ခွေးလေးတွေ သင့်မျက်နှာလျှက်တာကို ခွင့်ပြုသင့်လား

ခွေးလေးတွေဟာ လူတွေနဲ့အရင်းနှီးဆုံး အကောင်းဆုံးမိတ်ဆွေတွေပါပဲ။ သူတို့လေးတွေဟာ သင့်ကိုချစ်ရင်လျှာနဲ့လျက်ပါတယ်။ သခင်တွေကလည်း ချစ်လို့ ဒါကိုဘာမှမဖြစ်ဘူး ထင်ပေမယ့် တကယ်တမ်းတော့ ဒီလိုလုပ်တာကို ခွင့်မပြုသင့်ပါဘူး။ မမြင်နိုင်တဲ့ ဘတ်တီးရီယား ပိုးမွှားတွေက သူတို့လေးတွေရဲ့လျှာမှာ ကပ်တွယ်နေတာပါ။

ခွေးလေးတွေရဲ့ ပါးစပ်ဟာ လူတွေရဲ့ပါးစပ်လောက် ဘယ်သန့်ရှင်းမှာလဲ။ Dog Expert
တစ်ယောက်ဖြစ်တဲ့ Marty Beckerက ဘာကြောင့်လဲဆိုတာ ရှင်းပြထားပါတယ်။

ခွေးလေးတွေက သူတို့ကိုက်ချင်တာ ကိုက်နေတတ်တာဆိုတော့ တစ်ခါတစ်လေ ကိုယ်ကသတိမထားမိတဲ့အခါ ဘာတွေစားထားမှန်း သတိထားမိမှာမဟုတ်ဘူး။ မျက်လုံးနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေဆိုတာ နေရာတိုင်းမှာ ကပ်တွယ်နေတာပါ။ သူတို့လျှာကနေတစ်ဆင့် ရောဂါပိုးမွှားတွေ ကူးစက်ပေါက်ပွားနိုင်မှုရာခိုင်နှုန်းဟာ များပါတယ်။

တတ်နိုင်ရင်တော့ ရှောင်တာကောင်းပါတယ်။ ခွေးကတော့ နားလည်မှာမဟုတ်ဘူး။ ဒါပေမယ့် သင်ရှောင်ပါများရင် သူလည်းဒီလိုလုပ်တာကို ရပ်သွားပါလိမ့်မယ်။ ခွေးနဲ့ တရင်းတနှီးပွတ်သပ် ကိုင်တွယ်ပြီးရင်လည်း လက်ကို သေချာဆေးကြောသန့်စင်ပေးဖို့ လိုပါတယ်။ အစာကျွေးတဲ့နေရာမှာလည်း သူတို့လေးတွေအတွက် သန့်ရှင်းတဲ့အစားစာတွေကိုပဲ ကျွေးပါ။ သူတို့ရဲ့သွားတွေကိုလည်း သေချာတိုက်ပေးပါ။ ခွေးရဲ့ခံတွင်းကျန်းမာရေးကလည်း အရေးကြီးပါတယ်။ အောက်မှာ ဒီအကြောင်းရာနဲ့ပတ်သတ်ပြီး ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်လေးဖော်ပြပေးလိုက်ပါတယ်။

200 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.