ပန္းသီးအခြံမခြာပဲစားတတ္သူေတြသာ ရရွိႏုိင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ…

ပန္းသီးအခြံေတြက ၀ါးစားရတာမေကာင္းဘူး၊အခြံခြာစားမယ္ဆုိတဲ႔သူေတြရွိသလို ေရစင္စင္ေဆးျပီးအခြံမခြာပဲစားတဲ႔သူေတြရွိပါတယ္။တကယ္ေတာ့ ပန္းသီးအခြံမွာ က်န္းမာေရးနဲ႔ပတ္သက္လုိ႔ေကာင္းက်ိဳးေတြရွိေနပါတယ္။ပန္းသီးအခြံမခြာပဲ အခြံပါ၀ါးစားတဲ့သူေတြသာ ဒီလုိက်န္းမာေရးအက်ိဳးေက်းဇူးေတြရရွိႏုိင္တာပါ။ပန္းသီးအခြံပါ၀ါးစားရင္ဘယ္လုိအကိ်ဳးေက်းဇူးေတြရႏုိင္မလဲဆုိရင္…

*ပန္းသီးအခြံမွာ ဗီတာမင္ေအ၊ဗီတာမင္စီနဲ႔တစ္ျခားေသာဗီတာမင္မ်ိဳးစံုပါ၀င္ေနပါတယ္

ဗီတာမင္ေအက မ်က္လံုးအျမင္အာရံုနဲ႔အသားအရည္အတြက္ေကာင္းမြန္ေစသလို ဗီတာမင္စီက ခႏၶာကုိယ္တြင္းအဂၤါအစိတ္အပုိင္းလုပ္ေဆာင္ခ်က္ေတြပိုမိုေကာင္းမြန္ဖုိ႔အေထာက္အကူျပဳေနပါတယ္။တစ္ျခားေသာဗီတာမင္ေတြျဖစ္တဲ႔ဗီတာမင္ေကက အေရျပားက်န္းမာေရးအတြက္ေကာင္းမြန္ေစသလို Choline လုိ႔ေခၚတဲ႔ဗီတာမင္က ဆဲလ္အသစ္ေတြတည္ေဆာက္ျပဳျပင္တဲ႔ေနရာမွာ အထုိက္အေလ်ာက္ကူညီေပးတယ္။

*ေသြးအားနည္းတတ္သူေတြစားေပးသင့္တဲ႔အသီးအႏွံ

ပန္းသီးခြံမွာ calcium ၊ phosphorous ၊ zinc ၊ sodium ၊ magnesium နဲ႔သံဓာတ္ေတြပါ၀င္ေနတဲ႔အတြက္ေသြးအားနည္းတတ္တဲ႔သူေတြပံုမွန္စားေပးသင့္တဲ႔အသီးအႏွံတစ္မ်ိဳးျဖစ္ပါတယ္။အမ်ိဳးသမီးေတြအေနနဲ႔သံဓာတ္ေလ်ာ့နည္းတဲ႔အခါမ်ိဳးမွာ ပန္းသီးစားေပးျခင္းျဖင့္လည္း ညီမ်ွတဲ႔သံဓာတ္ကုိရရွိေစပါတယ္။အထူးသျဖင့္ကယ္လ္စီယမ္နဲ႔သံဓာတ္က အရုိးနဲ႔သြားက်န္းမာေရးအတြက္အမ်ားၾကီးအေထာက္အကူျပဳပါတယ္။

*ပန္းသီးတစ္လံုးမွာပါ၀င္တဲ႔အမ်ွင္ဓာတ္က အခြံမွာအမ်ားဆံုး

ပန္းသီးအခြံမွာသာ အမ်ွင္ဓာတ္ကုိရရွိႏုိင္ပါတယ္။ခႏၶာကုိယ္အတြက္လိုအပ္တဲ႔အမ်ွင္ဓာတ္ကုိ ပန္းသီးအခြံပါ၀ါးစားေပးျခင္းျဖင့္ ရရွိႏုိင္ပါတယ္။အမ်ွင္ဓာတ္ပါရွိတဲ႔အတြက္ေၾကာင့္ ခႏၶာကုိယ္အေလးခ်ိန္ေလ်ွာ့ခ်တဲ႔ေနရာမွာပန္းသီးက မစားမျဖစ္စားေပးသင့္တဲ႔အသီးတစ္မ်ိဳးပါပဲ။ပန္းသီးအခြံမွာပါတဲ႔အမ်ွင္ဓာတ္က ခႏၶာကုိယ္ရဲ ႔fat tissues ေတြကုိအဓိကထားေလ်ွာ့ခ်ေပးပါတယ္။ပန္းသီးကုိအခြံပါ၀ါးစားေပးျခင္းက အူမၾကီးအတြင္းစနစ္လုပ္ေဆာင္ခ်က္ကုိလည္း ေကာင္းမြန္စေျပီး အစာေျခစနစ္၊ႏွလံုးနဲ႔ပတ္သက္တဲ႔ေရာဂါေတြမျဖစ္ပြားေအာင္ကာကြယ္ေပးပါတယ္။

*ပန္းသီးအခြံဟာ natural antioxidant အရင္းအျမစ္ပါပဲ

တစ္ေန႔ကုိပန္းသီးတစ္လံုးစားေပးရင္ ဆရာ၀န္ေတာင္မလိုအပ္ဘူးဆုိတဲ႔စကားေတာင္ရွိပါတယ္။ပန္းသီးအခြံမွာပါ၀င္တဲ႔ phenolic acid နဲ႔ flavonoid ဓာတ္ေတြဟာ ခႏၶာကုိယ္တြင္းအဆိပ္အေတာက္ေတြကုိသန္႔စင္ေပးျပီး ႏွလံုးေရွာ့ခ္ျဖစ္ျခင္းနဲ႔ဆီးခ်ိဳေရာဂါျဖစ္ပြားျခင္းကုိ ကာကြယ္ေလ်ွာ့ခ်ေပးပါတယ္။

*ကင္ဆာကာကြယ္ေပးႏုိင္တဲ႔အသီးအႏွံ

အီလီႏြိဳက္တကၠသုိလ္ရဲ ႔ေလ့လာေတြ႔ရွိခ်က္ေတြအရ ပန္းသီးအခြံမွာ ကင္ဆာကုိတုိက္ဖ်က္ေပးႏုိင္တဲ့ compound ဓာတ္တစ္မ်ိဳးပါ၀င္ေနေၾကာင္းေတြ႔ရပါတယ္။ပန္းသီးအခြံဟာ အသည္းကင္ဆာ၊ရင္သားကင္ဆာ၊အူမၾကီးကင္ဆာျဖစ္ပြားျခင္းကုိ ေလ်ွာ့ခ်ေပးႏုိင္တဲ႔အစြမ္းေတြရွိပါတယ္။

ကဲ ဒါေတြကေတာ့ ပန္းသီးကုိအခြံမခြာပဲစားေပးသင့္တဲ့အေၾကာင္းရင္းေတြပါပဲ

Unicode

ပန်းသီးအခွံတွေက ၀ါးစားရတာမကောင်းဘူး၊အခွံခွာစားမယ်ဆိုတဲ့သူတွေရှိသလို ရေစင်စင်ဆေးပြီးအခွံမခွာပဲစားတဲ့သူတွေရှိပါတယ်။တကယ်တော့ ပန်းသီးအခွံမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ကောင်းကျိုးတွေရှိနေပါတယ်။ပန်းသီးအခွံမခွာပဲ အခွံပါ၀ါးစားတဲ့သူတွေသာ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်တာပါ။ပန်းသီးအခွံပါ၀ါးစားရင်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုရင်…

*ပန်းသီးအခွံမှာ ဗီတာမင်အေ၊ဗီတာမင်စီနဲ့တစ်ခြားသောဗီတာမင်မျိုးစုံပါဝင်နေပါတယ်

ဗီတာမင်အေက မျက်လုံးအမြင်အာရုံနဲ့အသားအရည်အတွက်ကောင်းမွန်စေသလို ဗီတာမင်စီက ခန္ဓာကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းလုပ်ဆောင်ချက်တွေပိုမိုကောင်းမွန်ဖို့အထောက်အကူပြုနေပါတယ်။တစ်ခြားသောဗီတာမင်တွေဖြစ်တဲ့ဗီတာမင်ကေက အရေပြားကျန်းမာရေးအတွက်ကောင်းမွန်စေသလို Choline လို့ခေါ်တဲ့ဗီတာမင်က ဆဲလ်အသစ်တွေတည်ဆောက်ပြုပြင်တဲ့နေရာမှာ အထိုက်အလျောက်ကူညီပေးတယ်။

*သွေးအားနည်းတတ်သူတွေစားပေးသင့်တဲ့အသီးအနှံ

ပန်းသီးခွံမှာ calcium ၊ phosphorous ၊ zinc ၊ sodium ၊ magnesium နဲ့သံဓာတ်တွေပါဝင်နေတဲ့အတွက်သွေးအားနည်းတတ်တဲ့သူတွေပုံမှန်စားပေးသင့်တဲ့အသီးအနှံတစ်မျိုးဖြစ်ပါတယ်။အမျိုးသမီးတွေအနေနဲ့သံဓာတ်လျော့နည်းတဲ့အခါမျိုးမှာ ပန်းသီးစားပေးခြင်းဖြင့်လည်း ညီမျှတဲ့သံဓာတ်ကိုရရှိစေပါတယ်။အထူးသဖြင့်ကယ်လ်စီယမ်နဲ့သံဓာတ်က အရိုးနဲ့သွားကျန်းမာရေးအတွက်အများကြီးအထောက်အကူပြုပါတယ်။

*ပန်းသီးတစ်လုံးမှာပါဝင်တဲ့အမျှင်ဓာတ်က အခွံမှာအများဆုံး

ပန်းသီးအခွံမှာသာ အမျှင်ဓာတ်ကိုရရှိနိုင်ပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမျှင်ဓာတ်ကို ပန်းသီးအခွံပါ၀ါးစားပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။အမျှင်ဓာတ်ပါရှိတဲ့အတွက်ကြောင့် ခန္ဓာကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာပန်းသီးက မစားမဖြစ်စားပေးသင့်တဲ့အသီးတစ်မျိုးပါပဲ။ပန်းသီးအခွံမှာပါတဲ့အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ ့fat tissues တွေကိုအဓိကထားလျှော့ချပေးပါတယ်။ပန်းသီးကိုအခွံပါ၀ါးစားပေးခြင်းက အူမကြီးအတွင်းစနစ်လုပ်ဆောင်ချက်ကိုလည်း ကောင်းမွန်စပြေီး အစာခြေစနစ်၊နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေမဖြစ်ပွားအောင်ကာကွယ်ပေးပါတယ်။

*ပန်းသီးအခွံဟာ natural antioxidant အရင်းအမြစ်ပါပဲ

တစ်နေ့ကိုပန်းသီးတစ်လုံးစားပေးရင် ဆရာဝန်တောင်မလိုအပ်ဘူးဆိုတဲ့စကားတောင်ရှိပါတယ်။ပန်းသီးအခွံမှာပါဝင်တဲ့ phenolic acid နဲ့ flavonoid ဓာတ်တွေဟာ ခန္ဓာကိုယ်တွင်းအဆိပ်အတောက်တွေကိုသန့်စင်ပေးပြီး နှလုံးရှော့ခ်ဖြစ်ခြင်းနဲ့ဆီးချိုရောဂါဖြစ်ပွားခြင်းကို ကာကွယ်လျှော့ချပေးပါတယ်။

*ကင်ဆာကာကွယ်ပေးနိုင်တဲ့အသီးအနှံ

အီလီနွိုက်တက္ကသိုလ်ရဲ ့လေ့လာတွေ့ရှိချက်တွေအရ ပန်းသီးအခွံမှာ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့ compound ဓာတ်တစ်မျိုးပါဝင်နေကြောင်းတွေ့ရပါတယ်။ပန်းသီးအခွံဟာ အသည်းကင်ဆာ၊ရင်သားကင်ဆာ၊အူမကြီးကင်ဆာဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်တဲ့အစွမ်းတွေရှိပါတယ်။

ကဲ ဒါတွေကတော့ ပန်းသီးကိုအခွံမခွာပဲစားပေးသင့်တဲ့အကြောင်းရင်းတွေပါပဲ

245 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.