2018 Top-Rated အနေနဲ့ ကြည့်ရှုသင့်တဲ့ TV​ ရှိုးများ

အတွေးမျိုးစုံနဲ့ ရသပေါင်းစုံခံစားရမယ့် TV Series ကောင်းကောင်းတွေကို ကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် ဇာတ်လမ်းတွဲတွေကို သဘောကျနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။

Patrick Melrose

Genre: drama
IMDb rating: 8.4

အဓိက သရုပ်ဆောင် Patrick Melrose(Benedict Cumberbatch) ဟာ အရက်နဲ့
မူးယစ်ဆေး စွဲနေသူအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ငယ်ဘဝကြမ်းတမ်းမှုကြောင့် အခုချိန်မှာ အကျင့်ဆိုးတွေကို ကြိုးစားဖျောက်ဖျက်နေရင်း မိဘတွေကိုလည်း ခွင့်လွှတ်တတ်လာကာ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို တည်ဆောက်နိုင်ခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Wild Wild Country


Genre: crime, documentary
IMDb rating: 8.3
Oshoဟာ အငြင်းပွားဖွယ် ဟိန္ဒူဘာသာရေးခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့လက်ထောက်ဖြစ်သူ Ma Anand Sheela ရဲ့အကူညီနဲ့ utopian city ကိုတည်ထောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Oshoရဲ့အကြောင်းကို အပြည့်ဝခံစားရမှာဖြစ်သလို ၂ဝရာစုနှစ်ရဲ့သြဇာအလွှမ်းဆုံးအရာတွေကိုလည်း တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။

Champions


Genre: comedy
IMDb rating: 8
၁၅နှစ်သားလေး မိုက်ကယ်နဲ့ သူ့ရဲ့အမေအတူ နယူးယော့မြို့ ကိုပြောင်းလာပြီး အနုပညာကျောင်းတစ်ခုကိုတက်ခဲ့တယ်။ သူ့ရဲ့အမေက မိုက်ကယ်ကိုအဖေဖြစ်သူနဲ့ အစ်ကိုကို မိတ်ဆက်ပေးတယ်။ မိုက်ကယ်အဖေမှာချန်ပီယံဆိုတဲ့ Gym ကိုပိုင်ဆိုင်ထားတယ်။ မိုက်ကယ်လေးကို ကိုယ်ဝန်နဲ့ထားခဲ့တည်းက အဖေက သူ့သားငယ်ကို တခါမှမြင်ဖူးခဲ့တာမဟုတ်ဘူး။ နောက်တော့ သူတို့ဟာ စစ်မှန်တဲ့မိသားစုအဖြစ်ပေါင်းစည်းဖို့ ကြိုးစားခဲ့ပုံကို မြင်တွေ့ရမှာပါ။ ရယ်စရာဟာသလေးတွေပါတဲ့အတွက် ကြည့်ရှုသူကို မြူးစေမှာပါ။

The Handmaid’s Tale


Genre: fiction, drama
IMDb rating: 6
ဒီဇာတ်ကားဟာ totalitarian cityမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်လို့မရတဲ့ မျိုးသမီးတွေနဲ့ စစ်သားတွေဘဝကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နိုင်ခဲ့တဲ့အမျိုးသမီးရှိရင်လည်း ဒီကလေးကို အစိုးရဆီပေးရတယ်။ တစ်ချို့ ပြည်သူတွေက ဒီသတ်မှတ်ချက်ကြီးကို လက်မခံချင်ကြဘူး။ ဘာကြောင့် ကလေးတွေကို အစိုးရဆီပေးရတာဖြစ်မလဲ? The Handmaid’s Tale ဟာ ၂၀၁၇ခုနှစ်မှာ Emmy Award ဆုကို ရရှိခဲ့ပါတယ်။

Killing Eve


Genre: drama
IMDb rating: 8.5
Eve ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့အမှုတွေကို လိုက်စုံစမ်းချင်တယ်။ ဒါပေမယ့် သူမအလုပ်ဟာ ပျင်းစရာတာဝန်တွေနဲ့ပဲ ပြည့်နှက်နေခဲ့တယ်။ လက်တွေ့လိုက်ရတာမျိုးမရှိပဲ ရုံးမှာထိုင်ပြီး စာရွက်စာတမ်းတွေနဲ့သာအချိန်တွေကုန်ဆုံးခဲ့ရတယ်။ Eve ဟာနောက်ဆုံးတော့ သူမက ပရော်ဖက်ရှင်နယ်ဆန်တယ်ဆိုတာကို သက်သေပြခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ စီးရီးမှာ သန်မာထက်မြက်တဲ့ အမျိုးသမီးနှစ်ယောက်က သင့်ကို မတူညီတဲ့ခံစားချက်တွေပေးစွမ်းနိုင်မှာပါ။

51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.