ဆားရည္နဲ႔ပလုတ္က်င္းတဲ႔အခါ ဘယ္လုိက်န္းမာေရးအက်ိဳးေက်းဇူးေတြရလာမလဲ?

အမ်ားစုကေတာ့ သြားကုိက္တာ၊သြားနာတာ၊ပါးစပ္မွာအနာျဖစ္တဲ႔အခါမွသာ ဆားရည္နဲ႔ပလုတ္က်င္းတာမ်ိဳး၊ဆားရည္ငံုတာမ်ိဳးလုပ္ေပးၾကပါတယ္။ဒါေပမဲ႔ ဆားရည္နဲ႔ပလုတ္က်င္းတာကုိ ပံုမွန္ျပဳလုပ္ေပးမယ္ဆုိရင္ ရလာမယ့္အက်ိဳးေက်းဇူးေတြက အမ်ားၾကီးပါ။ဘာေတြလဲဆုိတာ ဗဟုသုတအေနနဲ႔ၾကည့္လုိက္ပါဦး

*pH Level ညီညြတ္မ်ွတေစတယ္
ဆားရည္ဟာ ဘတ္တီးရီးယားျဖစ္ပြားမႈကုိကာကြယ္ေပးႏုိင္တဲ႔အျပင္ pH Level ကုိပါ ညီမ်ွေစပါတယ္။လည္ေခ်ာင္းနဲ႔ခံတြင္းထဲမွာရွိတဲ႔မေကာင္းတဲ႔ဘတ္တီးရီးယားပုိးေတြကုိဖယ္ရွားေပးႏုိင္ျပီး ဘတ္တီးရီးယားေၾကာင့္ျဖစ္တဲ႔ေရာဂါေတြကုိပါ ကာကြယ္ေပးႏုိင္ပါတယ္။

*ေခ်ာင္းေျခာက္ဆုိးတာသက္သာေစတယ္
ဆားရည္နဲ႔ပလုတ္က်င္းေပးတာက ေခ်ာင္းေျခာက္ဆုိးတာကုိသက္သာေလ်ာ့ပါးေစတယ္လုိ႔ေလ့လာေတြ႔ရွိရပါတယ္။ဒါေၾကာင့္ေခ်ာင္းေျခာက္ဆုိးတဲ႔အခါ ဆားရည္ငံုေပးတာ၊ပလုတ္က်င္းေပးတာမ်ိဳးလုပ္ေပးသင့္ပါတယ္။

*လည္ေခ်ာင္းနာျခင္း၊ေယာင္ယမ္းျခင္းကုိကာကြယ္ေပးတယ္
ဆားနဲ႔ေရေႏြး ပလုတ္က်င္းေပးတာဟာ လည္ေခ်ာင္းနာတာ၊လည္ေခ်ာင္းေယာင္ယမ္းတာစတဲ႔လည္ေခ်ာင္းေ၀ဒနာေတြကုိေလ်ာ့ပါးသက္သာေစပါတယ္။နာက်င္မႈကုိသက္သာေစျပီး အစာမ်ိဳခ်လုိ႔မရ၊ေရေသာက္လုိ႔မရတဲ႔ေ၀ဒနာမ်ိဳးကေန ကာကြယ္ေပးပါတယ္။တကယ့္အသံုး၀င္တဲ႔အိမ္တြင္းေဆးနည္းပါပဲ။

*ခံတြင္းနံ႔ဆုိးတာသက္သာေစပါတယ္
တစ္ျခားတစ္ေယာက္နဲ႔စကားေျပာေနတဲ႔အခ်ိန္ကုိယ့္ခံတြင္းက အနံ႔အသက္ဆုိးေတြထြက္ေနတာမေကာင္းပါဘူးေနာ္။ဆားရည္နဲ႔ ၂ရက္တစ္ခါ သံုးရက္တစ္ခါေလာက္ ပလုတ္က်င္းေပးမယ္ဆုိရင္ မေကာင္းတဲ႔ဘတ္တီးရီးယားပုိးေတြကုိေသေစဖယ္ရွားေစလုိ႔ ခံတြင္းနံ႔ဆုိးမထြက္ေစပါဘူး။ဒီနည္းလမ္းကုိ ခံတြင္းနံ႔ဆုိးထြက္သူေတြစမ္းသပ္လုပ္ၾကည့္သင့္ပါတယ္။

*သြားကုိက္သြားနာေ၀ဒနာကုိ သက္သာေလ်ာ့ပါးေစတယ္
သိတဲ႔အတိုင္း သြားကိုက္တာ၊သြားနာက အေတာ္ေလးခံရခက္နာက်င္ပါတယ္။အစားလည္းေကာင္းေကာင္းစားလုိ႔မရ၊ေကာင္းေကာင္းလည္းအိပ္မေပ်ာ္နဲ႔ျဖစ္တတ္တာပါ။ဒီလုိသြားနာသြားကုိက္စျဖစ္တာနဲ႔ ဆားနဲ႔ေရေႏြးေႏြးေလး ပလုတ္က်င္းေပးဖုိ႔ မေမ့ပါနဲ႔။အဲဒါဆုိ နာက်င္တာေတြေလ်ာ့ပါးျပီး ဘတ္တီးရီးယားပုိးေတြကုိဖယ္ရွားေပးႏုိင္ပါလိမ့္မယ္။တစ္ရက္ကုိ တစ္ၾကိမ္လုပ္ေပးပါ။

*ခံတြင္းအနာေပါက္တာ
ဒါကုိေတာ့ မၾကာခဏဆုိသလုိၾကံဳဖူးၾကမွာပါ။ခံတြင္းမွာအနာေပါက္တာက အရမ္းနာက်င္ပါတယ္။ဒီလုိအနာေပါက္တဲ႔အခါမွာ အေကာင္းဆံုးလုပ္ႏုိင္တဲ႔နည္းလမ္းကေတာ့ ဆားရည္နဲ႔ပလုတ္က်င္းတာပါပဲ။ဆားရည္နဲ႔ပလုတ္က်င္းတာက နာက်င္မႈသက္သာေစျပီး ျမန္ျမန္ဆန္ဆန္ေပ်ာက္ကင္းေစပါတယ္။

*သြားအေပၚယံေၾကြလႊာကုိကာကြယ္ေပးတယ္
ဆားရည္နဲ႔ခံတြင္းပလုတ္က်င္းေပးျခင္းရဲ႔ေနာက္ထပ္အက်ိဳးေက်းဇူးတစ္ခုကေတာ့ သြားေၾကလႊာေတြမပ်က္စီးေအာင္ ကာကြယ္ေပးတာပါပဲ။မပ်က္စီးေစတဲ႔အျပင္ ပုိျပီးေတာင္ ခိုင္မာလာေစပါတယ္။၂ရက္တစ္ခါ၊သံုးရက္တစ္ခါေလာက္ ဆားရည္နဲ႔ပလုတ္က်င္းေပးသင့္ပါတယ္။

ဒီေနရာမွာသတိထားရမွာက ဆားရည္နဲ႔ပလုတ္က်င္းတဲ႔အခါ လိုအပ္တာထက္ပုိုျပီးမလုပ္ဖုိ႔ပါပဲ။လည္ေခ်ာင္းနာတာ၊သြားကုိက္တာစတဲ႔ေ၀ဒနာေတြမရွိဘူးဆုိရင္တစ္ပတ္ကုိ ၂ၾကိမ္ ၃ၾကိမ္ပဲလုပ္ေပးသင့္ပါတယ္။

Unicode

အများစုကတော့ သွားကိုက်တာ၊သွားနာတာ၊ပါးစပ်မှာအနာဖြစ်တဲ့အခါမှသာ ဆားရည်နဲ့ပလုတ်ကျင်းတာမျိုး၊ဆားရည်ငုံတာမျိုးလုပ်ပေးကြပါတယ်။ဒါပေမဲ့ ဆားရည်နဲ့ပလုတ်ကျင်းတာကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ရလာမယ့်အကျိုးကျေးဇူးတွေက အများကြီးပါ။ဘာတွေလဲဆိုတာ ဗဟုသုတအနေနဲ့ကြည့်လိုက်ပါဦး

*pH Level ညီညွတ်မျှတစေတယ်
ဆားရည်ဟာ ဘတ်တီးရီးယားဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်တဲ့အပြင် pH Level ကိုပါ ညီမျှစေပါတယ်။လည်ချောင်းနဲ့ခံတွင်းထဲမှာရှိတဲ့မကောင်းတဲ့ဘတ်တီးရီးယားပိုးတွေကိုဖယ်ရှားပေးနိုင်ပြီး ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

*ချောင်းခြောက်ဆိုးတာသက်သာစေတယ်
ဆားရည်နဲ့ပလုတ်ကျင်းပေးတာက ချောင်းခြောက်ဆိုးတာကိုသက်သာလျော့ပါးစေတယ်လို့လေ့လာတွေ့ရှိရပါတယ်။ဒါကြောင့်ချောင်းခြောက်ဆိုးတဲ့အခါ ဆားရည်ငုံပေးတာ၊ပလုတ်ကျင်းပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

*လည်ချောင်းနာခြင်း၊ယောင်ယမ်းခြင်းကိုကာကွယ်ပေးတယ်
ဆားနဲ့ရေနွေး ပလုတ်ကျင်းပေးတာဟာ လည်ချောင်းနာတာ၊လည်ချောင်းယောင်ယမ်းတာစတဲ့လည်ချောင်းဝေဒနာတွေကိုလျော့ပါးသက်သာစေပါတယ်။နာကျင်မှုကိုသက်သာစေပြီး အစာမျိုချလို့မရ၊ရေသောက်လို့မရတဲ့ဝေဒနာမျိုးကနေ ကာကွယ်ပေးပါတယ်။တကယ့်အသုံးဝင်တဲ့အိမ်တွင်းဆေးနည်းပါပဲ။

*ခံတွင်းနံ့ဆိုးတာသက်သာစေပါတယ်
တစ်ခြားတစ်ယောက်နဲ့စကားပြောနေတဲ့အချိန်ကိုယ့်ခံတွင်းက အနံ့အသက်ဆိုးတွေထွက်နေတာမကောင်းပါဘူးနော်။ဆားရည်နဲ့ ၂ရက်တစ်ခါ သုံးရက်တစ်ခါလောက် ပလုတ်ကျင်းပေးမယ်ဆိုရင် မကောင်းတဲ့ဘတ်တီးရီးယားပိုးတွေကိုသေစေဖယ်ရှားစေလို့ ခံတွင်းနံ့ဆိုးမထွက်စေပါဘူး။ဒီနည်းလမ်းကို ခံတွင်းနံ့ဆိုးထွက်သူတွေစမ်းသပ်လုပ်ကြည့်သင့်ပါတယ်။

*သွားကိုက်သွားနာဝေဒနာကို သက်သာလျော့ပါးစေတယ်
သိတဲ့အတိုင်း သွားကိုက်တာ၊သွားနာက အတော်လေးခံရခက်နာကျင်ပါတယ်။အစားလည်းကောင်းကောင်းစားလို့မရ၊ကောင်းကောင်းလည်းအိပ်မပျော်နဲ့ဖြစ်တတ်တာပါ။ဒီလိုသွားနာသွားကိုက်စဖြစ်တာနဲ့ ဆားနဲ့ရေနွေးနွေးလေး ပလုတ်ကျင်းပေးဖို့ မမေ့ပါနဲ့။အဲဒါဆို နာကျင်တာတွေလျော့ပါးပြီး ဘတ်တီးရီးယားပိုးတွေကိုဖယ်ရှားပေးနိုင်ပါလိမ့်မယ်။တစ်ရက်ကို တစ်ကြိမ်လုပ်ပေးပါ။

*ခံတွင်းအနာပေါက်တာ
ဒါကိုတော့ မကြာခဏဆိုသလိုကြုံဖူးကြမှာပါ။ခံတွင်းမှာအနာပေါက်တာက အရမ်းနာကျင်ပါတယ်။ဒီလိုအနာပေါက်တဲ့အခါမှာ အကောင်းဆုံးလုပ်နိုင်တဲ့နည်းလမ်းကတော့ ဆားရည်နဲ့ပလုတ်ကျင်းတာပါပဲ။ဆားရည်နဲ့ပလုတ်ကျင်းတာက နာကျင်မှုသက်သာစေပြီး မြန်မြန်ဆန်ဆန်ပျောက်ကင်းစေပါတယ်။

*သွားအပေါ်ယံကြွေလွှာကိုကာကွယ်ပေးတယ်
ဆားရည်နဲ့ခံတွင်းပလုတ်ကျင်းပေးခြင်းရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ သွားကြေလွှာတွေမပျက်စီးအောင် ကာကွယ်ပေးတာပါပဲ။မပျက်စီးစေတဲ့အပြင် ပိုပြီးတောင် ခိုင်မာလာစေပါတယ်။၂ရက်တစ်ခါ၊သုံးရက်တစ်ခါလောက် ဆားရည်နဲ့ပလုတ်ကျင်းပေးသင့်ပါတယ်။

ဒီနေရာမှာသတိထားရမှာက ဆားရည်နဲ့ပလုတ်ကျင်းတဲ့အခါ လိုအပ်တာထက်ပိုုပြီးမလုပ်ဖို့ပါပဲ။လည်ချောင်းနာတာ၊သွားကိုက်တာစတဲ့ဝေဒနာတွေမရှိဘူးဆိုရင်တစ်ပတ်ကို ၂ကြိမ် ၃ကြိမ်ပဲလုပ်ပေးသင့်ပါတယ်။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.