Kissing Skill နဲ့ ပရိတ်သတ်တွေကို ရင်တလှပ်လှပ်ဖြစ်စေခဲ့တဲ့ မင်းသားချောများ

ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ ထိုးဖောက်အောင်မြင်မှုတွေကတော့ တကယ့်ကို အံ့မခန်းပါပဲ။ သူတို့ရဲ့ဇာတ်အိမ်ဖွဲ့စည်းပုံ ၊ အနုပညာရှင်များရဲ့သရုပ်ဆောင်ချက် စသဖြင့်အားလုံးဟာ ပြည့်စုံလွန်းနေပြီး အချစ်၊ အလွမ်း ၊ အဆွေး ၊ ရယ်ရွှင်စရာဟာသလေးတွေ အားလုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။

မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ဒီကြားထဲ မင်းသားလေးတွေက ချောလေတော့ ပျိုမဒီတို့ရင်ခုန်ရပြန်တယ်။ ဇာတ်လမ်းတိုင်းမှာတော့ kissing scenes တွေပါပါတယ်။ ဒါပေမယ့် kissing scenes တွေကြည့်တိုင်း စကေးကောင်းကောင်းနဲ့ ကြည့်ရှုသူအာရုံကို ဆွဲဆောင်ထားနိုင်တဲ့ မင်းသားတွေကတော့…

Gong Yoo


တောင်ကိုရီးယားရဲ့ နာမည်ကြီးမင်းသား Gong Yoo ကတော့ ”Goblin” ဇာတ်ကားမှာ မင်းသမီးနဲ့ kissing scenes မှာ ဘယ်လိုတောင် ပရိတ်သတ်တွေရဲ့အသည်းယားမှုကို ဖမ်းယူသွားလဲ မေး။ ဒီဇာတ်ကားလေးကြည့်ပြီးတော့လည်း မိန်းကလေးတွေက တစ်ဦးတည်း ” ဦး ”နေကြပါပြီနော်။ ဇာတ်ကားသာထွက်လို့ပြီးသွားပေမယ့် အခုချိန်ထိ ဇာတ်ဝင်တေးတွေ ၊ အချို့ ဟာဇာတ်ဝင်ခန်းတွေက အသက်ဝင်နေတုန်းပါပဲ။ ဦးလေကြီး Gong Yooရဲ့ kissing skill က မိန်းကလေးများရဲ့အသည်းနှလုံးကို သိမ်းပိုက်ထားနိုင်သူ နံပါတ်တစ်ပါ။

Park Seo Joon


ကဲ…လာပါပြီ။ အနမ်းဘုရင်ကြီး Park Seo Joon ။ သူ့ရဲ့ “What’s Wrong with Secretary Kim” ရုပ်ရှင်ဟာ တစ်ခန်းလုံးအသည်းယားစရာ ရိုမန်တစ်ဆန်မှုတွေနဲ့ သိမ်းပိုက်ထားနိုင်ဆုံး ဇာတ်ကားပါ။ မင်းသမီးနဲ့ နမ်းတဲ့အခန်းတွေဆို သေချာကွင်းကွင်းကွက်ကွက် ရိုက်ပြထားလို့ အားလုံးရင်ခုန်လှိုက်မောရတဲ့ရုပ်ရှင်ပါ။ ဒီဇာတ်ကားလေးထဲက မင်းသမီးလေးရဲ့ဖက်ရှင်ဟာလည်း အတော်လေးကို ရေပန်းစားခဲ့ပါတယ်။

Lee Jong Suk

”W” ၊ ” While u were sleeping” စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကြီး မင်းသားချောလေး
Lee Jong Suk ရဲ့kissing skill ကရော ဘယ်လောက်ထိ ရင်ခုန်စရာကောင်းလဲ။ သူ့နာမည်ကြားရုံနဲ့ နှုတ်ခမ်းကွဲကွဲ၊ ရဲရဲလေးကို အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ အဲ့နှုတ်ခမ်းလေးနဲ့ သူ့ရဲ့kissing scenes တွေကြည့်ရတာလည်း တကယ်ကိုရင်ဖိုစရာပါနော်။ ကြည့်ဖူးသူတိုင်း အသည်းထဲ ကလိလိဖြစ်နေကြမှာသေချာပါတယ်။

Yoo Yeon Seok


မကြာခင်ကထွက်ရှိလာတဲ့ ”Mr.Sunshine” ဇာတ်ကားမှာ Goo Dong Mae အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Yoo Yeon Seok ရဲ့ kissing skill ဟာလည်း ရူးချင်စရာပါ။ သူရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲထဲက kissing scenes တိုင်းမှာကြည့်လိုက်ရင် အူတွေအသည်းတွေ အထဲမှာကလိထိုးနေသလိုပါပဲ။ ၂ဝ၁၆တုန်းကထွက်ရှိခဲ့တဲ့ “Mood Of The Day” ဇာတ်ကားလေးကိုလည်း ပရိတ်သတ်တွေ ကြည့်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်နော်။

576 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.