တစ်ယောက်ယောက် ကိုယ့်ကိုမနာလိုဝန်တိုနေပြီလားဆိုတာ သိနိုင်မယ့်အချက်တွေ

အားလုံး မနာလိုဝန်တိုခြင်းကနေ မကင်းလွတ်နိုင်ပါဘူး။ ကိုယ့်ဘာသာနေနေလည်း နေရင်းထိုင်ရင်း
အခြားသူစိတ်ထဲမှာ ကိုယ်ဟာမနာလိုချင်စရာ၊ အမြင်ကပ်ချင်စရာကောင်းချင် ကောင်းနေပါလိမ့်မယ်။

သဝန်တိုတယ်ဆိုတာ အချစ်ခံရလို့ပဲဖြစ်တာများပါတယ်။ မနာလိုတာကတော့ သူတစ်ပါးလှတာ ၊ အောင်မြင်သွားတာကို မုဒိတာမပွားနိုင်ပဲ အတွင်းစိတ်ထဲမနာလိုဖြစ်တာမျိုးပါ။ ဒီခံစားချက်မှာ ကြောက်ရွံ့မှုတွေ ၊ စိုးရိမ်မှုတွေ၊ မနာလိုမှုတွေ ပြင်းထန်နေပါတယ်။

Image result for Someone Is Jealous Of You

သူတို့စိတ်ဟာ အမြဲတမ်းပူလောင်နေပါတယ်။ ဒီလိုလူမျိုးတွေဟာ မျက်နှာနှစ်မျိုးနဲ့မို့ သေချာသတိထားသင့်ပါတယ်။ နောက်ကွယ်မှာ မင်းရဲ့မဟုတ်မမှန်သတင်းတွေကို လျှောက်ပြောပြီး ဖွတတ်ပါသေးတယ်။ မင်းရှေ့မှာတော့ မင်းကိုသဘောကျဟန်ပြပြီး ချီးတွေမွှမ်း ။ နောက်ကွယ်ရောက်ရင် မကောင်းကြောင်းတွေလိုက်ပြောတော့တာပါပဲ။

Related image

ဒါတွေဟာ မင်းသူတို့ထက်အောင်မြင်နေလို့ ဒါမှမဟုတ် အရမ်းလှနေလို့လည်းဖြစ်မှာပါနော်။ အခြားလူတွေကို သင်ဟာ လူကောင်းတစ်ယောက်မဟုတ်ဘူး။ ဘယ်လိုအကျင့်တွေရှိတယ် မပေါင်းသင်းဖို့ ၊ မဆက်ဆံဖို့လာသိမ်းသွင်းမယ်။

သင့်အနေနဲ့ အားလုံးက ဒီလိုအပစ်ပယ်ခံရအောင်လုပ်နေပြီဆိုရင် ဂရုမစိုက်ပါနဲ့။ ကိုယ်လုပ်စရာရှိတာလုပ်ပါ။ သူတို့ကို လစ်လျုရှုလေ မင်းတက်လမ်းဟာ ပိုမြင့်လေပါပဲ။ အပင်မြင့်လေ လေတိုက်လေပေါ့။ ဒါကြောင့်ဘာပဲဖြစ်ဖြစ် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါ။ အသက်ကြီးလာတဲ့အခါ ဘယ်သူက ဘယ်လိုနေရာရောက်နေပြီဆိုတာ အချိန်ကပြောပြသွားပါလိမ့်မယ်။

300 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.