”Memories Of The Alhambra” ဇာတ်ကားအတွက် ပြင်ဆင်ခဲ့ပုံကို ပြောပြခဲ့တဲ့ Park Shin Hye

tvN ရဲ့အသစ်ထွက်ရှိလာတော့မယ့် ”Memories Of The Alhambra” ဇာတ်ကားမှာ မင်းသမီးချောလေးPark Shin Hye ကို Jung Hee Joo ဆိုတဲ့ ဇာတ်ရုပ်အနေနဲ့ ပြန်လည်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ Jung Hee Joo ဆိုတဲ့ မိန်းကလေးဟာ ဂီတပညာကို ဝါဿနာကြီးသူတစ်ယောက်ဖြစ်ပြီး သူမ အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ စပိန်ကိုသွားခဲ့တယ်။ ဒါပေမယ့် မိသားစုအရေးကရှိလေတော့ သူမမိသားစုပိုင် hostel လေးကို သူမဦးစားဖို့ အကြောင်းဖြစ်လာတယ်။ Park Shin Hye ဟာ ဒီဇာတ်ကားမှာ သတ္တိရှိ စိတ်ဓာတ်ခိုင်မာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့မကြောက်ရွံ့တဲ့မိန်းကလေးအဖြစ် အသက်သွင်း သရုပ်ဖော်ထားပါတယ်။

သူမ Hostel ကိုလည်း ဦးစားတယ်..ဂစ်တာတီးတာကိုလည်း လက်မလျော့ခဲ့ဘူး။ Hostelက ဂရီနေဒါနိုင်ငံမှာရှိတာကြောင့် တစ်ချို့ စကားပြောခန်းတွေမှာ စပိန်စကားတွေပါဝင်တယ်လို့ Park Shin Hyeကပြောပါတယ်။ တတ်နိုင်သလောက် သဘာဝတိုင်းဖြစ်အောင် လေသံထွက်နိုင်ဖို့အတွက် စပိန်ဘာသာစကားကိုလည်း သူမ လေ့လာခဲ့ပါတယ်။ Tour Guide အနေနဲ့လည်း သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် guide တွေရဲ့ စာအုပ်စာပေတွေကိုလည်း ဖတ်ရှုလေ့လာခဲ့ပါတယ်တဲ့။

Image result for Memories Of The Alhambra

ဂီတပညာဟာ အရမ်းလေးနက်တဲ့အတွက် သူမအနေနဲ့ ဒါကိုလေ့လာတဲ့အခါ ဖိစီးမှုတွေများခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။ ဒီဇာတ်ကားအတွက် Cast နဲ့ crewတွေအားလုံး အပြင်းထန်ကြိုးစားထားကြပါတယ်။ ဒီဇင်ဘာ ၁ရက်နေ့ဆို ထွက်ရှိတော့မှာဆိုတော့ ရင်ခုန်နေကြပြီလား…

119 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.