သင့်အမျိုးသားကသင့်အပေါ်အရင်ထက်ပိုပြီးစိတ်ဝင်စားမှုနည်းပါးလာတာဘာတွေကြောင့်ဖြစ်နိုင်လဲ…
Unicode
အချစ်ရေးမှာ အပေးယူမျှတဖို့လိုပါတယ်။ ကိုယ်ကသာပေးဆပ်ပြီးအများကြီးတွေချစ်ပင်မဲ့ ကိုယ့်လက်တွဲဖော်အမျိုးသားက တန်ဖိုးမထား ဥပေက္ခာပြုထားရင်လည်းအရာမထင်ပါဘူး။ နောက်တစ်ခုက အမျိုးသားတိုင်းရဲ့အကျင့်က သူတို့တကယ်ချစ်တဲ့မိန်းကလေးကို အရမ်းအသေးစိတ်ကအစ လိုက်ကြည့်နေတတ်တာပါပဲ။ သင်နဲ့ပတ်သတ်တဲ့သူတွေ၊ သင်နဲ့ပတ်သတ်တဲ့အကြောင်း တွေကို စိတ်ဝင်တစားသိချင်တတ်ကြပါတယ်။ ပြောချင်တာကတော့သင်နဲ့ပတ်သတ်ပြီးအလေးထားတဲ့သဘောပေါ့ ဒီလိုမှမဟုတ်ပဲ သင့်အပေါ်စိတ်ဝင်စားမှုနည်းပါးနေပြီဆိုရင်တော့ ဒါတွေကြောင့်ဖြစ်နိုင်ပါတယ်…
(၁) သူ့ရင်ထဲမှာအသစ်တစ်ယောက်ရှိနေပြီ
သူ့ရင်ထဲမှာ သင့်ထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရှိနေပါပြီ။ ဒါကြောင့်လည်း နောက်ပိုင်းသင့်အပေါ်စိတ်ဝင်စားမှုလျော့နေတာဖြစ်ပါလိမ့်မယ်။
(၂) မင်းကသူ့အတွက်သိပ်လွယ်တဲ့သူဖြစ်ခဲ့လို့
ကြိုးစားလို့ရတဲ့အရာ ခက်ခဲတဲ့အရာမျိုးကိုမှပိုပြီးတန်ဖိုးထားတတ်ကြတာလူ့သဘာဝပါ။ သူ့အတွက်သင်ကလွယ်ကူတဲ့ သူတစ်ယောက်ဖြစ်နေရင်တော့ သင့်ကိုချစ်ရင်တောင်သူဂရုစိုက်ပြဖို့မေ့နေပါလိမ့်မယ်။
(၃) မင်းတို့နှစ်ယောက်ဟာမတူညီတာတွေများပြားနေတယ်
မတူညီတာများတဲ့ အချစ်ရေးဟာ ပျင်းရိစရာကောင်းလှပါတယ်။ အထူးသဖြင့်ယောကျ်ားလေးတွေက သူတို့နဲ့ Type တူတဲ့မိန်းကလေးမျိုးကိုပဲလိုချင်တတ်ကြတာပါ။
(၄) ရည်မှန်းထားချက်တွေက တစ်ထပ်တည်းကျမနေဘူး
ဘဝကိုခံယူထားပုံခြင်း ရည်မှန်းချက်ခြင်းမတူတာတွေများလို့ စိတ်ကုန်ပြီး စိတ်မဝင်စားတော့တာလည်းဖြစ်နိုင်ပါတယ်။
(၅) မတူညီတဲ့အတွေးခေါ်အယူဆတွေကိုအမြဲလိုက်ညှိနေရတယ်
သင့်နဲ့သူနဲ့ကြားမှာ အမြဲတမ်း နားလည်မှုယူနေရပြီး အချိ်န်တိုင်းကလုပ်ယူထားရသလိုတွေဖြစ်နေတဲ့အခါသင့်အပေါ် စိတ်မရှိတော့တာဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပြောတာ..ကိုယ့်စိတ်နဲ့ထပ်တူမကျရင်ရွေးချယ်ဖို့မဖြစ်နိုင်ဘူးဆိုတာ။
(၆) သင့်ကိုချစ်ပင်မဲ့သူ့ဘဝအတွက်တစ်ချို့အရာတွေပြီးမှသင်ဖြစ်နေတတ်လို့
သင့်ကိုချစ်ပင်မဲ့သူ့ဘဝအတွက် အလုပ်တွ တစ်ခြားကိစ္စတွေကပိုအရေးပါတဲ့အခါ သင့်အပေါ်စိတ်မဝင်စားတာဟာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
114 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.