အပူများပြီးခြောက်သွေ့လွန်းတတ်တဲ့သင့်မျက်လုံးအတွက်…



ဖုန်း(သို့) ကွန်ပျူတာ တစ်ခုခုကိုသုံးတဲ့အခါ မျက်လုံးနဲ့အနီးကပ်ကြီးသုံးတာမျိုးမလုပ်ပဲ ခပ်လှမ်းလှမ်းကနေသုံးပေးဖို့လိုပါတယ်။

(၂) ရေနွေးထုတ်ကပ်ပါ


(၃) ရေများများသောက်ပါ


(၄) သခွာသီးကပ်ပါ




Unicode

မျက်လုံးဆိုတာ လူတစ်ယောက်အတွက်သိပ်ကိုအရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ သိပ်လည်းနုတဲ့နေရာဖြစ်လို့သတိထားဖို့တော့လိုပါတယ်။ ကဲဆိုတော့…သင့်ရဲ့မျက်လုံးလေးတွေအပူများပြီးခြောက်သွေ့ယာယံတာမျိုး မဖြစ်စေအောင် ဘာတွေလုပ်သင့်သလဲ…

(၁) ဖုန်း(သို့) စက်ပစ္စည်းတစ်ခုခုကိုသုံးတဲ့အခါ ခပ်ခွာခွာသုံးပါ

ဖုန်း(သို့) ကွန်ပျူတာ တစ်ခုုခုကိုသုံးတဲ့အခါ မျက်လုံးနဲ့အနီးကပ်ကြီးသုံးတာမျိုးမလုပ်ပဲ ခပ်လှမ်းလှမ်းကနေသုံးပေးဖို့လိုပါတယ်။

(၂) ရေနွေးထုတ်ကပ်ပါ

နွေးနေတဲ့ရေနွေးလေးကို အဝတ်နဲ့ပတ်ပြီးမျက်လုံးပေါ်ကို ကပ်ပေးပါ။ ကြက်ထုတ်ထိုးသလိုမျိုးလေးလုပ်ပေးတာမျိုးဖြစ်ပါတယ်။

(၃) ရေများများသောက်ပါ

ရေများများသောက်တဲ့သူနဲ့ရေနည်းနည်းသောက်တဲ့သူနဲ့က မျက်လုံးသား အိမ်ကျန်းမာမှုချင်းကွာခြားပါတယ်။ ရေများများသောက်ခြင်းက ပိုလို့ မျက်သားကိုအေးစေပြီးအပူငြိမ်းစေပါတယ်။

(၄) သခွာသီးကပ်ပါ

သခွာသီးကို မျက်လုံးပေါ်တွေရော မျက်နှာတစ်ခုလုံးရောပေါင်းတင်နဲ့အနေနဲ့ကပ်ပေးလို့ရပါတယ်။ သခွားသီးကအပူစုပ်တာကြောင့် မျက်လုံးကိုအပူကင်းစေပါတယ်။

(၅) အဆီများတဲ့ငါးကိုစားပါ(သို့) Omega-3 သောက်ပေးပါ

ငါးကြီးဆီ(သို့) အဆီများများပါတဲ့ငါးကို စားသုံးခြင်းကသင့်မျက်စိကို ပိုလို့ကျန်းမာစေပါတယ်။ မျက်လုံးအပူများခြင်း၊ မျက်လုံးနာခြင်းနဲ့ မျက်သားတတ်ခြင်းတွေကိုကာကွယ်ပေးနိုင်ပြီး မျက်လုံးအားကောင်းစေပါတယ်။

 

114 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.