Lee Jong Suk က မင်းသမီး Lee Na Young ကိုသဘောကျတယ်ဆိုတဲ့အပေါ် Lee Na Young ရဲ့တုံ့ပြန်မှု
ဖြစ်ပါတယ်။
Unicode
မင်းသား Won Bin နဲ့လက်ထပ်ပြီး ရင်သွေးလေးတစ်ယောက်မွေးဖွားပြီးတဲ့အချိန်ထိ  အနုပညာလှုပ်ရှားမှုတွေ ၉နှစ်ကျော်နားထားခဲ့တဲ့ မင်းသမီး Lee Na Young ဟာ ပထမဆုံးအကြိမ်အဖြစ်”Romance Supplement”ဇာတ်လမ်းတွဲကိုပြန်လည်ရိုက်ကူးနေပါတယ်။မကြာခင်ထွက်ရှိလာမယ့်ဒီဇာတ်လမ်းတွဲမှာ မင်းသားချော Lee Jong Suk နဲ့တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ရက်နေ့က မင်းသမီးချောက အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ပြန်ရိုက်ရတဲ့ခံစားချက်နဲ့ပတ်သက်လို့ “အချိန်အတော်ကြာမှ ပြန်ရိုက်ရတဲ့ပထမဆုံးဇာတ်လမ်းတွဲဖြစ်ပေမဲ့ အဆင်ပြေပါတယ်။ရုပ်ရှင်ရိုက်နေစဉ်မှာလည်းရယ်စရာမောစရာလေးတွေနဲ့ပျော်ရွှင်ရပါတယ်။ရိုက်ကွင်းအခြေအနေ၊ပုံစံကအစ အများကြီးတိုးတက်ကောင်းမွန်လာတယ်လို့လည်း ကျွန်မထင်ပါတယ်”လို့ပြောပြသွားခဲ့ပါတယ်။
ဒါ့အပြင် မင်းသား Lee Jong Suk ဟာ သူသဘောကျတဲ့မိန်းကလေးက Lee Na Young လိုပုံစံမျိုးလို့ဖြေခဲ့ဖူးတာနဲ့ပတ်သက်လို့ အဲ့ဒါနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲမေးကြည့်တဲ့အခါမှာ Lee Na Young က “ကျွန်မတို့အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့မပြောခဲ့ဖူးဘူး။အခုမှ စလက်တွဲရိုက်ကူးဖြစ်တာကြောင့်လည်းဖြစ်ပါလိမ့်မယ်။ပြီးတော့ ကျွန်မကလည်း Lee Jong Suk ရဲ ့ပရိသတ်တစ်ယောက်ပါ။သူ့မှာ တမူထူးခြားတဲ့ကိုယ်ပိုင်ပုံစံ၊ကိုယ်ပိုင်စတိုင်လ်မျိုးရှိပါတယ်”ဆိုပြီး ဖြေခဲ့ပါတယ်။
Lee Jong Suk ဟာ Lee Na Young ကို ဘယ်လိုတောင်သဘောကျခဲ့လဲဆို သူမရဲ ့ရုပ်ရှင်အကြိုပြသပွဲတွေအထိ သွားကြည့်ခဲ့ပြီး သူငယ်ချင်းဖြစ်တဲ့ Kim Woo Bin ကိုလည်း Lee Na Young ရဲ ့လက်မှတ်လိုချင်တယ်လို့ပြောခဲ့ဖူးပါတယ်တဲ့။အခုတော ့သူ့ရဲ ့ideal Type မင်းသမီးက သူ့ပရိသတ်ပါလို့ပြောလိုက်ပါပြီ။
“Romance Supplement” ဇာတ်လမ်းတွဲဟာ Lee Jong Suk ရဲ ့ပထမဆုံးအချစ်ဟာသဇာတ်လမ်းတွဲဖြစ်ပြီး နောက်နှစ်ဇန်နဝါရီလထဲမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ပရိသတ်တွေလည်းစောင့်မျှော်အားပေးကြဦးနော်။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.