မိန်းကလေးသူငယ်ချင်းတွေကြားမှာ သင့်အပေါ်အဆိပ်အတောက်ဖြစ်စေတဲ့သူငယ်ချင်းမျိုးတွေရှိနေတတ်ပါတယ်…

မိန်းကလေးအချင်းချင်းက ယောက်ျားလေးတွေထက်ပိုပြီး စိတ်ပုပ်စိတ်ယုတ်ထားတတ်ကြပါတယ်။ မနာလိုစိတ်လည်းပိုပြီးများတတ်ကြပါတယ်။ မိန်းကလေးသူငယ်ချင်းတိုင်းကိုမဆိုလိုပင်မဲ့ တစ်ချို့မိန်းကလေးတွေကတော့ ခင်ချင်ယောင်ဆောင်ပြီး ကိုယ့်အပေါ် စိုးမိုးအနိုင်ယူလိုသူတွေများတတ်ပါတယ်။ ဆိုတော့ ဘယ်လိုမိန်းကလေးသူငယ်ချင်းမျိုးတွေက ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့မိန်းမမျိုးတွေလဲ…ဘယ်လိုလူတွေကိုသူငယ်ချင်းအဖြစ်ကနေရှောင်ရှားသင့်သလဲဆိုတာ…

(၁) သင်အဆင်ပြေနေရင် သူဒေါသထွက်တတ်တယ်

သင့်ရဲ့အကျိုးကိုမှမလိုလားတာ…သင်အဆင်မပြေရင်သူဝမ်းသာတာမဆန်းပါဘူး …ဒီလိုပဲ သင်စိတ်ချမ်းသာနေရင်လည်းသူဒေါသထွက်နေမိမှာပါ။

(၂) ဒီနေ့သူနဲ့တွေ့ခဲ့ရင် နောက်နေ့သင့်မှာ စိတ်ညစ်စရာတစ်ခုထက်တိုးလာတတ်တယ်

သင်ဟာသူနဲ့တွေ့တဲ့အချိန်မှာတော့ အဆင်ပြေနေပင်မဲ့သူပြန်သွားနောက်မှာတော့ သူပြောခဲ့တဲ့စကားတစ်ချို့ကြောင့်ခွန်အားမဖြစ်ပဲ စိတ်ညစ်စရာပိုတိုးလာတတ်တယ်ဆိုရင်သူဟာသင့်အတွက်အဆိပ်အတောက်ဖြစ်စေတဲ့သူငယ်ချင်းတစ်ယောက်ပါပဲ။

(၃) သင်အားတယ်မအားဘူး မစဉ်းစားပဲ သူ့အတွက်ပဲသင့်ကို အချိန်တော်တော်များများကုန်စေတယ်

အလိုက်မသိတတ်တာမျိုးပါ။ သင်အားတာမအားတာထက် သူ့အတ္တကိုပဲဦးစားပေးတတ်တဲ့သူမျိုးပါ။

(၄) သင်နဲ့ပုံစံတူတွေထပ်တူလိုက်လုပ်လေ့ရှိတယ်

သင့်နဲ့ပုံစံတူတွေတစ်ချိန်လုံးလိုက်လုပ်နေတတ်တယ်။ ပြောချင်တာက သင်လုပ်သလိုအားလုံးအတုခိုးပြီးလိုက်လုပ်နေတာမျိုးပေါ့…အတုခိုးတယ်ဆိုတာကောင်းပင်မဲ့ နေရာတကာကိုယ့်ပုံစံလိုက်လုပ်နေတော့ နေရခက်တာတော့အမှန်ပါပဲ။

(၅) သင့်ထက်ပိုပြီးအစစအရာရာသာချင်တတ်တဲ့စိတ်နဲ့အမြဲလိုက်ပြိုင်ဆိုင်နေတတ်တယ်

သင့်ထက်ပိုပြီးအစစအရာရာသာချင်တဲ့စိတ်ကြောင့် သင့်နဲ့အမြဲလိုက်ပြိုင်နေတတ်ပါတယ်။

(၆) သင့်အတွက်မကောင်းတဲ့ အကြံဥာဏ်ဆိုးတွေကိုပဲပေးတတ်ကြတယ်

သင်ကိုယ်ကျိုးနည်းစေဖို့အတွက်ပဲရည်ရွယ်ပြီးအကြံဥာဏ်ဆိုးတွေကိုပေးတတ်ကြပါတယ်။

(၇) သူ့မှာချစ်ရမဲ့အသစ်တစ်ယောက်ရှိသွားတဲ့အခါသင့်ကို လုံးဝဥပေက္ခာပြုသွားကြတယ်

သင့်အပေါ် လိုတဲ့အချိန်မှာသာ ကောင်းမွန်စွာဆက်ဆံတတ်ပြီး သူတို့အတွက်သာတဲ့သူတွေ့သွားတဲ့အခါ သင့်ကို ဥပေက္ခာပြုသွားတတ်ကြပါတယ်။

42 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.