‘IFFAM’ဆုေပးပြဲအခမ္းအနားအတြက္ Talent Ambassador အျဖစ္ေရြးခ်ယ္ခံခဲ႔ရတဲ႔ YoonA

နာမည္ေက်ာ္ေကေပါ့ပ္အဆုိေတာ္အဖြဲ႔ Girls’ Generation ရဲ ႔အဖြဲ႔၀င္တစ္ေယာက္ျဖစ္သလုိ သရုပ္ေဆာင္မင္းသမီးတစ္လက္ျဖစ္တဲ႔ YoonA ဟာ ‘International Film Festival & Awards Macao’ (‘IFFAM’) ပြဲအခမ္းအနားအတြက္ Talent Ambassador အျဖစ္ေရြးခ်ယ္ဂုဏ္ျပဳခံခဲ႔ရတယ္လုိ႔သိရပါတယ္။

ႏုိ၀င္ဘာ ၈ရက္ေန႔က ‘IFFAM’ အၾကိဳအခမ္းအနားမွာ နာမည္ေက်ာ္အေမရိကန္မင္းသား Nicolas Cage ၊ေဟာင္ေကာင္စတား Aaron Kwok နဲ႔ နာမည္ေက်ာ္ကုိရီးယားစတား YoonA တုိ႔ကုိ Talent Ambassador ေတြအျဖစ္ေရြးခ်ယ္ခဲ႔တယ္လုိ႔ Soompi မီဒီယာကေနေရးသားေဖာ္ျပခဲ႔ပါတယ္။

ဒီလုိေရြးခ်ယ္ခံရတာနဲ႔ပတ္သက္လုိ႔ YoonA က “ဒီလုိေရြးခ်ယ္ခံရမႈကုိ အထူးအေလးထားသလုိ ေက်းဇူးလည္းတင္မိပါတယ္။Macao မွာအေတြ႔အၾကံဳသစ္ေတြယူဖုိ႔ အခုကတည္းက စိတ္လႈပ္ရွား
ေနပါျပီ။ကြ်န္မ အမ်ားၾကီးၾကိဳးစားပါမယ္”လုိ႔ေျပာခဲ႔ပါတယ္။

‘IFFAM’ ပြဲကုိ ဒီဇင္ဘာ ၈ရက္ေန႔ကေန ၁၄ရက္္ေန႔အထိ တရုတ္ႏုိင္ငံ Macao ေဒသမွာ က်င္းပသြားမွာျဖစ္ပါတယ္။အႏုပညာလႈပ္ရွားမႈအေနနဲ႔ေတာ့ YoonA ဟာ မင္းသားေခ်ာ Jo Jung Suk နဲ႔တြဲဖက္ျပီး “EXIT” ဆုိတဲ႔ သဘာ၀ေဘးအႏၱရာယ္အေၾကာင္းအသားေပးရုိက္ကူးထားတဲ႔ဇာတ္ကားမွာပါ၀င္သရုပ္ေဆာင္ေနပါတယ္။ထုိဇာတ္ကားကုိ ၂၀၁၉ အလယ္ပုိင္းေလာက္မွာ ျပသႏုိင္ဖုိ႔ စီစဥ္ထားတယ္လုိ႔သိရပါတယ္။

Unicode

နာမည်ကျော်ကေပေါ့ပ်အဆိုတော်အဖွဲ့ Girls’ Generation ရဲ ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ YoonA ဟာ ‘International Film Festival & Awards Macao’ (‘IFFAM’) ပွဲအခမ်းအနားအတွက် Talent Ambassador အဖြစ်ရွေးချယ်ဂုဏ်ပြုခံခဲ့ရတယ်လို့သိရပါတယ်။

နိုဝင်ဘာ ၈ရက်နေ့က ‘IFFAM’ အကြိုအခမ်းအနားမှာ နာမည်ကျော်အမေရိကန်မင်းသား Nicolas Cage ၊ဟောင်ကောင်စတား Aaron Kwok နဲ့ နာမည်ကျော်ကိုရီးယားစတား YoonA တို့ကို Talent Ambassador တွေအဖြစ်ရွေးချယ်ခဲ့တယ်လို့ Soompi မီဒီယာကနေရေးသားဖော်ပြခဲ့ပါတယ်။

ဒီလိုရွေးချယ်ခံရတာနဲ့ပတ်သက်လို့ YoonA က “ဒီလိုရွေးချယ်ခံရမှုကို အထူးအလေးထားသလို ကျေးဇူးလည်းတင်မိပါတယ်။Macao မှာအတွေ့အကြုံသစ်တွေယူဖို့ အခုကတည်းက စိတ်လှုပ်ရှားနေပါပြီ။ကျွန်မ အများကြီးကြိုးစားပါမယ်”လို့ပြောခဲ့ပါတယ်။

‘IFFAM’ ပွဲကို ဒီဇင်ဘာ ၈ရက်နေ့ကနေ ၁၄ရက််နေ့အထိ တရုတ်နိုင်ငံ Macao ဒေသမှာ ကျင်းပသွားမှာဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုအနေနဲ့တော့ YoonA ဟာ မင်းသားချော Jo Jung Suk နဲ့တွဲဖက်ပြီး “EXIT” ဆိုတဲ့ သဘာဝဘေးအန္တရာယ်အကြောင်းအသားပေးရိုက်ကူးထားတဲ့ဇာတ်ကားမှာပါဝင်သရုပ်ဆောင်နေပါတယ်။ထိုဇာတ်ကားကို ၂၀၁၉ အလယ်ပိုင်းလောက်မှာ ပြသနိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

99 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.