ မဖြစ်ချင်တာကို မဖြစ်ချင်ဘူးလို့ ငြင်းရဲပါစေ။
(၆) ကိုယ့်အပေါ်မကောင်းတဲ့သူကို စွန့်ပစ်ဖို့ခဲယဉ်းခဲ့တာ
ကိုယ့်အပေါ်မကောင်းတဲ့ လက်တွဲဖော်ကို အချိန်ဆွဲမနေပဲ လက်လွှတ်လိုက်ပါ။ သင့်ရဲ့စွဲလမ်းစိတ်နဲ့ အတ္တစိတ်ကြောင့် သင့်အပေါ်မကောင်းတဲ့သူနဲ့ သင့်တစ်ဘဝလုံးပင်ပန်းနေပါလိမ့်မယ်။
(၇) သင့်မိဘတွေကို အချိန်မပေးနိုင်ခဲ့တာ
သင့်မိဘတွေကို အချိန်မပေးနိုင်ခဲ့တာ ဟာ နောင်တရရုံတင်မကပဲ စိတ်တော်တော်မကောင်းဖြစ်စေမဲ့အရာပါ။ သင့်မှာ မအားမလပ်တဲ့အလုပ်ကိစ္စတွေ မိသားစုအရေးတွေနဲ့တိုင်ပတ်နေရင်တောင်မိသားစုနဲ့မိဘအပေါ်အချိန်ပေးဖို့မမေ့ပါနဲ့။
နောင်တဆိုတာ နောင်မှရတဲ့ ကိစ္စပါ…အချိန်လွန်မှရမဲ့ နောင်တကသိပ်ကိုခါးသီးလွန်းတာမလို့ ဒီနောင်တတွေကို အခုလိုကြိုသိရချိန် အချိန်မလွန်ခင်မှာ လုပ်ဖြစ်အောင်လုပ်မိပါစေ…
394 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.