ဒီလေ့ကျင့်ခန်း နေ့တိုင်းလုပ်ရုံနဲ့ ကျစ်လစ်ဖွံဖြိုးတဲ့ တင်ပါးတစ်စုံကို ပိုင်ဆိုင်နိုင်ပြီ …

မိန်းကလေးတိုင်း ဘာလေးပဲဝတ်လိုက် ဝတ်လိုက် တင်နဲ့ရင်နဲ့ သူ့ဟာသူ အချိုးစားလှပနေတာမျိုးလိုချင်ကြတာမလား။ လူတိုင်း ဒီလိုခန္ဓာကိုယ်ပိုင်ဆိုင်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ထိရောက်တဲ့လေ့ကျင့်ခန်းတွေလုပ်မှ၊ ပြီးရင် ကိုယ်တိုင်ကလည်း စိတ်ဓာတ်ပြင်းထန်မှာပါ။ အခုပြောပြမယ့် တင်ပါးလေ့ကျင့်ခန်းဟာ တကယ်လည်း ထိရောက်ပြီး အချိန်တစ်လအတွင်း သိသာလာမယ့် နည်းလမ်းလေးပါပဲ။

The Bridge Up

Related image
ပက်လက်အနေထားလှဲလိုက်ပြီး ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကနေထောက်လိုက်ပြီး တင်ပါးကိုအပေါ်ကော့တင်လိုက်ပါ။ ရင်ဘတ်ပါကော့တက်သွားဖို့ လိုပါတယ်။ စစလုပ်ချင်းဆို အခေါက်ရေ ၁ဝကြိမ်မှ ၂ဝထိလုပ်ပါ။ ၅မိနစ် နားပြီး ၃ကြိမ်လုပ်ပါ။ နောက်နေ့တွေဆို အကြိမ်ရေကို ကိုယ်လုပ်နိုင်သလောက် တိုးတိုးပြီး လုပ်သွားနိုင်ပါတယ်။

The Bridge Up, with leg lifts

Image result for The Bridge Up, with leg lifts exercise
ဒီပုံစံကလည်း ခုနကအနေထားနဲ့ သိပ်မကွာပါဘူး။ တင်ပါးကော့ပြီိး ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်တင်ရမှာဖြစ်ပါတယ်။ ရင်ဘတ်ကိုတော့ ခုနကလောက်ကော့စရာမလိုတော့ပါဘူး။ ခြေထောက်မြှောက်တဲ့အခါ တန်းမတ်နေအောင် သေချာမြှောက်ထားဖို့လိုပါတယ်။ ပထမလေ့ကျင့်ခန်းထက် ပိုခက်နိုင်ပါတယ်။ ဒါပေမယ့် ရလဒ်ကတော့ အံ့သြလောက်စရာပါပဲ။

Single Leg Squat


ထိုင်ခုံတစ်လုံး ယူထားပါ။ ထိုင်ခုံပေါ်ထိုင်ပြီး ခြေတစ်ဖက်ကိုမြှောက်ထားပါ။ ပြီးရင် မြှောက်လျက်သား မတ်တပ်ထရပ်ပါ။ အစပိုင်းမှာ ရပ်ဖို့ခက်နေရင်လည်း ကြိုးစားရပ်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းဟာ ကြွက်သားတွေကိုသန်မာစေပြီး တင်ပါးကျစ်လစ်ဖို့ ပိုထိရောက်မှုရှိပါတယ်။

Tiger stretch

Related image

Related image
လေးဖက်ထောက်ပြီး ခြေထောက်နောက်ပြန်ပစ်တဲ့ လေ့ကျင့်ခန်းပါ။ သူကတော့ လုပ်ရတာလွယ်ပါတယ်။ အကြိမ်ရေ များများလုပ်နိုင်လေ ပိုသိသာလေပါနော်။ ပုံပါအတိုင်း အနေထားမှန်မှန်ကန်ကန်နေတတ်ဖို့လိုပါတယ်။ ခြေထောက်တစ်ဖက်စီကို 5rep လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းတွေကိုသာ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် နောက်တစ်လအတွင်း ထူးခြားသိသာလာပါလိမ့်မယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.