အရောင်းရဆုံး ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ Dumplin’

အမေရိကန် musical ဟာသရုပ်ရှင်ဖြစ်တဲ့ Dumplin’ ဇာတ်ကားဟာ ဒါရိုက်တာ Anne Fletcher ၊ ဇာတ်ညွန်း Kristin Hahn တို့က Juile Murphyရဲ့ နာမည်ကြီးဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

Image result for Dumplin' movie poster

ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်ကတော့ Jennifer Aniston နဲ့ Danielle Macdonald တို့က အဓိကဇာတ်ရုပ်တွေအဖြစ် ပါဝင်သွားမှာပါ။ ဒီဇင်ဘာ (၇)ရက်နေ့ဆို ထွက်ရှိတော့မယ်လို့ သိရပါတယ်။

Image result for Dumplin' movie

Willowdeanလို့ ခေါ်တဲ့ဝတုတ်မလေးဟာ သူမကိုယ်သူမအမြဲတမ်း ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ယုံကြည်မှုရှိရှိနေခဲ့တယ်။ သူမက ဝိတ်တွေမတရားတက်နေပေမယ့် အမေဖြစ်သူကတော့ မိန်းကလေးများအားကျရတဲ့အလှဘုရင်မတစ်ယောက်ပါ။ သူမအမေက သိပ်လှပါတယ်။ ဒါပေမယ့် သမီးဖြစ်သူကျမှ ဒီလိုဝတုတ်လေးဖြစ်နေတော့ လူတွေကဝိုင်းပြောကြတယ်။

Image result for Dumplin' movie poster

တစ်နေ့ Boဆိုတဲ့ သက်တူရွယ်တူကောင်လေးတစ်ယောက်ကိုတွေ့တဲ့အချိန်မှာ ပြောင်းလဲသွားခဲ့တယ်။ သူတို့ဒိတ်ဖို့ အကြောင်းဖန်လာခဲ့ပေမယ့် ရုတ်တရက် ပတ်ဝန်းကျင်က ဝိုင်းေ​ဝဖန်မှာကို သူမစိုးရိမ်စပြုလာပါတယ်။ ဘေးစကားတွေကြောင့် သူမကိုယ်သူမ ယုံကြည်မှုတွေပျက်လာသလို ကောင်လေးက မကြိုက်တော့မှာလည်း ကြောက်လာတယ်။ နောက်ဆုံးမှာ ဒီစိတ်ကြီးကိုရအောင်ဖြေဖျောက်ပြီး Miss Teen Blue Bonnet Pageant ကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အားလုံးက သူမဒီပွဲကိုဝင်နိုင်ဖို့ မလွယ်ဘူးထင်ထားခဲ့ပေမယ့် ဇာတ်သိမ်းမှာဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်နော်။

52 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.