ဘယ်သန်တွေ ဘာကြောင့်ပိုဥာဏ်ကောင်းကြတာလဲ ?

လူတော်တော်များများဟာ ညာသန်ကြတာများပါတယ်။ မင်းဟာ ဘယ်သန်ဆိုရင်အားလုံးထဲမှ ထူးခြားသူတစ်ယောက်ပေါ့။ ဘယ်သန်တွေဟာ လူဦးရေရဲ့၁ဝရာခိုင်နှုန်းလောက်ပဲရှိတာပါ။ ဘယ်သန်တွေမှာ ထူးခြားတာတစ်ခုတာ သူတို့ကဥာဏ်ကြီးရှင်တွေဖြစ်တယ်။ ဘားရက် အိုဘားမားနဲ့ ဘေလ်ဂိတ်တို့ဟာလည်း ဘယ်သန်သမားတွေဖြစ်ပါတယ်တဲ့။

ဒီလိုပြောလို့ ဘယ်သန်တွေပဲ ဥာဏ်ကောင်းတယ်၊ ညာသန်တွေကတော့ ဥာဏ်ရည်နိမ့်တယ်လို့ မဆိုလိုပါဘူး။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီးသားပါ။ အလွန်နည်းပြားလှတဲ့ ဘယ်သန်သမားတွေရဲ့ထူးခြားချက်လေးတွေကို တီးမိခေါက်မိလိုက်တဲ့အခါ…

IFL Science ရဲ့လေ့လာမှုအရ ဘယ်သန်တွေမှာ ညာဘက်ဦးနှောက်ခြမ်းက ပိုဖွံဖြိုးနေပါတယ်။ ဒီတော့သူတို့မှာ နားလည်သဘောပေါက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ အကျိုးအများကြီးရှိပါတယ်။ ဘယ်သန်တွေမှာ လက်နှစ်ဖက်လုံးနဲ့ ဘာလုပ်လုပ်အဆင်ပြေပါတယ်။ ပြဿနာတစ်ခုဖြစ်တာနဲ့ ဘယ်သန်တွေဟာ ခေါင်းအေးအေးနဲ့ ပိုပြီးဖြေရှင်းနိုင်ပါတယ်။ သင်္ချာကိစ္စတွေဖြေရှင်းရာမှာလည်း ဘယ်သန်တွေကဦးနှောက်ပြေးပြေးနဲ့ တွက်ချက်နိုင်ပါတယ်။

ကဲ…ဘယ်လိုလဲ.. ဘယ်သန်လေးတွေရှိကြလား.. သူငယ်ချင်းတွေထဲမှာ ဘယ်သန်လေးတွေရှိရင် မျှဝေပေးလိုက်ပါဦးနော်…

923 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.