သူမရဲ့ဖယောင်းရုပ်ထုနဲ့အတူ စင်ကာပူမှာတွေ့ရတဲ့ Anushka Sharma

အိန္ဒိယရဲ့နာမည်ကြီး မင်းသမီးဖြစ်တဲ့ Anushka Sharma ရဲ့ပထမဆုံး ဖယောင်းရုပ်ထုဟာ စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၉ရက်နေ့ကပဲ ပြသခဲ့ပါတယ်။ ဘောလိဝုဒ်စတားတွေဖြစ်တဲ့  Shah Rukh Khan, Amitabh Bachchan တို့ရဲ့ရုပ်ထုနဲ့အတူ Anushka Sharma ရဲ့ရုပ်ထုကိုလည်း ပရိတ်သတ်တွေကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

Anushka's wax double will reportedly talk!

ရုပ်ထုဟာ တကယ်အစစ်တိုင်းပါပဲ။ စစခြင်း ဖြတ်ခနဲကြည့်လိုက်မယ်ဆိုရင် Anushka Sharma နှစ်ကိုယ်ကွဲများလားလို့တောင် အံ့သြရပါတယ်။ တကယ်ကို လူတစ်ယောက်အတိုင်းပဲ။ ရုပ်ထုဟာ ဆယ်ဖီလ်ဆွဲနေတဲ့ ပုံစံလုပ်ထားပြီး အလည်ပတ်ရောက်ရှိလာတဲ့ ပရိတ်သတ်တွေနဲ့အတူ ဓာတ်ပုံရိုက်လို့ရအောင် ဒီလိုအနေထားလေးနဲ့ ဖယောင်းရုပ်ထုကိုလုပ်ထားတာဖြစ်ပါတယ်။

ကမ္ဘာ့တစ်ဝှမ်းကို အလွှမ်းမိုးနိုင်ဆုံး အနုပညာရှင်အဖြစ် ဂုဏ်ပြုတဲ့အနေနဲ့ Anushka Sharma ရဲ့ဖယောင်းရုပ်ထုကို အခုလိုဖန်တီးခဲ့တာဖြစ်ပါတယ်။ စင်ကာပူမှာတင်ဆိုတော့ Anushka Sharma ကို အပြင်မှာကိုယ်တိုင်တွေ့ရသလို ခံစားရစေမှာဖြစ်လို့ ပရိတ်သတ်တွေလည်း ဝမ်းသာလိမ့်မယ် ထင်ပါတယ်။

သူမရဲ့ရုပ်ထုကိုမြင်ပြီး ပျော်ရွှင်နေတဲ့ မင်းသမီး Anushka Sharma ကတော့ အနက်ရောင်ဝမ်းဆက်လေးနဲ့ လှနေရော။ပုံလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။

Two-Two Anushkas

sdvk19u

That moment of disbelief

Anushka's will be the first talking wax figure at Madame Tussauds Singapore

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.