Solo သီချင်းထဲက Jennie ဝတ်ထားတဲ့ အကျီ င်္တန်ဖိုးတွေဟာဆိုရင်တော့ဖြင့်

Blackpink အဖွဲ့ဝင် Jennie ရဲ့မကြာခင်ကထွက်ရှိထားတဲ့ ”Solo” သီချင်းလေးကို နားထောင်ပြီးကြပြီလား? အရမ်းမိုက်တဲ့ သံစဉ်တွေနဲ့အတူ စီးမြောရင်း Jennie ရဲ့ဖက်ရှင်လေးကိုလည်း ပရိတ်သတ်တွေ သဘောကျနေမယ်ထင်ပါတယ်။ သီချင်းဗီဒီယိုထဲမှာပါတဲ့ ဖက်ရှင်တွေနဲ့အတူ ဝတ်စုံတစ်ထည်ချင်းစီရဲ့ တန်ဖိုးကို တီးခေါက်လိုက်တဲ့အခါ…

Image result for Here’s How Much It Costs To Dress Like Jennie In “Solo”

RODARTE – Sequin & Lace Floral Appliqué Bustier Top

red top jennie

အနီနဲ့ အနက်ရောစပ်ထားတဲ့ Bustier Top လေးကတော့ Jennie ခန္ဓာကိုယ်လေးမှာ ပိုပေါ်လွင်နေပြီး သူ့ရဲ့ဈေးကတော့ ဒေါ်လာ ၁၇၇၅ ရှိပါတယ်တဲ့။

RICHARD QUINN – Floral Print Off The Shoulder Dress

carosel

ဒီ floral dressလေးကတော့Jennie ကို အနှိုင်းမဲ့လှနေအောင် မြူစားနေသလိုပါပဲ။ ဒီဝတ်စုံရဲ့
ဈေးနှုန်းကတော့ အပြင်မှာအမျိုးမျိုးပျံနေပါတယ်။ သိရသလောက်တော့ ဒေါ်လာ ၁၈၄၆ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

SELF PORTRAIT – Sequined Azalea Dress

pool dress

ဒီအပြာရောင် ဂါဝန်လေးကတော့ မိန်းကလေးတွေကြားထဲမှာ တော်တော်ရေပန်းစားနေပါတယ်။ သူမထိုင်နေတဲ့ ရေကူးကန်နဲ့ ဝတ်စုံလေးက ထင်ဟပ်သလိုဖြစ်သွားတော့ ပိုပြီးပေါ်လွင်သွားတယ်။ သူကတော့ ဒေါ်လာ ၄၆၂ ဝန်းကျင်ရှိပါတယ်။

Philosophy Di Lorenzo — Serafini Ruffled Halterneck Dress

di lorenze

Jennie ရဲ့ ruffled dress ကတော့ ဒေါ်လာ ၉၅ဝရှိပါတယ်။

ASHISH – Tinsel Sequin Embellished Silk Georgette dress

sparkly dress

သိပ်လှတဲ့ ရောင်စုံ Silk Georgette dress ကတော့ တစ်ချို့ ပရိတ်သတ်တွေဆို ကြိုက်လွန်းလို့ အမေးများနေတဲ့ ဝတ်စုံပါ။ သူက ၁၆၅၅ ဒေါ်လာရှိပါတယ်။

GUCCI – Yankees Crystal-Embellished Leather Biker Jacket

leather jacket

Jennie အကြိုက်ဆုံး Gucci ရဲ့ biker jacket ဈေးက ဒေါ်လာ ၉ဝဝဝ ရှိပါတယ်တဲ့။

Burberry – Motiff Intarsia Wool Cashmere-blend Sweater

sweater

အေးတဲ့ရာသီလေးနဲ့ ဒီလို ဆွယ်တာလေး ဝတ်လိုက်ရရင်တော့ သိပ်ကိုစတိုင်ကျသွားမှာ အသေချာပါ။ဒီ cozy ဆွယ်တာလေးက ၁၃၅ဝဒေါ်လာ ရှိပါတယ်။

Off-White c/o Virgil Abloh — Floral Mesh Dress

teaser dress

Solo ရဲ့ Teaser ထွက်တုန်းက ပရိတ်သတ်တွေကြား နာမည်ကြီးသွားတဲ့ Floral Mesh Dress လေးကတော့ တော်တော်လှပါတယ်။ အရောင်သွေးစပ်ပုံနဲ့ ချုပ်ထားတဲ့ ဒီဇိုင်းပုံစံက မိန်းကလေးတွေမျက်လုံးကို ကျစေတယ်။ သူ့ကို Mytheresa ဆိုတဲ့ luxury brand online store မှာ ဝယ်ယူလို့ရပါတယ်။ ဈေးကတော့ €8.648 ($9,845 USD) ပါ။

Daisy — Tulle Symphony Dress

laundry

Daisy — Broderie Day Dress

alleyway

ဒီဝတ်စုံနှစ်ထည်ဟာလည်း မိန်းကလေးများ အကြိုက်တွေ့နေရတဲ့ ဒီဇိုင်းလေးပါပဲ။ Symphony Dress က ဒေါ်လာ ၃၉၅ဖြစ်ပြီး Broderie Day Dress ကလည်း ဈေးအတူတူပါပဲတဲ့။

Preen By Thornton Bregazzi — Ted Edie Asymmetrical Dress

red dress

အနီရောင်လေးနဲ့ အသက်ရှုမှားအောင်လှတဲ့ Jennie ရဲ့Asymmetrical Dress ကတော့ ဒေါ်လာ ၁၄၃၅ရှိပါတယ်။ solo သီချင်းမှာ ၀တ်ဆင်ခဲ့တဲ့ စုစုပေါင်း ၀တ်စုံက ၂၂ထည်ပါတဲ့။ အခုတော့ ၁၁ထည်ဈေးနှုန်းကိုပဲ ဖော်ပြပေးလိုက်ပါတယ်။  သီချင်းပြန်လည်နားဆင်လိုသူများအတွက် ဗီဒီယိုလေးဖော်ပြပေးလိုက်တယ်နော်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.