ဆုပေးပွဲကိုသိမ်းပိုက်ခဲ့ကြတဲ့ ကိုယ်တွေချစ်ရတဲ့အနုပညာရှင်တွေ…
Unicode
နိုဝင်ဘာ ၁၃ရက်နေ့က 38th Korean Association Of Film Critics Awards ဆုပေးပွဲအခမ်းအနားကိုကျင်းပခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်က အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့မင်းသားတွေ၊မင်းသမီးတွေ၊ဒါရိုက်တာတွေ၊အကောင်းဆုံးဇာတ်ကားတွေကိုရွေးချယ်ကာ ဂုဏ်ပြုဆုချီးမြှင့်တဲ့ပွဲဖြစ်ပါတယ်။ဒီဆုပေးပွဲမှာတော့ ကိုယ်တွေသဘောကျနှစ်သက်ရတဲ့မင်းသား၊မင်းသမီးတွေဟာ ဆုကိုယ်စီသိမ်းပိုက်ခဲ့ကြပါတယ်တဲ့။
Shin Ji Hye နဲ့ မင်းသား Kim Ji Hoon တို့က အစီအစဉ်ကြေညာသူအဖြစ်ဦးဆောင်ခဲ့ပါတယ်။ဒီပွဲမှာဆိုရင် မင်းသား Nam Joo Hyuk ဟာ “The Great Battle” ဇာတ်ကားနဲ့အကောင်းဆုံးမင်းသားဆုကိုရရှိခဲ့ပြီး မင်းသမီး Kim Ga Hee က “Park Hwa Young”ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသမီးဆုကိုရရှိခဲ့ပါတယ်။မင်းသား Nam Joo Hyuk က “ဒီလိုအကောင်းဆုံးမင်းသားဆုပေးအပ်ချိီးမြှင့်တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော့်ရဲ ့စီနီယာအစ်ကိုအစ်မတွေက အကောင်းဆုံးမင်းသားဆုဆိုတာ ကျွန်တော်တို့ရဲ့အလုပ်မှာ တကယ့်အထူးဆုလို့ မကြာခဏပြောလေ့ရှိပါတယ်။အခု ကျွန်တော်ဒီနေရာမှာရပ်နေရပြီ။ကျွန်တော့်အလုပ်တွေကို ဒီထက်ပိုကောင်းအောင်ဆက်လုပ်သွားမယ်လို့ကတိပေးပါတယ်”ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
Along with the Gods နဲ့နာမည်ကျော်ကြားတဲ့မင်းသား Joo Ji Hoon ကလည်း “The Spy Gone North” ဇာတ်ကားနဲ့ ဇာတ်ပို့မင်းသားဆုကိုရရှိခဲ့တယ်လို့သိရပြီး မင်းသမီး Kwon So Hyun က “Miss Baek” ဇာတ်ကားနဲ့ ဇာတ်ပို့မင်းသမီးဆုကိုရရှိခဲ့တယ်လို့သိရပါတယ်။မင်းသမီးချော Han Ji Min ကတော့ ‘Miss Baek’ ဇာတ်ကားနဲ့အကောင်းဆုံးမင်းသမီးဆုကိုထိုက်တန်စွာရရှိခဲ့တာပဲဖြစ်ပါတယ်။
၃၈ကြိမ်မြောက် Korean association film critics awards ပွဲမှာ အကောင်းဆုံးရုပ်ရှင်ကားကိုတော့ “1987: When the Day Comes” ဇာတ်ကားကရရှိခဲ့ပြီး အကောင်းဆုံးဒါရိုက်တာအဖြစ် ‘The Spy Gone North’ ဇာတ်ကားရိုက်ကူးခဲ့သူ Yoon Jong Bin ကရရှိခဲ့ပါတယ်။ပေးအပ်ချီးမြှင့်တဲ့ဆုတွေနဲ့တကယ်ကိုထိုက်တန်တဲ့အနုပညာရှင်တွေပါပဲ။Congratulations all!
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.