တကယ်ဆင်းရဲတဲ့ စုံတွဲမျိုးဆိုတာ…ဒါမျိုးပါ…











Unicode

ဆင်းရဲတဲ့အတွဲဆိုတာ အမှန်တကယ်က ကိုယ်ဆင်းရဲတဲ့အတွဲမျိုးကိုပြောတာမဟုတ်ပါဘူး။ အစစအရာရာပြည့်စုံနေရင်တောင် နေ့စဉ် စိတ်ဆင်းရဲနေရတဲ့အတွဲမျိုးကိုပြောတာပါ။ တစ်ယောက်နဲ့တစ်ယောက်မေတ္တာမျှလို့ချစ်ကြတယ်၊ တွဲကြတယ်၊ သာယာပျော်ရွှင်ချင်လို့ချစ်ကြတာပဲမလာ။ ချစ်တဲ့သူနဲ့ပျော်ချင်ကြတာပဲမလား…ဒီလိုဖြစ်မလာပဲနေ့တိုင်းလိုလိုအကြိမ်ကြိမ်ပူလောင်နေရင် ဒါကို ဘယ်ချမ်းသာတဲ့အချစ်လို့ခေါ်မလဲ …

(၁) သူနဲ့မင်းကအမြဲတစ်ယောက်ကို တစ်ယောက်ကြင်နာချစ်ခင်ကြလား

(၂) တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးဒေါသဖြစ်တဲ့အခါ ခြေပါလက်ပါမလုပ်ပဲ ညှိနှိုင်းရင်းနဲ့ပြန်ချစ်သွားတတ်ကြလား

(၃) တစ်ယောက်ဖြစ်တည်မှုကိုရောတစ်ယောက်လေးစားရဲ့လား

(၄) သစ္စားတရားဆိုတာကိုရော အချင်းချင်းစောင့်ထိန်းကြရဲ့လား

(၅) မင်းဘဝအတွက်ထိခိုက်မယ်ထင်တဲ့အရာတွေကိုသူရှောင်ပြီး မင်းကရော သူကောင်းစားဖို့ဆိုတာမျိုးအပြန်အလှန်တွေးပေးတတ်ကြလား

(၆) တစ်ယောက်ကိုတစ်ယောက်ညှာတာထောက်ထားကြလား

(၇) အချိန်တွေဘယ်လောက်ကြာကြာ လူအချင်းချင်းရိုးသွားရင်တောင် တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့မေတ္တာတွေကရိုးမသွားကြဘူးမလား

(၈) မင်းရောသူရောမှာ အားနည်းချက်ကိုယ်စီရှိကြပင်မဲ့ တစ်ယောက်နဲ့တစ်ယောက်အားနည်းချက်မှန်သမျှကို ဖော့တွေးပြီးအားသာချက်တွေကို ပိုတွေးပေးနေတတ်ပြီလား

အိုကေ…သေချာပါပြီ…ဒီအချက်တွေသာ သင်တို့ RS မှာရှိနေပြီဆိုရင် သင့်ဘဝမှာ အချစ်ရေးဟာ ချမ်းသာနေပါပြီ…ဘယ်တွေဘယ်လိုလိုအပ်ချက်ရှိနေရင်တောင် အချစ်ရေးနဲ့ပတ်သတ်ရင်တော့ သင်ချမ်းသာနေပါပြီ….စိတ်ထားမွန်မြတ်တဲ့စုံတွဲတိုင်း ချမ်းသာတဲ့အချစ်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

40 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.