ဓမၼတာခံစားရခ်ိန္မွာ ဒီလုိအစားအစာေတြကုိ လံုး၀ လံုး၀မစားသင့္ပါ…

ဓမၼတာလာခိ်န္ဆုိရင္ တစ္ခ်ိဳ႔ေတြက ကုိုက္ခဲနာက်င္ၾကသလို တစ္ခိ်ဳ႔ကေတာ့ ေနထုိင္မေကာင္း၊မအီမသာျဖစ္တတ္ၾကပါတယ္။အဲ့ဒီလိုအခ်ိန္ကာလဆုိရင္စိတ္ခံစားခ်က္ကလည္းပုိလြယ္ေနတတ္ပါတယ္။ဓမၼတာလာခ်ိန္နဲ႔ပတ္သက္ျပီးက်န္းမာေရးဗဟုသုတအရမ်ွေ၀ရမယ္ဆုိရင္ အဲ႔ဒီအခိ်န္စပ္ၾကားမွာ
လံုး၀မစားသင့္တဲ႔ေရွာင္သင့္တဲ႔အစားအစာေတြရွိပါတယ္။ဘာေတြလဲဆုိေတာ့…

Image result for foods-never-eat-your-period

*အားျဖည့္အခ်ိဳရည္
*Black Tea
*ေခ်ာကလက္
*အဆီမ်ားတဲ႔အသား
*အဆီဓာတ္ျပည့္ေနတဲ႔ခ်ိစ္
*ေရခဲမုန္႔
*အငန္ဓာတ္မ်ားလြန္းတဲ႔အစားအစာ
*ကဖင္းဓာတ္မ်ားလြန္းတဲ႔အစားအစာ

ဒီအစားအစာေတြကုိ ဓမၼတာခံစားေနရတဲ႔အခ်ိန္မွာ အထူးေရွာင္သင့္ပါတယ္။ကဖင္းဓာတ္မ်ားလြန္းတဲ႔ေခ်ာကလက္၊လက္ဖက္ရည္၊ဆုိဒါအခိ်ဳရည္စတဲ႔အစားအစာေတြဟာစိတ္ဖိစီးမႈကိုျမင့္တက္ေစျပီး အိပ္စက္ခိ်န္မွာလည္းအေႏွာင့္အယွက္ျဖစ္ေစပါတယ္။သေရစာေတြ၊အငန္ဓာတ္မ်ားလြန္းတဲ႔အစားအစာေတြဟာ၀မ္းဗုိက္ထဲမွာမအီမသာျဖစ္ေစႏုိင္ျပီး အဆီမ်ားတဲ႔အစားအစာ၊ႏုိ႔ထြက္ပစၥည္းေတြက ၀မ္းဗုိက္နဲ႔ခါးေအာက္ပုိင္းတ၀ိုက္နာက်င္မႈ၊ေရာင္ရမ္းမႈေတြျဖစ္ေစႏုိင္ပါတယ္။ကုိယ္က ဒီလုိအခ်ိန္မွာ ကုိက္ခဲနာက်င္တတ္သူဆုိုရင္ ပုိျပီးေတာ့ေတာင္ ဒါေတြကုိေရွာင္သင့္ပါတယ္။သၾကားဓာတ္မ်ားလြန္းတဲ႔အစားအစာေတြလည္းမစားသင့္ပါဘူး။ဘာလို႔လဲဆုိေတာ့ ဒါေတြက ေသြးတြင္းသၾကားဓာတ္ကုိျမွင့္တက္ေစျပီး စိတ္မၾကည္မလင္ျဖစ္ေစတတ္တဲ႔အတြက္ေၾကာင့္ပါ။

ဒီလုိဓမၼတာလာခိ်န္မွာသင့္အေနနဲ႔ ဘယ္လိုအစားအစာေတြကုိမ်ားမ်ားစားေပးသင့္လဲဆုိရင္…
*လတ္ဆတ္တဲ႔အသီးအနွံနဲ႔ဟင္းသီးဟင္းရြက္မ်ားမ်ားစားပါ။အမ်ွင္ဓာတ္ၾကြယ္၀တဲ႔အစားအစာေတြစားပါ
*ေသြးတြင္းသၾကားဓာတ္ညီမ်ွေစဖုိ႔ပရုိတင္းဓာတ္ပါ၀င္တဲ႔အစားအစာေတြစားပါ
*ေရခဲမုန္႔၊ေခ်ာကလက္စားခ်င္တဲ႔အာသီသျဖစ္လာရင္ အဆီနည္းတဲ႔ဒိန္ခ်ဥ္ကုိ လတ္ဆတ္ျပီးအမ်ွင္ဓာတ္မ်ားတဲ႔အသီးအႏွံတစ္မ်ိဳးမ်ိဳးထည့္ျပီးအစားထုိးစားလုိ႔ရပါတယ္။
*ေရမ်ားမ်ားေသာက္ဖုိ႔မေမ့ပါနဲ႔
*သံဓာတ္ျဖည့္ေပးတဲ႔ေဆး၀ါးေတြေသာက္ပါ။အဲ႔ဒီအခိ်န္မွာေသြးအားဆံုးရွံဳၚထားတာျဖစ္လုိ႔ အစားထုိးျပန္ျဖည့္ေပးဖုိ႔လိုပါတယ္။
*ပံုမွန္စားေနက်လို အမ်ားၾကီးတစ္ခါတည္းမစားပဲ ပမာဏာနည္းနည္းခ်င္းစီစားေပးပါ

ဒါေတြကုိေသခ်ာသတိထားလိုက္နာမယ္ဆုိရင္ ဓမၼတာလာစဥ္စိတ္လက္မၾကည္မသာျဖစ္တာ၊ကုိက္ခဲနာက်င္တာေတြကုိသက္သာေလ်ာ့ပါးေစမွာအမွန္ပါပဲ။

Unicode

ဓမ္မတာလာချိန်ဆိုရင် တစ်ချို့တွေက ကိုုက်ခဲနာကျင်ကြသလို တစ်ချို့ကတော့ နေထိုင်မကောင်း၊မအီမသာဖြစ်တတ်ကြပါတယ်။အဲ့ဒီလိုအချိန်ကာလဆိုရင်စိတ်ခံစားချက်ကလည်းပိုလွယ်နေတတ်ပါတယ်။ဓမ္မတာလာချိန်နဲ့ပတ်သက်ပြီးကျန်းမာရေးဗဟုသုတအရမျှဝေရမယ်ဆိုရင် အဲ့ဒီအချိန်စပ်ကြားမှာ
လုံးဝမစားသင့်တဲ့ရှောင်သင့်တဲ့အစားအစာတွေရှိပါတယ်။ဘာတွေလဲဆိုတော့…

*အားဖြည့်အချိုရည်
*Black Tea
*ချောကလက်
*အဆီများတဲ့အသား
*အဆီဓာတ်ပြည့်နေတဲ့ချိစ်
*ရေခဲမုန့်
*အငန်ဓာတ်များလွန်းတဲ့အစားအစာ
*ကဖင်းဓာတ်များလွန်းတဲ့အစားအစာ

ဒီအစားအစာတွေကို ဓမ္မတာခံစားနေရတဲ့အချိန်မှာ အထူးရှောင်သင့်ပါတယ်။ကဖင်းဓာတ်များလွန်းတဲ့ချောကလက်၊လက်ဖက်ရည်၊ဆိုဒါအချိုရည်စတဲ့အစားအစာတွေဟာစိတ်ဖိစီးမှုကိုမြင့်တက်စေပြီး အိပ်စက်ချိန်မှာလည်းအနှောင့်အယှက်ဖြစ်စေပါတယ်။သရေစာတွေ၊အငန်ဓာတ်များလွန်းတဲ့အစားအစာတွေဟာဝမ်းဗိုက်ထဲမှာမအီမသာဖြစ်စေနိုင်ပြီး အဆီများတဲ့အစားအစာ၊နို့ထွက်ပစ္စည်းတွေက ဝမ်းဗိုက်နဲ့ခါးအောက်ပိုင်းတဝိုက်နာကျင်မှု၊ရောင်ရမ်းမှုတွေဖြစ်စေနိုင်ပါတယ်။ကိုယ်က ဒီလိုအချိန်မှာ ကိုက်ခဲနာကျင်တတ်သူဆိုုရင် ပိုပြီးတော့တောင် ဒါတွေကိုရှောင်သင့်ပါတယ်။သကြားဓာတ်များလွန်းတဲ့အစားအစာတွေလည်းမစားသင့်ပါဘူး။ဘာလို့လဲဆိုတော့ ဒါတွေက သွေးတွင်းသကြားဓာတ်ကိုမြှင့်တက်စေပြီး စိတ်မကြည်မလင်ဖြစ်စေတတ်တဲ့အတွက်ကြောင့်ပါ။

ဒီလိုဓမ္မတာလာချိန်မှာသင့်အနေနဲ့ ဘယ်လိုအစားအစာတွေကိုများများစားပေးသင့်လဲဆိုရင်…
*လတ်ဆတ်တဲ့အသီးအနှံနဲ့ဟင်းသီးဟင်းရွက်များများစားပါ။အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေစားပါ
*သွေးတွင်းသကြားဓာတ်ညီမျှစေဖို့ပရိုတင်းဓာတ်ပါဝင်တဲ့အစားအစာတွေစားပါ
*ရေခဲမုန့်၊ချောကလက်စားချင်တဲ့အာသီသဖြစ်လာရင် အဆီနည်းတဲ့ဒိန်ချဉ်ကို လတ်ဆတ်ပြီးအမျှင်ဓာတ်များတဲ့အသီးအနှံတစ်မျိုးမျိုးထည့်ပြီးအစားထိုး
စားလို့ရပါတယ်။
*ရေများများသောက်ဖို့မမေ့ပါနဲ့
*သံဓာတ်ဖြည့်ပေးတဲ့ဆေးဝါးတွေသောက်ပါ။အဲ့ဒီအချိန်မှာသွေးအားဆုံးရှုံါ်ထားတာဖြစ်လို့ အစားထိုးပြန်ဖြည့်ပေးဖို့လိုပါတယ်။
*ပုံမှန်စားနေကျလို အများကြီးတစ်ခါတည်းမစားပဲ ပမာဏာနည်းနည်းချင်းစီစားပေးပါ

ဒါတွေကိုသေချာသတိထားလိုက်နာမယ်ဆိုရင် ဓမ္မတာလာစဉ်စိတ်လက်မကြည်မသာဖြစ်တာ၊ကိုက်ခဲနာကျင်တာတွေကိုသက်သာလျော့ပါးစေမှာအမှန်ပါပဲ။

677 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.