Solo Artist အနေနဲ့ ပထမဆုံးပွဲဦးထွက်တော့မယ့်အကြောင်းပြောလာတဲ့ Jennie

Solo Artist အဖြစ် ပွဲဦးထွက်ရမယ့် Jennie က သူမရဲ့အမြင်ကို ပြောပြလာခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၂ရက်နေ့မှာ Jennie ရဲ့ ” Solo” အတွက် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး
တကယ်တမ်း ထွက်ရှိလာတော့မယ်ဆိုတော့ မယုံနိုင်ခဲ့ဘူး။ အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားထားပါတယ်လို့ ပြောကြားသွားပါတယ်။

Solo အတွက် Yang Hyun Suk ရဲ့အကြံပေးစကားတွေကိုလည်း Jennie ကပြောပြခဲ့ပါတယ်။
” ဒီ solo အတွက် သူအများကြီးလည်း စိတ်ပူပန်ပေးခဲ့ပါတယ်။ နေ့တိုင်း သူ့ဆီက မက်ဆေ့ခ်ျတွေဝင်တယ်။ လိုချင်တဲ့ ပန်းတိုင်ရောက်အောင် သူကတစ်ဆင့်ချင်းစီတွဲခေါ်ပေးပါတယ်။ အရမ်းစိတ်လှုပ်ရှားပြီး ရှက်နေမယ်ဆိုတာ သိတယ်။ ဒါပေမယ့် နင်လုပ်နိုင်တယ်..စင်ပေါ်မှာ ယုံကြည်မှုရှိရှိ ဖျော်ဖြေဆိုပြီး ကျွန်မကို အများကြီးအားပေးနှစ်သိမ့်ခဲ့ပါတယ်။

Jennie ဟာ BLACKPINK ရဲ့ပထမဆုံး solo artist အဖြစ် ပွဲထွက်မယ့် အဖွဲ့ဝင်ပါပဲ။ solo tracks တွေကို အားလုံးဝိုင်းဝန်းပြင်ဆင်ပေးခဲ့သလို အများကြီးလည်း ပျော်ခဲ့ရပါတယ်တဲ့။ ဒီကနေ့ ညနေ ၆နာရီဆို ”SOLO” ထွက်ရှိတော့မှာဖြစ်ပါတယ်။

61 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.