သမီးလေး Stormi စကားစပြောတာကြည့်ပြီး ကြည်နူးနေတဲ့ Kylie Jenner





Unicode

နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်မလေး Kylie Jenner ရဲ ့ သမီးလေး Stormi Webster ဟာ အခုဆိုရင် ၉လအရွယ်ရှိနေပါပြီ။

Kylie ဟာ သမီးလေးတဖြည်းဖြည်းအရွယ်ရောက်လာတဲ့ပုံလေးတွေ၊ဗီဒီယိုလေးတွေကိုအင်စတာဂရမ်၊တွစ်တာတွေမှာတင်ပေးလေ့ရှိတာသူမရဲ ့ပရိသတ်တွေသိပြီးသားပါ။မကြာသေးခင်ရက်ပိုင်းကလည်း အင်စတာဂရမ်မှာသမီးလေး Webster စကားပြောတဲ့ဗီဒီယိုလေးကိုပြန်ပြီးတင်ပေးခဲ့ပါတယ်။

ဒါက ပထမဆုံးအကြိမ် Stormi လေး စကားစပြောထားတာလည်းဖြစ်ပါတယ်။ဗီဒီယိုထဲမှာ Kylie က သူမရဲ့အလှကုန်ပစ္စည်းလေးတွေကိုပေးထားပြီး Stormi လေးကို Kylie Cosmetics လို့သင်ပေးနေတာတွေ့ရပါတယ်။ဒါပေမဲ့ Stormi လေးက ခုမှစကားစပြောတတ်ခါစဆိုတော့ လိုက်ပြောဖို့ကြိုးစားပေမဲ့ နောက်ဆုံးတော့ Da Da ဆိုတဲ့စကားသံလေးပဲထွက်လာခဲ့ပါတယ်။အဲ့ဒီချစ်စရာဗီဒီယိုလေးဟာ Like ၆သန်းရှိပြီး Comment ၁သိန်းတောင်ရှိနေပါတယ်။

Stormi လေးရဲ ့အဖေ Travis Scott ကလည်း ပြန်ရှယ်ထားတာမြင်တွေ့ရပါတယ်။တဖြည်းဖြည်းလေးနဲ့ Stormi Webster လေးက ပိုပြီးချစ်ဖို့ကောင်းလာတာပါပဲ။စကားစပြောထားတဲ့ဗီဒိယိုလေး ကြည့်လိုက်ပါဦး

404 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.