စစ္မွန္တဲ႔ေပ်ာ္ရႊင္မႈကုိပုိင္ဆုိင္ရဖုိ႔ သင္မျဖစ္မေနစြန္႔လႊတ္ရမယ့္အရာေတြ…

လူတုိင္းမွာ စိတ္ဓာတ္က်တဲ့အခိ်န္ေတြ၊စိတ္ပ်က္အားငယ္ရတဲ႔အခ်ိန္အခုိက္အတန္႔ေတြဆုိတာရွိပါတယ္။အထူးသျဖင့္ေပ်ာ္ရႊင္မႈမရွိတဲ႔အခါ စိတ္ကလည္းအလိုလုိႏုုံးလာျပီး စိတ္ဓာတ္က်တဲ႔အထိျဖစ္လာေတာ့တာပါ။ေပ်ာ္ရႊင္ေနတဲ႔အခ်ိန္ဆုိ ဘာပဲလုပ္လုပ္နဂိုေပ်ာ္ရႊင္စိတ္ေလးနဲ႔မို႔ အားလံုးကုိအဆင္ေျပေျပေက်ာ္ျဖတ္ႏုိင္သြားပါလိမ့္မယ္။ဒါေၾကာင့္ Trend ပရိသတ္ၾကီးအတြက္ စစ္မွန္တဲ႔ေပ်ာ္ရႊင္မႈ၊စိတ္ခ်မ္းသာမႈကုိရဖုိ႔ ဘာေတြစြန္႔လႊတ္ရမလဲဆုိတာ ေျပာျပသြားပါမယ္။

ေပ်ာ္ရႊင္မႈကုိခံစားႏုိင္ဖုိ႔ စြန္႕လႊတ္ရမယ့္အရာေတြက…

*ကုိယ့္ကုိယ့္ကုိယ္ေ၀ဖန္တာနဲ႔ သူမ်ားေတြကုိေ၀ဖန္တာ

ကုိယ့္ကုိယ္ကုိယ္ေ၀ဖန္တာ တအားမ်ားေနျပီဆုိရင္ ဘယ္လိုမွမေပ်ာ္ရႊင္နုိင္ေတာ့သလို သူမ်ားကုိေ၀ဖန္ေနရင္လည္း ကုိယ့္မွာဘယ္စိတ္ခ်မ္းသာရပါေတာ့မလဲ။ဘ၀မွာ ကုိယ့္ကုိယ့္ကုိယ္မေကာင္းျမင္တာေတြအရမ္းမ်ားေနရင္၊တစ္ျခားသူေတြအေပၚမေကာင္းျမင္တာေတြအရမ္းမ်ားေနရင္ စိတ္ခ်မ္းသာမႈကုိရွာေတြ႔ႏုိင္မွာမဟုတ္ပါဘူး။

*အျပစ္ရွိတဲ႔စိတ္၊ေနာင္တရတဲ႔စိတ္၊အတိတ္ကုိလက္ရွိအခ်ိန္ထိေခၚလာတဲ႔စိတ္

အမွားအယြင္းဆုိတာ လူတုိင္းလုပ္မိတတ္ပါတယ္။အမွားမရွိရင္ ကုိယ္ေတြသင္ယူစရာဘာမွရွိေတာ့မွာမဟုတ္ပါဘူး။ဒါေပမဲ႔ ဒီအမွားကုိ ေနာက္ထပ္မလုပ္မိေအာင္ျပင္ဆင္ရမယ့္အစား မွားသြားတယ္ဆုိတဲ႔အျပစ္ရွိစိတ္၊ေနာင္တရတဲ႔စိတ္၊ျပီးသြားတဲ႔ကိစၥကုိအခုထိဆြဲေခၚလာတဲ႔စိတ္ စတာေတြက ခံစားခ်က္ကုိ ဆုိး၀ါးေစတယ္။ေပ်ာ္ရႊင္မႈကုိအဖ်က္ဆီးမခံပါနဲ႔။

*မသိတာကုိရင္ဆုိင္ရမွာေၾကာက္ရြံ႔ျခင္း
ကုိယ္နဲ႔မရင္းႏွီးတဲ႔အရာတစ္ခုနဲ႔ရင္ဆုိင္ရမွာေၾကာက္စိတ္ရွိသင့္ပါတယ္။ဒါေပမဲ႔ သင္သိထားဖုိ႔က ေၾကာက္တယ္ဆုိျပီး သက္ေတာင့္သက္သာနဲ႔ရွိေနက်ေနရာမွာပဲေနမယ္ဆုိရင္ ေကာင္းမြန္တဲ႔အရာေတြရလာမွာမဟုတ္ပါဘူး။ကုိယ္ေၾကာက္တဲ႔အရာကုိရဲရဲရင္ဆုိင္မွ ေပ်ာ္ရႊင္စိတ္ခ်မ္းသာမႈကုိ ခံစားရမွာပါ။

*ရႈေထာင့္ႏွစ္ခုတည္းနဲ႔စဥ္းစားေနျခင္း

ကမာၻၾကီးကုိ အျဖဴအမည္းႏွစ္ခုပဲျမင္မယ္။ေအာင္ျမင္တာနဲ႔က်ရွံဳးတာႏွစ္ခုပဲရွိတယ္စသျဖင့္ ရႈေထာင့္ႏွစ္ခုတည္းမျမင္ပါနဲ႔။တကယ္ဆုိ လူတစ္ေယာက္နဲ႔တစ္ေယာက္အျမင္အယူအဆဟာ မတူညီႏုိင္ပါဘူး။အေရာင္စံုျမင္ၾကည့္လိုက္ပါ။ဘယ္သူမွလည္းအျမဲတမ္းမွန္မေနသလို ဘယ္သူမွလည္းအျမဲမမွားပါဘူး။က်ရွံဳးမႈရွိရင္ေတာင္ ကုိယ့္အေနနဲ႔ အျမဲၾကိဳးစားေနသင့္ပါတယ္။တစ္ခါက်ရွံဳးတာဟာ အျမဲတမ္းက်ရွံဳးေနတာမဟုတ္ပါဘူး။

*မနာလို၀န္တုိျခင္
တစ္ေယာက္ေယာက္ရဲ႔ေအာင္ျမင္မႈ၊တစ္ေယာက္ေယာက္ရဲ ႔ေပ်ာ္ရႊင္မႈအေပၚမနာလုိ၀န္တုိစိတ္ျဖစ္ေနတာက သင့္စိတ္ကုိတျမည့္ျမည့္ပူေလာင္ေနေစပါတယ္။ကုိယ့္ကုိယ့္ကုိယ္တစ္ျခားသူေတြနဲ႔မယွဥ္ပါနဲ႔။တစ္ေယာက္နဲ႔တစ္ေယာက္ရွင္သန္ၾကီးျပင္းရာ၊ေနရာေဒသပတ္၀န္းက်င္မတူညီၾကပါဘူး။သင့္အတိတ္ကသင္နဲ႔အခုသင္ကုိသာ ႏိႈင္းယွဥ္ဖုိ႔ၾကိဳးစားပါ။တစ္ျခားသူေတြရဲ ႔ေအာင္ျမင္မႈအတြက္လည္း၀မ္းသာေပးပါ။သူတုိ႔ဆီက အၾကံေကာင္းေတြေတာင္ရႏုိင္ပါေသးတယ္။

*ထိန္းခ်ဳပ္ျခင္

ကုိယ့္ခ်စ္သူအေပၚ၊ကုိယ့္မိသားစုအေပၚ ထိန္းခ်ဳပ္ဖုိ႔မၾကိဳးစားပါနဲ႔။အားလံုးက ကုိယ့္စကားနားေထာင္ရမယ္။ကုိယ့္ကုိပဲခ်စ္ရမယ္၊ကုိယ္ေျပာတာလက္ခံရမယ္ဆုိတာၾကီးက မဟုတ္ေသးပါဘူး။အဲ႔ဒီလိုထိန္းခ်ဳပ္ဖုိ႔ၾကိဳးစားေလ စိတ္ဖိစီးမႈက ပုိမ်ားေလပါပဲ။လူတုိင္းမတူညီၾကဘူးဆုိတာ လက္ခံပါ။သူမ်ားေတြမွာလည္း သင္နဲ႔အျငင္းပြားခြင့္ရွိပါတယ္။

*ျပီးျပည့့္စံုတဲ႔လူတစ္ေယာက္ျဖစ္ဖုိ႔အျမဲၾကိဳးစားေနတာမ်ိဳး

ကုိယ့္ကုိယ့္ကုိယ္ ဖိအားေတြေပးျပီး အျမဲၾကိဳးစားခိုင္းေနမယ္။ေန႔မနားညမနား ကိုယ့္ကိုယ့္ကိုယ္ျပည့္စံုေအာင္လုပ္ေနမယ္။အဲ႔ဒါေတြက သင့္ကုိစိတ္ဖိစီးမႈေတြေပးေနတဲ႔အရာေတြျဖစ္ျပီး ျဖစ္မလာေသးတဲ႔အခ်ိန္မွာ သင့္စိတ္ကုိပင္ပန္းေအာင္လုပ္ေနတဲ႔အရာေတြပဲျဖစ္ပါတယ္။အိပ္မက္ၾကီးၾကီးမက္ပါ။အလုပ္ကုိၾကိဳးစားပါ။ဒါေပမဲ႔ ျပီးျပည့္စံုတဲ႔ဘ၀ျဖစ္ရမယ္ဆုိတဲ႔စိတ္ၾကီးနဲ႔ အလြန္အကြ်ံမလုပ္ပါနဲ႔။ဆုိရွယ္မီဒီယာမွာေအာင္ျမင္ျပည့္စံုေနတဲ႔သူေတြကုိၾကည့္ျပီးအားမက်ပါနဲ႔။တကယ့္လက္ေတြ႔မွာ လူတုိင္းဟာ က်ရွံဳးလုိက္၊ေအာင္ျမင္လုိက္နဲ႔ ရွင္သန္ေနရတာပါ။

သင့္မွာဒီလုိစိတ္ပင္ပန္းမႈေတြရွိေနရင္ အျမန္ဆံုးစြန္႔လႊတ္ျပီး ေပ်ာ္ရႊင္မႈကုိေသခ်ာရွာေဖြခံစားပါ…

Unicode

လူတိုင်းမှာ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊စိတ်ပျက်အားငယ်ရတဲ့အချိန်အခိုက်အတန့်တွေဆိုတာရှိပါတယ်။အထူးသဖြင့်ပျော်ရွှင်မှုမရှိတဲ့အခါ စိတ်ကလည်းအလိုလိုနုုံးလာပြီး စိတ်ဓာတ်ကျတဲ့အထိဖြစ်လာတော့တာပါ။ပျော်ရွှင်နေတဲ့အချိန်ဆို ဘာပဲလုပ်လုပ်နဂိုပျော်ရွှင်စိတ်လေးနဲ့မို့ အားလုံးကိုအဆင်ပြေပြေကျော်ဖြတ်နိုင်သွားပါလိမ့်မယ်။ဒါကြောင့် Trend ပရိသတ်ကြီးအတြက္စစ်မှန်တဲ့ပျော်ရွှင်မှု၊စိတ်ချမ်းသာမှုကိုရဖို့ ဘာတွေစွန့်လွှတ်ရမလဲဆိုတာ ပြောပြသွားပါလိမ့်မယ်။

ပျော်ရွှင်မှုကိုခံစားနိုင်ဖို့ စွန့်လွှတ်ရမယ့်အရာတွေက…

*ကိုယ့်ကိုယ့်ကိုယ်ဝေဖန်တာနဲ့ သူများတွေကိုဝေဖန်တာ

ကိုယ့်ကိုယ်ကိုယ်ဝေဖန်တာ တအားများနေပြီဆိုရင် ဘယ်လိုမှမပျော်ရွှင်နိုင်တော့သလို သူများကိုဝေဖန်နေရင်လည်း ကိုယ့်မှာဘယ်စိတ်ချမ်းသာရပါတော့မလဲ။ဘဝမှာ ကိုယ့်ကိုယ့်ကိုယ်မကောင်းမြင်တာတွေအရမ်းများနေရင်၊တစ်ခြားသူတွေအပေါ်မကောင်းမြင်တာတွေအရမ်းများနေရင် စိတ်ချမ်းသာမှုကိုရှာတွေ့နိုင်မှာမဟုတ်ပါဘူး။

*အပြစ်ရှိတဲ့စိတ်၊နောင်တရတဲ့စိတ်၊အတိတ်ကိုလက်ရှိအချိန်ထိခေါ်လာတဲ့စိတ်

အမှားအယွင်းဆိုတာ လူတိုင်းလုပ်မိတတ်ပါတယ်။အမှားမရှိရင် ကိုယ်တွေသင်ယူစရာဘာမှရှိတော့မှာမဟုတ်ပါဘူး။ဒါပေမဲ့ ဒီအမှားကို နောက်ထပ်မလုပ်မိအောင်ပြင်ဆင်ရမယ့်အစား မှားသွားတယ်ဆိုတဲ့အပြစ်ရှိစိတ်၊နောင်တရတဲ့စိတ်၊ပြီးသွားတဲ့ကိစ္စကိုအခုထိဆွဲခေါ်လာတဲ့စိတ် စတာတွေက ခံစားချက်ကို ဆိုးဝါးစေတယ်။ပျော်ရွှင်မှုကိုအဖျက်ဆီးမခံပါနဲ့။

*မသိတာကိုရင်ဆိုင်ရမှာကြောက်ရွံ့ခြင်း
ကိုယ်နဲ့မရင်းနှီးတဲ့အရာတစ်ခုနဲ့ရင်ဆိုင်ရမှာကြောက်စိတ်ရှိသင့်ပါတယ်။ဒါပေမဲ့ သင်သိထားဖို့က ကြောက်တယ်ဆိုပြီး သက်တောင့်သက်သာနဲ့ရှိနေကျနေရာမှာပဲနေမယ်ဆိုရင် ကောင်းမွန်တဲ့အရာတွေရလာမှာမဟုတ်ပါဘူး။ကိုယ်ကြောက်တဲ့အရာကိုရဲရဲရင်ဆိုင်မှ ပျော်ရွှင်စိတ်ချမ်းသာမှုကို ခံစားရမှာပါ။

*ရှုထောင့်နှစ်ခုတည်းနဲ့စဉ်းစားနေခြင်း

ကမ္ဘာကြီးကို အဖြူအမည်းနှစ်ခုပဲမြင်မယ်။အောင်မြင်တာနဲ့ကျရှုံးတာနှစ်ခုပဲရှိတယ်စသဖြင့် ရှုထောင့်နှစ်ခုတည်းမမြင်ပါနဲ့။တကယ်ဆို လူတစ်ယောက်နဲ့တစ်ယောက်အမြင်အယူအဆဟာ မတူညီနိုင်ပါဘူး။အရောင်စုံမြင်ကြည့်လိုက်ပါ။ဘယ်သူမှလည်းအမြဲတမ်းမှန်မနေသလို ဘယ်သူမှလည်းအမြဲမမှားပါဘူး။ကျရှုံးမှုရှိရင်တောင် ကိုယ့်အနေနဲ့ အမြဲကြိုးစားနေသင့်ပါတယ်။တစ်ခါကျရှုံးတာဟာ အမြဲတမ်းကျရှုံးနေတာမဟုတ်ပါဘူး။

*မနာလိုဝန်တိုခြင်း
တစ်ယောက်ယောက်ရဲ့အောင်မြင်မှု၊တစ်ယောက်ယောက်ရဲ ့ပျော်ရွှင်မှုအပေါ်မနာလိုဝန်တိုစိတ်ဖြစ်နေတာက သင့်စိတ်ကိုတမြည့်မြည့်ပူလောင်နေစေပါတယ်။ကိုယ့်ကိုယ့်ကိုယ်တစ်ခြားသူတွေနဲ့မယှဉ်ပါနဲ့။တစ်ယောက်နဲ့တစ်ယောက်ရှင်သန်ကြီးပြင်းရာ၊နေရာဒေသပတ်ဝန်းကျင်မတူညီကြပါဘူး။သင့်အတိတ်ကသင်နဲ့အခုသင်ကိုသာ နှိုင်းယှဉ်ဖို့ကြိုးစားပါ။တစ်ခြားသူတွေရဲ ့အောင်မြင်မှုအတွက်လည်းဝမ်းသာပေးပါ။သူတို့ဆီက အကြံကောင်းတွေတောင်ရနိုင်ပါသေးတယ်။

*ထိန်းချုပ်ခြင်း

ကိုယ့်ချစ်သူအပေါ်၊ကိုယ့်မိသားစုအပေါ် ထိန်းချုပ်ဖို့မကြိုးစားပါနဲ့။အားလုံးက ကိုယ့်စကားနားထောင်ရမယ်။ကိုယ့်ကိုပဲချစ်ရမယ်၊ကိုယ်ပြောတာလက်ခံရမယ်ဆိုတာကြီးက မဟုတ်သေးပါဘူး။အဲ့ဒီလိုထိန်းချုပ်ဖို့ကြိုးစားလေ စိတ်ဖိစီးမှုက ပိုများလေပါပဲ။လူတိုင်းမတူညီကြဘူးဆိုတာ လက်ခံပါ။သူများတွေမှာလည်း သင်နဲ့အငြင်းပွားခွင့်ရှိပါတယ်။

*ပြီးပြည့့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့အမြဲကြိုးစားနေတာမျိုး

ကိုယ့်ကိုယ့်ကိုယ် ဖိအားတွေပေးပြီး အမြဲကြိုးစားခိုင်းနေမယ်။နေ့မနားညမနား ကိုယ့်ကိုယ့်ကိုယ်ပြည့်စုံအောင်လုပ်နေမယ်။အဲ့ဒါတွေက သင့်ကိုစိတ်ဖိစီးမှုတွေပေးနေတဲ့အရာတွေဖြစ်ပြီး ဖြစ်မလာသေးတဲ့အချိန်မှာ သင့်စိတ်ကိုပင်ပန်းအောင်လုပ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။အိပ်မက်ကြီးကြီးမက်ပါ။အလုပ်ကိုကြိုးစားပါ။ဒါပေမဲ့ ပြီးပြည့်စုံတဲ့ဘဝဖြစ်ရမယ်ဆိုတဲ့စိတ်ကြီးနဲ့ အလွန်အကျွံမလုပ်ပါနဲ့။ဆိုရှယ်မီဒီယာမှာအောင်မြင်ပြည့်စုံနေတဲ့သူတွေကိုကြည့်ပြီးအားမကျပါနဲ့။တကယ့်လက်တွေ့မှာ လူတိုင်းဟာ ကျရှုံးလိုက်၊အောင်မြင်လိုက်နဲ့ ရှင်သန်နေရတာပါ။

သင့်မှာဒီလိုစိတ်ပင်ပန်းမှုတွေရှိနေရင် အမြန်ဆုံးစွန့်လွှတ်ပြီး ပျော်ရွှင်မှုကိုသေချာရှာဖွေခံစားပါ…

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.