ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ရုံးပတီဖျော်ရည်လေး အိမ်မှာ သောက်ကြမယ်

ရုံးပတီကြိုက်တဲ့ သူတွေအတွက်တော့ ဒီဖျော်ရည်လေးကို အကြိုက်တွေ့မယ်ထင်ပါတယ်။ အိမ်မှာ
ရုံးပတီကို ကြော်စားစား၊ ပြုတ်စားစား ဘာလာလာဆွဲတဲ့သူတွေအတွက် ဒီဖျော်ရည်ကိုလည်း အချိန်ပေးပြီး လုပ်သောက်ပေးပါ။ ရုံးပတီဟာ ဝိတ်ချတဲ့နေရာမှာတင်မဟုတ်ပဲ ကျန်းမာရေးအတွက် အာနိသင်ကောင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။

ဒီဖျော်ရည်ကိုသောက်မယ်ဆိုရင်တော့ အောက်ပါ ကျန်းမာရေးအာနိသင်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 အမျှင်ဓာတ်ကြွဝ
ရုံးပတီမှာ အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် သင့်ရဲ့အစာခြေစနစ်ကို ကောင်းကောင်းလုပ်ဆောင်ပေးနိုင်ပါတယ်။ အကျိုးကျေးဇူးများစွာ မင်းရဲ့အစာခြေစနစ်ကိုလုပ်ပေးရုံမက သွေးထဲရှိ သကြားဓာတ်ကိုလည်း ညီမျှအောင် ကူညီပေးနိုင်ပါတယ်။

ပင်ပန်းမှုတွေလျော့ကျစေ
နေ့စဉ် ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းလုပ်ပေးပြီး ရုံးပတီနဲ့တွဲစားပေးရင် သင့်ကိုဝိတ်အမြန်ကျစေပြီး တစ်နေ့တာ ပင်ပန်းမှုဒဏ်ကို ကောင်းကောင်းခုခံနိုင်ပါသေးတယ်။ စိတ်ကြည်လင်လန်းဆန်းပြီး ဘာလုပ်လုပ် ဦးနှောက်ကိုလည်း ပြေးစေပါတယ်။

စိတ်ဖိစီးမှု လျော့ကျစေ
The Scientific World Journal မှ နောက်ထပ်ရှာဖွေ လေ့လာမှုတစ်ခုကို ဖော်ပြထားပါတယ်။ ရုံးပတီမှာ antioxidant တွေပါဝင်တဲ့အတွက် စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးနိုင်ပါသေးတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ညတွေကောင်းကောင်း အိပ်ပျော်စေပါတယ်။

ရုံးပတီဖျော်ရည် လုပ်နည်း
– ရုံးပတီ နှစ်တောင့် ၊ သုံးတောင့်ကို အလည်ကဖြတ်လှီးပြီး အပိုင်းပိုင်းလေးတွေ ထပ်လှီးပါ။
ကိုယ်သောက်သလောက် ခွက်ထဲရေထည့်ပြီး ရုံးပတီတွေကို တစ်ညလောက်ထည့်စိမ်ထားပါ။ မနက်ရောက်ရင် ရုံးပတီတွေကိုဖယ်ပြီး ကျန်တဲ့ရေတွေကို သောက်လိုက်ရုံပါပဲ။ အရည်တွေက နည်းနည်းတော့ ချွဲပျစ်ပျစ်နိုင်ပေမယ့် အရသာအရမ်းဆိုးတဲ့ထဲတော့ မပါပါဘူး။ လုပ်ရလည်း လွယ်ကူပြီး ကျန်းမာရေးအတွက် အသုံးဝင်တာမို့ အိမ်မှာပုံမှန်လုပ်သောက်ကြည့်ပါနော်…

385 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.