၂၀၁၈ ကသူမအတွက် ခက်ခဲကြမ်းတမ်းခဲ့တဲ့နှစ်ပါလို့ ပြောပြလာတဲ့ Shin Min Ah

နာမည်ကျော်တောင်ကိုရီးယားမင်းသမီးချောလေး Shin Min Ah ဟာ သိပ်မကြာသေးခင်က Marie Claire magazine အတွက်ဓာတ်ပုံရိုက်ကူးပေးရင်းအင်တာဗျူးဖြေကြားခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလမဂ္ဂဇင်းမျက်နှာဖုံးအဖြစ်သူမရဲ့ အမိုက်စားပုံရိပ်တွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

အင်တာဗျူးဖြေကြားတဲ့အခါမှာတော့ သူမဒီ ၂၀၁၈ အတွင်းကြုံခဲ့ရတဲ့အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ “ဒီနှစ်က ကျွန်မအတွက် မေ့မရနိုင်တဲ့ခရီးတစ်ခုကိုလျှောက်ခဲ့ရသလိုပါပဲ။ကျွန်မအလုပ်အပေါ်ကိုပဲအာရုံစိုက်ခဲ့ပေမဲ့ လွယ်လွယ်ကူကူတော့ဖြတ်သန်းခဲ့ရတာမဟုတ်ပါဘူး။အလုပ်လုပ်ရတာအဆင်ပြေတယ်။ပျော်ရွှင်ရတယ်လို့ ပြည့်ပြည့်၀၀မဖော်ပြနိုင်တဲ့စိတ်ခံစားချက်ဖြစ်ခဲ့ပါတယ်။ဒီနှစ်အတွင်း ခက်ခဲခဲ့တဲ့အချိန်တွေအများကြီးရှိခဲ့တာပါ”လို့ပြောပြခဲ့ပါတယ်။

၂၀၁၉ အတွက်ဘယ်လိုမျှော်လင့်ထားလဲမေးမြန်းကြည့်တဲ့အခါမှာ Shin Min Ah က “ဘာတွေပဲဖြစ်ဖြစ် ကျွန်မဘ၀အတွက် ကြည်နူးစရာ၊စိတ်လှုပ်ရှားစရာတွေကိုပဲ ကျွန်မရှာဖွေချင်ပါတယ်။အဲ့ဒါမှ ကျွန်မပျော်ရွှင်နိုင်မှာပါ”လို့ပြောခဲ့ပါတယ်။

Shin Minn Ah ဟာ အခုလက်ရှိမှာ လေးနှစ်အတွင်းသူမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် “Diva” ဇာတ်ကားမှာပါဝင်ထားပါတယ်။သူမရဲ့ချစ်သူ မင်းသားချော Kim Woo Bin ကတော့ ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး သူမအနေနဲ့ ဒီနှစ်အတွင်းစိတ်ပင်ပန်းရတဲ့အကြောင်းတွေထဲမှာ ချစ်သူနေမကောင်းတာကြောင့်လည်းပါဝင်နေမှာသေချာပါတယ်။

ဒါပေမဲ့သူမကတော့ အလုပ်အပေါ်မှာပဲအာရုံစူးစိုက်နစ်မြှုပ်ထားသလို ချစ်သူရဲ့ အနားမှာလည်းအမြဲရှိနေပေးတဲ့ချစ်သူကောင်းတစ်ယောက်ဖြစ်လို့ ပရိသတ်တွေက သူမကို Kim Woo Bin အစားကျေးဇူးတင်ကာချစ်ခင်စကားတွေပြောထားကြောင်းလည်းသိရပါတယ်။ပရိသတ်တွေနဲ့အလှမ်းဝေးနေသလိုဖြစ်တဲ့မင်းသမီးချောရဲ့ မဂ္ဂဇင်းပုံရိပ်တွေကို ကြည့်ရှုနိုင်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Unicode






1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.