Dating အဆင့်လောက်နဲ့ပဲ လူတစ်ယောက်အပေါ်စိတ်ထားတတ်ဖို့…

လူတိုင်း ကြည်နူးလှပတဲ့ အချစ်ကိုခံစားချင်ကြတာပါ။ တစ်ခါတစ်လေ ဘဝမှာ အချိန်မှန်၊ လူမှန်နဲ့
မတွေ့ဆုံမိတဲ့အခါ မဖြစ်သင့်တာတွေဖြစ် ၊ မကြုံချင်တာတွေ ကြုံရပါတယ်။

ဟိုးအရင်တုန်းက လူကြီးတွေပြောခဲ့တာ သုံးနှစ်သုံးမိုးစောင့်ကြည့်ပြီးမှ ဒီယောက်ျားတစ်ယောက်ကို
သဘောကျသင့်တယ်ဆိုပြီး သတ်မှတ်ခဲ့တာလည်း လက်တွေ့ကျ မှန်နေပြန်ပါတယ်။ လူဆိုတာ အချိန်ကြာလေ သူ့အကြောင်းကောင်းကောင်းသိလေပါ။ ဒီဘက်ခေတ်မှာတော့ သုံးနှစ်သုံးမိုးဆိုတာတွေ မရှိတော့ပါဘူး။ အချိန်ဆွဲနေရတာကို ဘယ်သူမှလည်းသဘောမကျတော့ဘူး။ ဒါဆို တစ်ယောက်နဲ့ တစ်ယောက် မြင်မြင်ချင်း သဘောကျကြတယ်။ ချစ်တယ် ကြိုက်တယ်ပြောပြီး တွဲကြတယ်။ အချိန်ခဏလေးအတွင်းမှာ တစ်ယောက်အကြောင်း တစ်ယောက်မသိ ၊ ချစ်တဲ့စိတ်နဲ့ ကိုယ့်မမြင်နိုင်တဲ့သူ့ရဲ့အကျင့်တွေက ဖုံးကွယ်နေခဲ့တယ်။

Related image

အချိန်တစ်ခုရောက်လာတော့ အကျင့်လေးတွေက ပေါ်လာမှာပါ။ အဲ့ဒီအခါကျ သည်းမခံနိုင်တော့ ကွဲကြတယ်။ ဒီနေရာမှာ တကယ်တမ်းအသုံးဝင်လာတာ အနောက်နိုင်ငံတွေရဲ့ဒိတ်တဲ့ ပုံစံလေးပါပဲ။ သူတို့ကတစ်ယောက်နဲ့တစ်ယောက် သဘောကျတယ်ဆို ဒိတ်ကြည့်တယ်။ စကားပြောတယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိအောင် လေ့လာတဲ့အဆင့်ပဲ။ ဒီမှာလို ချက်ချင်း ချစ်တယ်မပြောသေးဘူး။ မချုပ်ကိုင်ဘူး။ မလွှမ်းမိုးဘူး ။ ကိုယ့်စိတ်နဲ့ကိုယ် လွတ်လွတ်လပ်လပ်နေကြတယ်။ တကယ်လို့ အဆင်မပြေဘူးဆိုလည်း ဒိတ်တဲ့အဆင့်မှာပဲ ရပ်လိုက်ကြပါတယ်။ ဒီတော့ အရမ်းလည်း မခံစားရတော့ပါဘူး။

တကယ်လို့ ဒိတ်တဲ့အဆင့်ကနေ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်နေပြီဆိုတာသိလာတဲ့အခါမှ ” ချစ်တယ်”ဆိုတဲ့စကားကို အလေးနက်ထားပြောကြတာပါ။ သူတို့ဆီမှာ ဒီစကားကြားရရင် အရမ်းအဖိုးတန်ပါတယ်။ တကယ်လည်း ပျော်ရွှင်ရတယ်။

Image result for dating

တစ်ယောက်ကောင်းပြီး တစ်ယောက်မကောင်းတော့ အချိန်ကြာလာတဲ့အခါ နှစ်ယောက်ကြားက
ချည်နှောင်ထားတဲ့ ကြိုးတစ်ခုဟာ ပြတ်တောက်သွားမှာပါ။ မှန်ကန်တဲ့လူတစ်ယောက်နဲ့ တွေ့လာတဲ့အခါ အချစ်ဟာ ဘယ်လောက်ထိလှပတယ် ၊ ကြည်နူးဖို့ကောင်းပါတယ်ဆိုတာ လက်တွေ့သိလာမှာပါ။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာပဲ ဒီလိုအချစ်ဟာရှိတာမဟုတ်ပါဘူး။ မှန်ကန်တဲ့လူနဲ့သာ တွေ့ဆုံခဲ့ရင် မင်းဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။ ခက်ခဲတဲ့အရာအားလုံးကို ဖြတ်ကျော်နိုင်ဖို့ဆိုတာ ဘေးနားမှာ အချစ်ဆိုတဲ့ အင်အားလေးရှိနေဖို့လိုပါတယ်။

Image result for dating

မင်းရော..မှန်ကန်တဲ့လက်တွဲဖော်တွေ့နေပြီလား.. လက်ရှိတွဲနေတဲ့ချစ်သူကရော ကိုယ့်အတွက်မှန်ကန်ပါ့မလား.. သေချာချိန်ထိုးစဉ်းစားပါ။ ချစ်ပေမယ့် ကိုယ့်အတွက်မသင့်တော်ရင် လမ်းခွဲလိုက်ရတာတွေရှိပါတယ်။ ငယ်ရွယ်စဉ်မှာ နှလုံးသားကိုဦးစားပေးခဲ့ပေမယ့် အသက်ရွယ်ရလာတဲ့အခါ တစ်ဘဝလုံးလက်တွဲမယ့်လူကို ဦးနှောက်နဲ့သေချာ စဉ်းစားလာဖို့လိုပါပြီ။ ယုံကြည်စိတ်ချရတဲ့သူဆိုတာ ဒီခေတ်မှာ သိပ်ရှားသွားပါပြီနော်။ သေချာ ရွေးချယ်နိုင်ကြပါစေ…

 

492 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.