သင့်ရဲ့မလိုလောဘကြောင့်လက်ရှိအမှန်တကယ်ပိုင်ဆိုင်ထားတဲ့အရာတွေကိုစွန့်ပစ်သလိုမဖြစ်ပါစေနဲ့
Unicode
လူတွေရဲ့လောက ကသိပ်ကြောက်ဖို့ကောင်းပါတယ်။ သိပ်ကိုလိုချင်တပ်မက်မှုတွေများလာတဲ့အခါမှာ ဘာကိုမှမစဉ်းစားတတ်ပဲ အမြင်ကန်းသွားတတ်ကြပါတယ်။ လောဘစိတ်ကအမှောင်ဖြစ်စေတယ်ဆိုတာ ဒါမျိုးကိုပြောတာပါ။ ဆိုတော့ ဒီလိုအမှောင်ထုဖုုံးလွှမ်းသွားတဲ့အချိန်မှာ ကိုယ်တကယ်အစစ်အမှန်ပိုင်ဆိုင်နေရတာတွေကို မေ့နေပြီး ကိုယ်နဲ့မတန်တဲ့ အရာတွေ၊ ကိုယ့်အတွက်တကယ်မဟုတ်တဲ့ပိုင်ဆိုင်မှုတွေ၊ ကိုယ့်ကြိုးစားအားထုတ်မှှုမပါပဲအလကားသက်သက်ရတဲ့အရာတွေကြား ပျော်မွေ့နေတတ်ပါတယ်။ သနားစရာကောင်းတာက ဒါတွေကခဏတာသက်သက်ပဲဆိုတာကိုသူတို့မေ့နေကြတတ်တာပါပဲ။  ကိုယ်နဲ့တကယ်မထိုက်တန်တဲ့အရာတွေ ၊ ကိုယ်တိုင်ကြိုးစားအားထုတ်မှုမရှိပဲ ရလာတဲ့အရာတွေဟာ ကို အဟုတ်ကြီးထင်နေရင်း ကိုယ့်နားကတန်ဖိုးကြီးအရာတွေက ပျက်စီးသွားစေနိုင်ပါတယ်။ ဒါကြောင့်လူ့ဘဝတစ်လျှောက်မှာအေးအေးချမ်းချမ်းနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်ရင် ကိုယ်နဲ့ထိုက်တန်လို့ရလာတဲ့အရာတိုင်းကို ပဲကျေကျေနပ်နပ်ကြီးလောဘတက်ပါ။ မလိုလောဘဆိုတာ အထူးသဖြင့် ညဏ်တိမ်တဲ့သူတွေနဲ့ လူပျင်းလူညံ့တွေမှာသာရှိတတ်ကြတာမလို့ မတော်ရင်နေပါစေ လူည့ံတော့မဖြစ်ပါစေနဲ့။ ဘဝဆိုတာသင်ထင်သလောက်မကြမ်းတမ်းပါဘူး။ သင့်နားမှာ သင်ရပ်တည်နိုင်ဖို့ရှိနေပေးခဲ့တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် ဘဝကိုလွယ်လွယ်နဲ့အရှုံးမပေးပဲ ကြိုးစားချင်စိတ်လေးရှိလာနိုင်ကြပါစေ….
166 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.