ကာဘာယီကို ခေါ်ချင်ရင် ပေါင် (၂၂)သန်းလို့ အာဆင်နယ်ကို နယူးကာဆယ်ဈေးခေါ်လိုက်ပြီ

article-2529145-1a3ccf9500000578-463_634x399.jpeg

ဒီနှစ်ဘောလုံးရာသီမှာ နယူးကာဆယ်အသင်းအတွက် အထူးခြေစွမ်းပြသလျက်ရှိနေတဲ့ ပြင်သစ်ကွင်းလယ်ကစား သမား ယိုဟန်ကာဘာယီကို အာဆင်နယ်နည်းပြ၀င်းဂါးက လာမယ့်ဇန်န၀ါရီအပြောင်းအရွေ့ဈေးကွက်ကာလအ တွင်း ခေါ်ယူသွားတော့မယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါပြီ။ ၀င်းဂါးအနေနဲ့ ကာဘာယီကို ယခုနှစ်ဘောလုံး ရာသီအစမှတည်းက ခေါ်ယူဖို့အတွက် ပေါင် (၁၀)သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးသေးပြီး ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်ဆီပြောင်းကစားချင်ပါတယ်လို့ ထုတ်ပြောခဲ့တာပါ။ ဒါပေမယ့်လည်း နယူးကာဆယ်ဘက်က မရောင်း ချင်ခဲ့တာကြောင့်   အကောင်အထည်မပေါ်ခဲ့ပါဘူး။ နယူးကာဆယ်အနေနဲ့ ၂၀၁၁ခုနှစ်မှာ ပြင်သစ်လီဂူးကလပ် လိုင်လီကနေ ပေါင်(၄)သန်းနဲ့ ခေါ်ခဲ့တဲ့ ပြင်သစ်သားအတွက် ဘာကြောင့် ပေါင်(၂၂)သန်းဈေးခေါ်ရသလဲဆိုရင်  ပြင်သစ်ဘီလျံနာဘောလုံးအသင်း ပီအက်စ်ဂျီကလည်း ခေါ်ယူချင်နေတာကြောင့်ပါပဲ။

ဒီနေရာမှာ တစ်ချက်ပြန်လည်သုံးသပ်ရမှာကတော့ အာဆင်နယ်အတွက် ကာဘာယီဟာ တစ်ကယ်လိုအပ်ပါရဲ့ လားဆိုတဲ့အချက်ပါပဲ။ လက်ရှိ အသင်းမှာ ဂျက်ဝီလ်ရှိုင်းယား(၂၂ပွဲ၊ ၄ဂိုး)၊ အာရွန်ရမ်ဆေး(၂၆ပွဲ၊  ၁၃ဂိုး)၊ မိုက် ကယ်အာတီတာ(၁၈ပွဲ၊ ၁ဂိုး)၊ ဖလာမီနီ(၁၆ပွဲ၊ ၁ဂိုး)၊ မီဇက်အိုဇေးလ်(၂၁ပွဲ၊ ၅ဂိုး)၊ ဆန်တီကာဇိုလာ(၁၉ပွဲ၊ ၁ဂိုး)၊ သောမတ်စ်ရိုဆစ်ကီ(၁၇ပွဲ) တို့လိုကွင်းလယ်ကစားသမားတွေရှိနေတာကြောင့် မလိုဘူးလို့ထင်ရပေမယ့် ကာ ဘာယီရဲ့ တိုက်စစ်လမ်းကြောင်းဖွင့်ကစားတတ်တဲ့ ကွင်းလယ်ကစားသမားရောက်လာခဲ့ရင် ပိုပြီးမြိုင်ဆိုင်လာ မယ့် အာဆင်နယ်ကစားကွက်ကို တွေ့လာရမှာဖြစ်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.