သင့်ဖုန်းဒီလိုအရာတွေကဖျက်စီးပစ်နေတယ်ဆိုတာသင်သိပါသလား…

အခုခေတ်မှာလူတိုင်းအတွက်ဖုန်းဆိုတာ မရှိမဖြစ်အရာတစ်ခုပါပဲ။ လူတိုင်းအတွက်သွားလေရာသယ်သွားတဲ့သူငယ်ချင်းလို့ဆိုလည်းရပါတယ်။ ဒီလိုကိုယ့်အတွက်တန်ဖိုးရှိတဲ့ဖုန်းကို လွယ်လွယ်လေးမပျက်စီးစေဖို့ အတွက် ဘယ်လိုအရာတွေကို ရှောင်လိုရာရှောင်ရှားလိုရာ ရှားသင့်သလဲဆိုတာ…

(၁) ကိုယ့်ဖုန်းနဲ့မနိုင်တဲ့ App တွေကို မဒေါင်းပါနဲ့

ကိုယ့်ဖုန်းနဲ့မနိုင်တဲ့ Software တွေ ဖုန်းကို Virus ၀င်စေပြီး Firmware ကျစေမဲ့ Software မျိုးတွေကို သတိထားပြီးရှောင်ရှားသင့်ပါတယ်။

(၂) ဖုန်းအတွင်းပိုင်းကို သန့်ရှင်းရေးမကြာခဏလုပ်ပေးသင့်ပါတယ်

ဖုန်းရဲ့အတွင်းပိုင်းကို ဖြုတ်ပြီး သန့်ရှင်းရေးလုပ်ဖို့လူတိုင်းကမေ့နေတတ်ကြပါတယ်။ မမေ့ပါနဲ့ ဒါကလုပ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ ဖုန်းရဲ့အတွင်းပိုင်းစက်ပစ္စည်းတွေကိုဖြုတ်ပြီး သန့်စင်ခြင်းကသင့်ဖုန်းကို ကျန်းမာအောင်လုပ်ဆောင်ပေးခြင်းနဲ့အတူတူပါပဲ။

(၃) ဖုန်းကိုကာဗာမပါပဲအိတ်ကပ်ထဲထည့်တာမျိုး

ဖုန်းကို ကာဗာမပါပဲ အိတ်ထဲထည့်သွားခြင်းဟာ သိပ်ကို ဆိုးဝါးလွနုးတဲ့အလုပ်ပါ။ အိတ်ထဲမှာပါတဲ့ ပစ္စည်းအစုံနဲ့မှန်မကပ်ထား ကာဗာမစွပ်ထားနဲ့ဖုန်းနဲကတွေ့ထိမိတဲ့အခါမှာတော့ ပွန်းရာခြစ်ရာတွေဖြစ်လာနိုင်စေပါတယ်။

(၄) Original Battery ကိုမသုံးပဲအပေါစားနဲ့သုံးစွဲတာမျိုး

Phone တစ်ခုအတွက် Battery ဆိုတာအရေးပါဆုံးအစိတ်အပိုင်းပါပဲ။ ဖုန်း Battery ကို Original ပဲသုံးတာကောင်းပါတယ်။ ဒီလိုမှမဟုတ်ပဲ ဈေးပေါတာရွေးဝယ်ပြီးသုံးမယ်ဆိုရင်တော့ရေရှည်မှာ အန္တရာယ်တွေများလာနိုင်ပြီးဖုန်းလည်းပျက်စီးစေနိုင်ပါတယ်။

(၅) ဖုန်းနဲ့အပူကိုတိုက်ရိုက်တွေ့ထိခြင်းကိုရှောင်ပါ

ဖုန်းကို ပူလွန်းတဲ့နေရာမျိုး၊ နေရောင်ခြည်အရမ်းထိုးတဲ့နေရာမျိုးမှာ အပူနဲ့ဖုန်းမျက်နှာပြင်ကိုတိုက်ရိုက်ထိတွေ့ပြီးထားတာမျိုးကိုရှောင်ရှားသင့်ပါတယ်။

 

626 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.