သင္တစ္ခ်ိန္လံုးဗုိက္ဆာေနတာ ဒီလုိအေၾကာင္းေတြေၾကာင့္ပါ…

ဗုိက္ဆာတာက ပံုမွန္ဆုိေပမဲ႔ စားျပီးလည္းထပ္ဆာေနတုန္းပဲ။ဗုိက္ျပည့္သလိုမခံစားရဘူး။ထပ္စားခ်င္ေနတုန္းပဲစတဲ႔အလိုဆႏၵေတြျဖစ္ေပၚလာတာဟာ အခုေျပာျပမယ့္အခ်က္ေတြထဲက တစ္ခ်က္ခ်က္နဲ႔ျငိေနလို႔ပါပဲ။ဘယ္လိုုအခ်က္ေတြေၾကာင့္သင္တစ္ခ်ိန္လံုးဗုိက္ဆာေနတာလဲ ၾကည့္ရေအာင္

*အရက္ေသာက္မ်ားတဲ႔အခါ
အရက္ေသာက္တာမ်ားသြားတဲ႔အခါ အစာစားခ်င္စိတ္ျဖစ္ေစတဲ႔ေဟာ္မုန္းကုိလံႈ႔ေဆာ္လုိက္သလုိျဖစ္ျပီး ေသာက္ေနတုန္းစား၊ေသာက္ျပီးေတာ့လည္းစားနဲ႔ ဗုိက္မျပည့္ႏုိင္ျဖစ္ေနတာပါ။

*အစားျမန္ျမန္စားတဲ႔အခါ
ဘယ္အစားအစာကုိပဲျဖစ္ျဖစ္ ျမန္ျမန္ဆန္ဆန္စားလိုက္တဲ႔အခါ ဗုိက္ျပည့္သြားတယ္ဆုိတဲ႔ခံစားခ်က္မေရာက္ခင္ ျဖတ္ရိုက္ခ်လုိက္သလိုပါပဲ။အစားေတာ့ကုန္သြားေပမဲ႔ ဗုိက္ကမျပည့္ဘူး။ဒါက ျမန္ျမန္စားလိုက္တဲ႔အတြက္ေၾကာင့္ပါ။ေလ့လာခ်က္ေတြအရ အစာကုိုျဖည္းျဖည္းခ်င္း၀ါးေလ ဗုိက္အဆာခံေလပဲဆုိတာေတြ႔ရွိထားရပါတယ္။

*အိပ္ေရးပ်က္တဲ႔အခါ
လံုေလာက္တဲ႔အိပ္စက္အနားယူမႈမရွိတဲ႔ ခႏၶာကုိယ္က စိတ္ေက်နပ္မႈေဟာ္မုန္း leptin ကုိ ထုတ္ေပးရတာ ေႏွးေကြးပါတယ္။အိပ္ခ်င္စိတ္ျဖစ္တာနဲ႔ ဆတူ အစားစားခ်င္စိတ္ကလည္း ျဖစ္ေပၚတတ္ပါတယ္။

*မနက္စာမစားခဲ႔လို႔
ေလ့လာခ်က္ေတြအရ မနက္စာမစားပဲ ေန႔လည္မွစားတဲ႔သူေတြဟာ ေန႔စဥ္ပံုမွန္မနက္စာစားသံုးတဲ႔သူေတြထက္ ပုိျပီး၀တယ္ဆုိတာကုိ ေတြ႔ရွိခဲ႔ရပါတယ္။မနက္စာမစားျဖစ္ေတာ့ ေန႔လည္ဘက္ေတြ၊ညဘက္ေတြမွာ အစားမ်ားမ်ားပုိစားမိတဲ႔အတြက္ေၾကာင့္ပါပဲ။

*တီဗီၾကည့္တာမ်ားလုိ႔
တီဗီၾကည့္ရင္း သေရစားစားတတ္တဲ႔လူေတြတပံုၾကီးပါ။ဒီေတာ့ တီဗီၾကာၾကာထုိင္ၾကည့္ေလ မုန္႔ကလည္းမ်ားမ်ားစားျဖစ္ေလပါပဲ။အဲ႔ဒီလုိစားတတ္တဲ့သူေတြဟာ တီဗီၾကည့္နည္းတဲ႔သူေတြထက္ ဗုိက္လည္းပုိဆာတတ္ျပီး၀ိတ္လည္းတက္လြယ္ပါတယ္တဲ႔။တစ္ေန႔ကုိ ၂နာရီထက္ၾကာေအာင္ တီဗီၾကည့္တတ္ရင္ ဒီေန႔ကစျပီးေလ်ွာ့ၾကည့္သင့္ပါတယ္။

*စိတ္ဖိစီးမႈမ်ားလုိ႔
လူအမ်ားစုက စိတ္ဖိစီးမႈကုိ ေျဖေဖ်ာက္ဖုိ႔အတြက္၊၀မ္းနည္းစိတ္ကုိေျဖေဖ်ာက္ဖုိ႔အတြက္အစားမ်ားမ်ားစားေလ့ရွိၾကပါတယ္။အဲ႔ဒီအခါ ဘယ္လိုျဖစ္လာလဲဆုိေတာ့အစားစားခ်င္စိတ္သာျဖစ္ေနျပီး စားေသာက္မႈပံုစံကလည္းမမွန္ေတာ့ပါဘူး။စားသာစားတယ္။ဗုိက္လည္းမျပည့္ပဲျဖစ္ေနတတ္ပါတယ္။ပုိျပီး၀ိတ္တက္၊ပုိျပီးစိတ္ဖိစီးမႈမ်ားတာသာ အဖတ္တင္သြားမွာပါ။စိတ္ဖိစီးမႈကုိ အစားနဲ႔မေျဖေဖ်ာက္ပါနဲ႔

*ေရဓာတ္မရွိလုိ႔
တစ္ခါတစ္ေလ ေရဆာေနတာကုိ ဗုိက္ဆာတာနဲ႔အထင္မွားတတ္ၾကပါတယ္။ေရဓာတ္လိုအပ္ေနတဲ႔အခါ ဗိုက္ဆာတဲ႔ခံစားခ်က္မ်ိဳးနဲ႔ဆင္တူျဖစ္ေစပါတယ္။အားပ်က္တာ၊အားနည္းတာစတာေတြကုိ ဗုိက္ဆာတယ္လုိ႔ထင္ျပီး ထပ္စားၾကနဲ႔ေပ့ါ။ဗုိက္ဆာတာနဲ႔ ေရဆာတာကုိ ေသခ်ာခြဲျခားႏုိင္ပါေစ။တစ္ေန႔ကုိလိုအပ္တဲ႔ေရဓာတ္ျပည့္၀ေအာင္ေသာက္ေပးဖုိ႔မေမ့ပါနဲ႔

ဒီအခ်က္ေတြကုိေရွာင္ရွားျပီး ဗုိက္ခဏခဏစားတတ္တာကုိ ေဖ်ာက္ၾကမယ္။အဲ႔ဒါမွ ဗုိက္ေလးမပူေတာ့မွာပါ…။

Unicode

ဗိုက်ဆာက ပုံမှန်ဆိုပေမဲ့ စားပြီးလည်းထပ်ဆာနေတုန်းပဲ။ဗိုက်ပြည့်သလိုမခံစားရဘူး။ထပ်စားချင်နေတုန်းပဲစတဲ့အလိုဆန္ဒတွေဖြစ်ပေါ်လာတာဟာ အခုပြောပြမယ့်အချက်တွေထဲက တစ်ချက်ချက်နဲ့ငြိနေလို့ပါပဲ။ဘယ်လိုုအချက်တွေကြောင့်သင်တစ်ချိန်လုံးဗိုက်ဆာနေတာလဲ ကြည့်ရအောင်

*အရက်သောက်များတဲ့အခါ
အရက်သောက်တာများသွားတဲ့အခါ အစာစားချင်စိတ်ဖြစ်စေတဲ့ဟော်မုန်းကိုလှုံ့ဆော်လိုက်သလိုဖြစ်ပြီး သောက်နေတုန်းစား၊သောက်ပြီးတော့လည်းစားနဲ့ ဗိုက်မပြည့်နိုင်ဖြစ်နေတာပါ။

*အစားမြန်မြန်စားတဲ့အခါ
ဘယ်အစားအစာကိုပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန်စားလိုက်တဲ့အခါ ဗိုက်ပြည့်သွားတယ်ဆိုတဲ့ခံစားချက်မရောက်ခင် ဖြတ်ရိုက်ချလိုက်သလိုပါပဲ။အစားတော့ကုန်သွားပေမဲ့ ဗိုက်ကမပြည့်ဘူး။ဒါက မြန်မြန်စားလိုက်တဲ့အတွက်ကြောင့်ပါ။လေ့လာချက်တွေအရ အစာကိုုဖြည်းဖြည်းချင်းဝါးလေ ဗိုက်အဆာခံလေပဲဆိုတာတွေ့ရှိထားရပါတယ်။

*အိပ်ရေးပျက်တဲ့အခါ
လုံလောက်တဲ့အိပ်စက်အနားယူမှုမရှိတဲ့ ခန္ဓာကိုယ်က စိတ်ကျေနပ်မှုဟော်မုန်း leptin ကို ထုတ်ပေးရတာ နှေးကွေးပါတယ်။အိပ်ချင်စိတ်ဖြစ်တာနဲ့ ဆတူ အစားစားချင်စိတ်ကလည်း ဖြစ်ပေါ်တတ်ပါတယ်။

*မနက်စာမစားခဲ့လို့
လေ့လာချက်တွေအရ မနက်စာမစားပဲ နေ့လည်မှစားတဲ့သူတွေဟာ နေ့စဉ်ပုံမှန်မနက်စာစားသုံးတဲ့သူတွေထက် ပိုပြီးဝတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။မနက်စာမစားဖြစ်တော့ နေ့လည်ဘက်တွေ၊ညဘက်တွေမှာ အစားများများပိုစားမိတဲ့အတွက်ကြောင့်ပါပဲ။

*တီဗီကြည့်တာများလို့
တီဗီကြည့်ရင်း သရေစားစားတတ်တဲ့လူတွေတပုံကြီးပါ။ဒီတော့ တီဗီကြာကြာထိုင်ကြည့်လေ မုန့်ကလည်းများများစားဖြစ်လေပါပဲ။အဲ့ဒီလိုစားတတ်တဲ့သူတွေဟာ တီဗီကြည့်နည်းတဲ့သူတွေထက် ဗိုက်လည်းပိုဆာတတ်ပြီးဝိတ်လည်းတက်လွယ်ပါတယ်တဲ့။တစ်နေ့ကို ၂နာရီထက်ကြာအောင် တီဗီကြည့်တတ်ရင် ဒီနေ့ကစပြီးလျှော့ကြည့်သင့်ပါတယ်။

*စိတ်ဖိစီးမှုများလို့
လူအများစုက စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့အတွက်၊ဝမ်းနည်းစိတ်ကိုဖြေဖျောက်ဖို့အတွက်အစားများများစားလေ့ရှိကြပါတယ်။အဲ့ဒီအခါ ဘယ်လိုဖြစ်လာလဲဆိုတော့အစားစားချင်စိတ်သာဖြစ်နေပြီး စားသောက်မှုပုံစံကလည်းမမှန်တော့ပါဘူး။စားသာစားတယ်။ဗိုက်လည်းမပြည့်ပဲဖြစ်နေတတ်ပါတယ်။ပိုပြီးဝိတ်တက်၊ပိုပြီးစိတ်ဖိစီးမှုများတာသာ အဖတ်တင်သွားမှာပါ။စိတ်ဖိစီးမှုကို အစားနဲ့မဖြေဖျောက်ပါနဲ့

*ရေဓာတ်မရှိလို့
တစ်ခါတစ်လေ ရေဆာနေတာကို ဗိုက်ဆာတာနဲ့အထင်မှားတတ်ကြပါတယ်။ရေဓာတ်လိုအပ်နေတဲ့အခါ ဗိုက်ဆာတဲ့ခံစားချက်မျိုးနဲ့ဆင်တူဖြစ်စေပါတယ်။အားပျက်တာ၊အားနည်းတာစတာတွေကို ဗိုက်ဆာတယ်လို့ထင်ပြီး ထပ်စားကြနဲ့ပေ့ါ။ဗိုက်ဆာတာနဲ့ ရေဆာတာကို သေချာခွဲခြားနိုင်ပါစေ။တစ်နေ့ကိုလိုအပ်တဲ့ရေဓာတ်ပြည့်ဝအောင်သောက်ပေးဖို့မမေ့ပါနဲ့

ဒီအချက်တွေကိုရှောင်ရှားပြီး ဗိုက်ခဏခဏစားတတ်တာကို ဖျောက်ကြမယ်။အဲ့ဒါမှ ဗိုက်လေးမပူတော့မှာပါ…။

308 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.