ၾကမ္းျပင္ေပၚမွာအိပ္တဲ႔အခါ သင့္အတြက္ဒီလုိအက်ိဳးေက်းဇူးေလးေတြရလာပါလိမ့္မယ္

ေမြ႔ယာေပၚမွာ မအိပ္ပဲ ၾကမ္းျပင္ေပၚမွာအိပ္တဲ႔အခါ က်န္းမာေရးေကာင္းက်ိဳးေလးေတြရရွိႏုိင္ပါသတဲ႔။ေမြ႔ယာအထူအပါးစသျဖင့္ေရြးခ်ယ္အိပ္တာဟာ သက္ေတာင့္သက္သာရွိတယ္ဆုိေပမဲ႔ ၾကမ္းျပင္ေပၚမွာ ေခါင္းအံုးတစ္လံုးနဲ႔ဒီတုိင္းအိပ္လိုက္တာကလည္း သူ႔အက်ိဳးေက်းဇူးနဲ႔သူရွိေနပါတယ္။
ဘာေတြလဲဆုိတာ ဖတ္ၾကည့္လိုက္ပါဦး။

*ခါးနာ၊ေက်ာနာေ၀ဒနာျဖစ္ပြားမႈကုိေလ်ွာ့ခ်ေပးတယ္
ၾကမ္းျပင္ေပၚမွာအိပ္တာက ေက်ာရုိးအတြက္ေကာင္းမြန္ေစပါတယ္တဲ႔။ႏူးည့ံတဲ႔ေမြ႔ယာနဲ႔မအိပ္ရတဲ႔အခါ ေက်ာရုိးက သူ႔ရဲ႔ပံုမွန္လုပ္ငန္းစဥ္တာ၀န္ကုိ အကူအညီမပါပဲ ကိုယ့္ဘာသာထမ္းေဆာင္ရတဲ႔အတြက္ ခႏၶာကုိယ္အေနအထားကုိသဘာ၀အတိုင္းမွန္ကန္ေစျပီး ခါးနာ၊ေက်ာနာျဖစ္ျခင္းကုိ
ကာကြယ္ေပးပါတယ္။ခါးနာေက်ာနာတတ္သူေတြ ၾကမ္းျပင္ေပၚမွာအိပ္တဲ႔အေလ့အက်င့္ကုိေမြးျမဴထားရင္ပိုေကာင္းပါတယ္။ၾကမ္းျပင္မွာအိပ္တာဟာ ကုိယ္ေတြရဲ႔ေသးငယ္တဲ႔ၾကြက္သားေတြကုိပုိမိုသန္မာလာေစျပီး ေမြ႔ယာနဲ႔အိပ္တာထက္ ဒီတုိင္းအိပ္တာက ခႏၶာကုိယ္အေၾကာေတြကုိႏွိပ္နယ္ေပးသလိုလည္းျဖစ္ေစပါတယ္။အိပ္တဲ႔အခါမွာလည္း ပက္လက္လွန္အိပ္တာကသာ အေကာင္းဆံုးအိပ္စက္မႈပံုစံျဖစ္တယ္ဆုိတာ မေမ့ပါနဲ႔။

*ခႏၶာကုိယ္ပံုစံအေနအထားတုိးတက္ေကာင္းမြန္ေစတယ္
ခါးကုိင္းတာ၊လက္ျပင္ကုန္းတာစတဲ႔ခႏၶာကုိယ္အေနအထားပံုစံမမွန္တာလည္းမျဖစ္ေစေတာ့ပါဘူး။ၾကမ္းျပင္ေပၚမွာအိပ္္တဲ႔အခါ ေနာက္ေက်ာ၊လည္ပင္းနဲ႔ဦးေခါင္ရုိးက ေျဖာင့္မတ္လာပါတယ္။ခႏၶာကုိယ္ပံုစံမွန္ေစျပီး လည္ပင္းအေၾကာတတ္တာ၊နာက်င္တာလည္းမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

*ေကာင္းမြန္စြာအိပ္စက္အနားယူႏုိင္ေအာင္ ကူညီေပးတယ္
အိပ္ေရးပ်က္တာေလာက္ ပင္ပန္းရတာမရွိပါဘူး။တစ္ညလံုးအိပ္ရတာသက္ေတာင့္သက္သာမရွိဘူး၊ဟုိလွည့္ဒီလွည့္နဲ႔တစ္ညလံုးျဖတ္ေက်ာ္ေနရမယ္ဆုိရင္ မနက္ႏုိးလာတဲ႔အခါမွာလည္း တက္ၾကြလန္းဆန္းမႈရိွလာမွာမဟုတ္ပါဘူး။ေမြ႔ရာနဲ႔အိပ္ေပမဲ႔ မနက္ႏုိးလာတဲ႔အခါ ေက်ာနာ၊ခါးနာတာခံစားရတဲ႔သူေတြရွိတတ္ပါတယ္။ၾကမ္းျပင္ေပၚမွာအိပ္တဲ႔အခါမွာေတာ့ ခႏၶာကုိယ္ကုိ ႏွိပ္နယ္ေပးသလို ပုိျပီးသက္ေတာင့္သက္သာျဖစ္ေစလို႔ ေကာင္းေကာင္းအိပ္ေပ်ာ္သြားေစပါတယ္။

*အပူလြန္ကဲျခင္းကုိကာကြယ္ေပးတယ္
ေမြ႔ယာေကာင္းေကာင္းမဟုတ္တဲ႔တစ္ခ်ိဳ႔ေသာေမြ႔ရာေတြဟာ အစပုိင္းမွာသက္ေတာင့္သက္သာျဖစ္ေစေပမဲ႔ တစ္ညလံုးအိပ္စက္တဲ႔အခါမွာေတာ့ ပူလာတတ္ပါတယ္။ခႏၶာကုိယ္ကုိ အပူဟပ္ေစလုိ႔ေက်ာပူတာမ်ိဳးထိျဖစ္တတ္ပါတယ္။ၾကမ္းျပင္ေပၚမွာ အိပ္ရင္ေတာ့ ဒီလုိ ျပႆနာမ်ိဳးၾကံဳေတြ႔ရမွာမဟုတ္ပါဘူး။

ၾကမ္းျပင္ေပၚမွာအိပ္ရမယ္ဆုိေပမဲ႔ ဒီတုိင္းၾကီးအိပ္ခိုင္းတာမဟုတ္ပါဘူးေနာ္။ၾကမ္းျပင္ကိုအနည္းငယ္ေခ်ာေမြ႔ေစတဲ႔ ဖ်ာ၊ေယာဂဖ်ာစသျဖင့္သံုးေပးႏုိင္ပါတယ္။ေခါင္းအံုးကုိလည္းအထူၾကီးမေရြးသင့္ပဲ ၾကမ္းျပင္နဲ႔သိပ္မေ၀းတဲ႔ ေခါင္းအံုးအပါးေလးကုိသံုးေပးသင့္ပါတယ္။

Unicode

မွေ့ယာပေါ်မှာ မအိပ်ပဲ ကြမ်းပြင်ပေါ်မှာအိပ်တဲ့အခါ ကျန်းမာရေးကောင်းကျိုးလေးတွေရရှိနိုင်ပါသတဲ့။မွေ့ယာအထူအပါးစသဖြင့်ရွေးချယ်အိပ်တာဟာ သက်တောင့်သက်သာရှိတယ်ဆိုပေမဲ့ ကြမ်းပြင်ပေါ်မှာ ခေါင်းအုံးတစ်လုံးနဲ့ဒီတိုင်းအိပ်လိုက်တာကလည်း သူ့အကျိုးကျေးဇူးနဲ့သူရှိနေပါတယ်။
ဘာတွေလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

*ခါးနာ၊ကျောနာဝေဒနာဖြစ်ပွားမှုကိုလျှော့ချပေးတယ်
ကြမ်းပြင်ပေါ်မှာအိပ်တာက ကျောရိုးအတွက်ကောင်းမွန်စေပါတယ်တဲ့။နူးည့ံတဲ့မွေ့ယာနဲ့မအိပ်ရတဲ့အခါ ကျောရိုးက သူ့ရဲ့ပုံမှန်လုပ်ငန်းစဉ်တာဝန်ကို အကူအညီမပါပဲ ကိုယ့်ဘာသာထမ်းဆောင်ရတဲ့အတွက် ခန္ဓာကိုယ်အနေအထားကိုသဘာဝအတိုင်းမှန်ကန်စေပြီး ခါးနာ၊ကျောနာဖြစ်ခြင်းကို
ကာကွယ်ပေးပါတယ်။ခါးနာကျောနာတတ်သူတွေ ကြမ်းပြင်ပေါ်မှာအိပ်တဲ့အလေ့အကျင့်ကိုမွေးမြူထားရင်ပိုကောင်းပါတယ်။ကြမ်းပြင်မှာအိပ်တာဟာ ကိုယ်တွေရဲ့သေးငယ်တဲ့ကြွက်သားတွေကိုပိုမိုသန်မာလာစေပြီး မွေ့ယာနဲ့အိပ်တာထက် ဒီတိုင်းအိပ်တာက ခန္ဓာကိုယ်အကြောတွေကိုနှိပ်နယ်ပေးသလိုလည်းဖြစ်စေပါတယ်။အိပ်တဲ့အခါမှာလည်း ပက်လက်လှန်အိပ်တာကသာ အကောင်းဆုံးအိပ်စက်မှုပုံစံဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

*ခန္ဓာကိုယ်ပုံစံအနေအထားတိုးတက်ကောင်းမွန်စေတယ်
ခါးကိုင်းတာ၊လက်ပြင်ကုန်းတာစတဲ့ခန္ဓာကိုယ်အနေအထားပုံစံမမှန်တာလည်းမဖြစ်စေတော့ပါဘူး။ကြမ်းပြင်ပေါ်မှာအိပ််တဲ့အခါ နောက်ကျော၊လည်ပင်းနဲ့ဦးခေါင်ရိုးက ဖြောင့်မတ်လာပါတယ်။ခန္ဓာကိုယ်ပုံစံမှန်စေပြီး လည်ပင်းအကြောတတ်တာ၊နာကျင်တာလည်းမဖြစ်အောင်ကာကွယ်ပေးပါတယ်။

*ကောင်းမွန်စွာအိပ်စက်အနားယူနိုင်အောင် ကူညီပေးတယ်
အိပ်ရေးပျက်တာလောက် ပင်ပန်းရတာမရှိပါဘူး။တစ်ညလုံးအိပ်ရတာသက်တောင့်သက်သာမရှိဘူး၊ဟိုလှည့်ဒီလှည့်နဲ့တစ်ညလုံးဖြတ်ကျော်နေရမယ်ဆိုရင် မနက်နိုးလာတဲ့အခါမှာလည်း တက်ကြွလန်းဆန်းမှုရှိလာမှာမဟုတ်ပါဘူး။မွေ့ရာနဲ့အိပ်ပေမဲ့ မနက်နိုးလာတဲ့အခါ ကျောနာ၊ခါးနာတာခံစားရတဲ့သူတွေရှိတတ်ပါတယ်။ကြမ်းပြင်ပေါ်မှာအိပ်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးသလို ပိုပြီးသက်တောင့်သက်သာဖြစ်စေလို့ ကောင်းကောင်းအိပ်ပျော်သွားစေပါတယ်။

*အပူလွန်ကဲခြင်းကိုကာကွယ်ပေးတယ်
မွေ့ယာကောင်းကောင်းမဟုတ်တဲ့တစ်ချို့သောမွေ့ရာတွေဟာ အစပိုင်းမှာသက်တောင့်သက်သာဖြစ်စေပေမဲ့ တစ်ညလုံးအိပ်စက်တဲ့အခါမှာတော့ ပူလာတတ်ပါတယ်။ခန္ဓာကိုယ်ကို အပူဟပ်စေလို့ကျောပူတာမျိုးထိဖြစ်တတ်ပါတယ်။ကြမ်းပြင်ပေါ်မှာ အိပ်ရင်တော့ ဒီလို ပြဿနာမျိုးကြုံတွေ့ရမှာမဟုတ်ပါဘူး။

ကြမ်းပြင်ပေါ်မှာအိပ်ရမယ်ဆိုပေမဲ့ ဒီတိုင်းကြီးအိပ်ခိုင်းတာမဟုတ်ပါဘူးနော်။ကြမ်းပြင်ကိုအနည်းငယ်ချောမွေ့စေတဲ့ ဖျာ၊ယောဂဖျာစသဖြင့်သုံးပေးနိုင်ပါတယ်။ခေါင်းအုံးကိုလည်းအထူကြီးမရွေးသင့်ပဲ ကြမ်းပြင်နဲ့သိပ်မဝေးတဲ့ ခေါင်းအုံးအပါးလေးကိုသုံးပေးသင့်ပါတယ်။

120 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.