ဒါေလးေတြသိထားရင္ ေရကူးလုိ႔အသားအရည္ပ်က္စီးမွာ စိတ္ပူစရာမလုိေတာ့…

ေရကူးရတာကုိၾကိဳက္ႏွစ္သက္ျပီးမၾကာခဏလည္းေရကူးတတ္သူ၊အသားအရည္မပ်က္စီးေအာင္ဘယ္လုိစနစ္တက်ထိန္းသိမ္းရမလဲမသိေသးတဲ႔သူေတြအတြက္ အသားအရည္ထိန္းသိမ္းမႈဆုိင္ရာအခ်က္ေလးေတြ ျပန္ျပီးမ်ွေ၀ေပးခ်င္ပါတယ္။

ပထမဆံုးအေနနဲ႔ေျပာခ်င္တာကေတာ့ ေရကူးတာက သံသယ၀င္စရာမလိုေလာက္ေအာင္ ေကာင္းမြန္တဲ႔ေလ့က်င့္ခန္း၊အားကစားတစ္မ်ိဳးပါ။ဒါေပမဲ႔ ေရကူးတဲ႔အတြက္ ကုိယ့္အသားအရည္မွာဘယ္လိုေတြထိခိုက္ႏုိင္လဲသိထားဖုိ႔လိုပါတယ္။မၾကာခဏေရကူးတတ္သူဆုိရင္
*အသားအရည္ေျခာက္ေသြ႔လာမယ္
*ေျခာက္ေသြ႔မႈနဲ႔ပရုိတင္းဓာတ္ပ်က္စီးမႈေၾကာင့္ အိုမင္းရင့္ေရာ္မႈျမန္ဆန္လာမယ္
*pH Balance မညီမ်ွမႈေၾကာင့္ ယားယံမႈေတြ၊ပြန္းပဲ႔မႈေတြျဖစ္လာမယ္
*အဆီပုိေတြနဲ႔ေခြ်းေပါက္ပိတ္ဆို႔မႈျဖစ္တာေၾကာင့္၀က္ျခံေတြပုိျဖစ္လာမယ္
*ေနေရာင္ျခည္ေၾကာင့္ အသားအရည္ဆဲလ္ျပဳျပင္မႈေတြအားနည္းလာမယ္
ဒါေတြကေတာ့ ေရကူးမယ္ဆုိရင္ ရလာႏုိင္တဲ႔အက်ိဳးဆက္ေတြေပါ့။

ဒါေပမဲ႔ ဒီအခ်က္ေလးေတြသိထားမယ္ဆုိရင္ အသားအရည္ပ်က္စီးမႈဒဏ္ကုိ သူမ်ားေတြ ၂ဆေလာက္ခံစားရခ်ိန္ ကုိယ္က ၁ဆေလာက္ပဲၾကံဳရမွာပါ။အလြယ္တကူမပ်က္စီးေတာ့ဘူးေပါ့။ဘယ္လိုကာကြယ္ရမလဲ??

*Waterproof sunscreen သံုးပါ
ေနေရာင္ျခည္ဒဏ္ကာကြယ္ေပးတဲ႔ခရင္မ္သံုးတာက အသားအရည္ပ်က္စီးမႈကိုအထုိက္အေလ်ာက္ကာကြယ္ေပးျပီးအသားအရည္ေျခာက္ေသြ႔မႈမျဖစ္ေစပါဘူး။ပံုမွန္ေရကူးသူဆုိရင္ ဒီလုိခရင္မ္အျမဲသံုးေပးမွ အုိမင္းရင့္ေရာ္မႈေႏွးေကြးေစမွာပါ။ေရမကူးခင္ ၁၅မိနစ္ေလာက္အခိ်န္ယူျပီး အသားထဲထိ
စိမ့္၀င္ေအာင္ ခရင္မ္လိမ္းေပးပါ။

*ေရျမန္ျမန္ခ်ိဳးလိုက္ပါ
ေရမကူးခင္ေရခ်ိဳးပါဆုိေတာ့ထူးဆန္းသြားလား?ဟုတ္ပါတယ္ ေရကူးကန္ထဲမဆင္းခင္ ေရျမန္ျမန္ေလးခ်ိဳးလိုက္တာက အသားအရည္ဆဲလ္ေတြရဲ႔အစုိဓာတ္ကို ပိုထိန္းသိမ္းေပးႏုိင္ျပီး ေနေလာင္ခံခရင္မ္လိမ္းထားတဲ႔အေပၚမွာပါ ပုိျပီးအက်ိဳးသက္ေရာက္မႈသြားရွိေစပါတယ္။ေရကူးကန္ကေရေၾကာင့္
အသားအရည္ယားယံတာေတြလည္းမျဖစ္ေစေတာ့ပါဘူးတဲ႔။

*ထပ္ခါထပ္ခါ ေရဓာတ္ျဖည့္ပါ
အသားအရည္နဲ႔ပတ္သက္ျပီးအေကာင္းဆံုးက ေရမ်ားမ်ားေသာက္ဖုိ႔ပါပဲ။ဒါကုိအားလံုးလည္းသိျပီးသားျဖစ္မွာပါ။ေရမကူးခင္ ေရမ်ားမ်ားေသာက္ေပးတာက ေရဓာတ္ထိန္းေပးလုိ႔အသားအရည္နဲ႔ပတ္သက္ျပီး ကာကြယ္ျပီးသားျဖစ္ေစပါတယ္။ေရကူးလုိက္တဲ႔အခါမွာ ဒီအစုိဓာတ္၊ေရဓာတ္က ေျခာက္ေသြ႔သြားမွာျဖစ္လုိ႔ ကုန္ဆံုးသြားတဲ႔ေရဓာတ္အတြက္ ေရမ်ားမ်ားျပန္ေသာက္ေပးဖုိ႔လိုပါတယ္။

*ေရကူးျပီးတဲ႔အခါ ေရေႏြးေႏြးေလးနဲ႔ခိ်ဳးပါ
အလုပ္ေတြရႈပ္လုိက္တာဆုိတာထက္ကုိ ကုိယ္ကမၾကာခဏေရကူးေနသူဆုိရင္ပုိျပီးေတာင္သတိထားဖုိ႔လိုပါတယ္။သတိမထားလိုက္တာနဲ႔ အသားအရည္ကထိန္းလို႔မရေအာင္ပ်က္စီးသြားႏုိင္ပါတယ္။ေရကူးျပီးတဲ႔အခါ ေရခပ္ေႏြးေႏြးေလးနဲ႔ေရခ်ိဳးေပးပါ။ဒါက ေခြ်းေပါက္ေတြကုိပြင့္ေစလုိ႔ အသားအရည္အတြင္းပုိင္းထိသန္႔စင္ေပးပါတယ္။Anti-chlorine soap နဲ႔ ခႏၶာကုိယ္ကုိသန္႔စင္ပါ။ေခါင္းလည္းေသခ်ာေလ်ွာ္ပါ။ျပီးရင္ ေရေအးနဲ႔ျပန္လည္ခ်ိဳးေပးျပီး ေခြ်းေပါက္ေတြကုိ ျပန္ျပီးတင္းရင္းေစပါ။ဒီလုိလုပ္ေပးတာက အသားအရည္အစုိဓာတ္မဆံုးရွံဳးေအာင္ထိန္းသိမ္းေပးပါတယ္။

*အျမဲတမ္း အစုိဓာတ္ထိန္းခရင္မ္လိမ္းပါ
ေရမကူးတဲ႔လူေတြေတာင္ အျမဲတမ္းဒီခရင္မ္ေတြလိမ္းေနရတာပါ။ေရကူးတဲ႔သူဆုိရင္ မနက္တစ္ၾကိမ္ ညတစ္ၾကိမ္ေရခ်ိဳးျပီးတုိင္း လိမ္းေပးသင့္ပါတယ္။အဲ႔ဒါမွ အသားအရည္ပ်က္စီးမႈ၊ေျခာက္ေသြ႔မႈမျဖစ္ပဲ အစုိဓာတ္ထိန္းေပးမွာပါ။ဒီလုိခရင္မ္လိမ္းတဲ႔အခါမွာလည္း ကုိယ္နဲ႔တကယ္ကုိက္ျပီး ကုိယ့္အတြက္တကယ္ထိေရာက္မႈရွိတဲ႔အစုိဓာတ္ထိန္းခရမ္ကုိေရြးခ်ယ္၀ယ္ယူဖုိ႔မေမ့ပါနဲ႔

*ေရကူး၀တ္စံုကိုအျမဲဂရုစုိက္ပါ
ေရကူး၀တ္စံုကုိေသခ်ာသန္႔စင္ေအာင္ေလ်ွာ္ဖြပ္ေပးတာကအသားအရည္ထိန္းသိမ္းတာနဲ႔အတူတူပါပဲ။ေရကူးတဲ႔အခါမွာ ကလုိရင္းဓာတ္ေတြေၾကာင့္ေရကူး၀တ္စံုကုိထိခိုက္ပ်က္စီးေစပါတယ္။အဲ႔ဒါေၾကာင့္ ေရကူး၀တ္စံုကုိေလ်ွာ္ဖြပ္ေတာ့မယ္ဆုိရင္ ရွာလကာရည္စားပြဲတင္ဇြန္းတစ္ဇြန္းစာေလာက္
ထည့္ျပီးေလ်ွာ္ေပးပါ။အဲ႔ဒါက ကလိုရင္းနံ႔ကုိေပ်ာက္ေစျပီး အေရာင္လည္းမလြင့္ေစပါဘူး။

*Herbal Tea ေသာက္ပါ
Herbal Tea ကုိမနက္တုိင္းေသာက္ေပးမယ္ဆုိရင္ အသားအရည္နဲ႔ပတ္သက္ျပီးေကာင္းမြန္ေစပါတယ္။ဒီလက္ဖက္ရည္ကုိပံုမွန္ေသာက္ေပးမယ္ဆုိရင္ အသားအရည္ဆဲလ္ေတြကုိ အေထာက္အကူျဖစ္ေစျပီး ပ်က္စီးသြားတဲ႔ဆဲလ္ေတြကုိပါ ျပန္လည္ျပဳျပင္ေပးႏုိင္ပါတယ္။ဒါေၾကာင့္ ကုိယ့္အသားအရည္ေလးမပ်က္စီးခ်င္ဘူး။အျမဲထိန္းသိမ္းခ်င္တယ္ဆုိရင္ မနက္ပုိင္းမွာ Green Tea ျဖစ္ေစ Moringa Tea ျဖစ္ေစ ေသာက္ေပးပါလို႔အၾကံျပဳလိုက္ပါတယ္။

Unicode

ရေကူးရတာကိုကြိုက်နှစ်သက်ပြီးမကြာခဏလည်းရေကူးတတ်သူ၊အသားအရည်မပျက်စီးအောင်ဘယ်လိုစနစ်တကျထိန်းသိမ်းရမလဲမသိသေးတဲ့သူတွေအတွက် အသားအရည်ထိန်းသိမ်းမှုဆိုင်ရာအချက်လေးတွေ ပြန်ပြီးမျှဝေပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ပြောချင်တာကတော့ ရေကူးတာက သံသယဝင်စရာမလိုလောက်အောင် ကောင်းမွန်တဲ့လေ့ကျင့်ခန်း၊အားကစားတစ်မျိုးပါ။ဒါပေမဲ့ ရေကူးတဲ့အတွက် ကိုယ့်အသားအရည်မှာဘယ်လိုတွေထိခိုက်နိုင်လဲသိထားဖို့လိုပါတယ်။မကြာခဏရေကူးတတ်သူဆိုရင်
*အသားအရည်ခြောက်သွေ့လာမယ်
*ခြောက်သွေ့မှုနဲ့ပရိုတင်းဓာတ်ပျက်စီးမှုကြောင့် အိုမင်းရင့်ရော်မှုမြန်ဆန်လာမယ်
*pH Balance မညီမျှမှုကြောင့် ယားယံမှုတွေ၊ပွန်းပဲ့မှုတွေဖြစ်လာမယ်
*အဆီပိုတွေနဲ့ချွေးပေါက်ပိတ်ဆို့မှုဖြစ်တာကြောင့်ဝက်ခြံတွေပိုဖြစ်လာမယ်
*နေရောင်ခြည်ကြောင့် အသားအရည်ဆဲလ်ပြုပြင်မှုတွေအားနည်းလာမယ်
ဒါတွေကတော့ ရေကူးမယ်ဆိုရင် ရလာနိုင်တဲ့အကျိုးဆက်တွေပေါ့။

ဒါပေမဲ့ ဒီအချက်လေးတွေသိထားမယ်ဆိုရင် အသားအရည်ပျက်စီးမှုဒဏ်ကို သူများတွေ ၂ဆလောက်ခံစားရချိန် ကိုယ်က ၁ဆလောက်ပဲကြုံရမှာပါ။အလွယ်တကူမပျက်စီးတော့ဘူးပေါ့။ဘယ်လိုကာကွယ်ရမလဲ??

*Waterproof sunscreen သုံးပါ
နေရောင်ခြည်ဒဏ်ကာကွယ်ပေးတဲ့ခရင်မ်သုံးတာက အသားအရည်ပျက်စီးမှုကိုအထိုက်အလျောက်ကာကွယ်ပေးပြီးအသားအရည်ခြောက်သွေ့မှုမဖြစ်စေပါဘူး။ပုံမှန်ရေကူးသူဆိုရင် ဒီလိုခရင်မ်အမြဲသုံးပေးမှ အိုမင်းရင့်ရော်မှုနှေးကွေးစေမှာပါ။ရေမကူးခင် ၁၅မိနစ်လောက်အချိန်ယူပြီး အသားထဲထိ
စိမ့်ဝင်အောင် ခရင်မ်လိမ်းပေးပါ။

*ရေမြန်မြန်ချိုးလိုက်ပါ
ရေမကူးခင်ရေချိုးပါဆိုတော့ထူးဆန်းသွားလား?ဟုတ်ပါတယ် ရေကူးကန်ထဲမဆင်းခင် ရေမြန်မြန်လေးချိုးလိုက်တာက အသားအရည်ဆဲလ်တွေရဲ့အစိုဓာတ်ကို ပိုထိန်းသိမ်းပေးနိုင်ပြီး နေလောင်ခံခရင်မ်လိမ်းထားတဲ့အပေါ်မှာပါ ပိုပြီးအကျိုးသက်ရောက်မှုသွားရှိစေပါတယ်။ရေကူးကန်ကရေကြောင့်
အသားအရည်ယားယံတာတွေလည်းမဖြစ်စေတော့ပါဘူးတဲ့။

*ထပ်ခါထပ်ခါ ရေဓာတ်ဖြည့်ပါ
အသားအရည်နဲ့ပတ်သက်ပြီးအကောင်းဆုံးက ရေများများသောက်ဖို့ပါပဲ။ဒါကိုအားလုံးလည်းသိပြီးသားဖြစ်မှာပါ။ရေမကူးခင် ရေများများသောက်ပေးတာက ရေဓာတ်ထိန်းပေးလို့အသားအရည်နဲ့ပတ်သက်ပြီး ကာကွယ်ပြီးသားဖြစ်စေပါတယ်။ရေကူးလိုက်တဲ့အခါမှာ ဒီအစိုဓာတ်၊ရေဓာတ်က ခြောက်သွေ့သွားမှာဖြစ်လို့ ကုန်ဆုံးသွားတဲ့ရေဓာတ်အတွက် ရေများများပြန်သောက်ပေးဖို့လိုပါတယ်။

*ရေကူးပြီးတဲ့အခါ ရေနွေးနွေးလေးနဲ့ချိုးပါ
အလုပ်တွေရှုပ်လိုက်တာဆိုတာထက်ကို ကိုယ်ကမကြာခဏရေကူးနေသူဆိုရင်ပိုပြီးတောင်သတိထားဖို့လိုပါတယ်။သတိမထားလိုက်တာနဲ့ အသားအရည်ကထိန်းလို့မရအောင်ပျက်စီးသွားနိုင်ပါတယ်။ရေကူးပြီးတဲ့အခါ ရေခပ်နွေးနွေးလေးနဲ့ရေချိုးပေးပါ။ဒါက ချွေးပေါက်တွေကိုပွင့်စေလို့ အသားအရည်အတွင်းပိုင်းထိသန့်စင်ပေးပါတယ်။Anti-chlorine soap နဲ့ ခန္ဓာကိုယ်ကိုသန့်စင်ပါ။ခေါင်းလည်းသေချာလျှော်ပါ။ပြီးရင် ရေအေးနဲ့ပြန်လည်ချိုးပေးပြီး ချွေးပေါက်တွေကို ပြန်ပြီးတင်းရင်းစေပါ။ဒီလိုလုပ်ပေးတာက အသားအရည်အစိုဓာတ်မဆုံးရှုံးအောင်ထိန်းသိမ်းပေးပါတယ်။

*အမြဲတမ်း အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ
ရေမကူးတဲ့လူတွေတောင် အမြဲတမ်းဒီခရင်မ်တွေလိမ်းနေရတာပါ။ရေကူးတဲ့သူဆိုရင် မနက်တစ်ကြိမ် ညတစ်ကြိမ်ရေချိုးပြီးတိုင်း လိမ်းပေးသင့်ပါတယ်။အဲ့ဒါမှ အသားအရည်ပျက်စီးမှု၊ခြောက်သွေ့မှုမဖြစ်ပဲ အစိုဓာတ်ထိန်းပေးမှာပါ။ဒီလိုခရင်မ်လိမ်းတဲ့အခါမှာလည်း ကိုယ်နဲ့တကယ်ကိုက်ပြီး ကိုယ့်အတွက်တကယ်ထိရောက်မှုရှိတဲ့အစိုဓာတ်ထိန်းခရမ်ကိုရွေးချယ်ဝယ်ယူဖို့မမေ့ပါနဲ့

*ရေကူးဝတ်စုံကိုအမြဲဂရုစိုက်ပါ
ရေကူးဝတ်စုံကိုသေချာသန့်စင်အောင်လျှော်ဖွပ်ပေးတာကအသားအရည်ထိန်းသိမ်းတာနဲ့အတူတူပါပဲ။ရေကူးတဲ့အခါမှာ ကလိုရင်းဓာတ်တွေကြောင့်ရေကူးဝတ်စုံကိုထိခိုက်ပျက်စီးစေပါတယ်။အဲ့ဒါကြောင့် ရေကူးဝတ်စုံကိုလျှော်ဖွပ်တော့မယ်ဆိုရင် ရှာလကာရည်စားပွဲတင်ဇွန်းတစ်ဇွန်းစာလောက်
ထည့်ပြီးလျှော်ပေးပါ။အဲ့ဒါက ကလိုရင်းနံ့ကိုပျောက်စေပြီး အရောင်လည်းမလွင့်စေပါဘူး။

*Herbal Tea သောက်ပါ
Herbal Tea ကိုမနက်တိုင်းသောက်ပေးမယ်ဆိုရင် အသားအရည်နဲ့ပတ်သက်ပြီးကောင်းမွန်စေပါတယ်။ဒီလက်ဖက်ရည်ကိုပုံမှန်သောက်ပေးမယ်ဆိုရင် အသားအရည်ဆဲလ်တွေကို အထောက်အကူဖြစ်စေပြီး ပျက်စီးသွားတဲ့ဆဲလ်တွေကိုပါ ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ဒါကြောင့် ကိုယ့်အသားအရည်လေးမပျက်စီးချင်ဘူး။အမြဲထိန်းသိမ်းချင်တယ်ဆိုရင် မနက်ပိုင်းမှာ Green Tea ဖြစ်စေ Moringa Tea ဖြစ်စေ သောက်ပေးပါလို့အကြံပြုလိုက်ပါတယ်။

108 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.