ေလျဖတ္ေတာ့မလိုေ၀ဒနာခံစားေနရတဲ႔သူကုိေတြ႔ရင္ သင့္အေနနဲ႔ ဒီလုိေတြကူညီေပးႏုိင္…

တကယ္လို႔မ်ားသင္နဲ႔အတူသြားလာေနတဲ႔သူ၊သင့္ပတ္၀န္းက်င္ကလူတစ္ေယာက္ေယာက္ ေလျဖတ္ခ်င္သလိုျဖစ္ေနတဲ႔အရိပ္အေယာင္္ေတြ ေတြ႔ရရင္ ကူညီဖုိ႔အတြက္ ဒီအခ်က္ေလးေတြကုိ သတိရသင့္ပါတယ္။ရုတ္တရက္ေလျဖတ္တာဟာ အသက္ၾကီးတဲ႔သူေတြမွာျဖစ္ႏုိင္သလုိ အသက္အရြယ္မေရြးျဖစ္ႏုိင္ေခ်ရွပါတယ္။ဒီေတာ့ ေလျဖတ္ေတာ့မယ္ဆုိတာ ဘယ္လိုသိႏုိင္မလဲ?

*F.A.S.T ကုိမွတ္ထားပါ
F : မ်က္ႏွာအေၾကာဆြဲသလိုျဖစ္လာမယ္
A : လက္ေမာင္းၾကြက္သားေတြအားနည္းလာမယ္။မလႈပ္ႏုိင္ေတာ့သလိုျဖစ္ေနမယ္
S : စကားေျပာရတာခက္ခဲလာမယ္
T : ေဆးရံုကားခ်က္ခ်င္းေခၚဖုိ႔ မေမ့ပါနဲ႔

ဒီအခ်က္ေတြကေတာ အဓိကအခ်က္ေတြပါ။ေနာက္ထပ္အခ်က္ေတြကေတာ့ ေျခေထာက္ၾကြက္သားေတြအားနည္းလာျပီးလမ္းမေလ်ွာက္ႏုိင္ျဖစ္လာမယ္။သတိေတြေ၀၀ါးလာမယ္။အျမင္ေတြေ၀၀ါးလာမယ္။ေခါင္းေတြထိုးကုိက္လာမယ္စတဲ႔အခ်က္ေတြက ေလျဖတ္ခ်င္တဲ႔လကၡဏာလို႔ Neurovascular Intervention Center က Dr.Vipul Gupta က ေျပာျပခဲ႔ပါတယ္။ဒါဆုိ သင့္အေနနဲ႔ ဘယ္လိုကူညီေပးႏုိင္မလဲ ၾကည့္လုိက္ရေအာင္

*ပုိေကာင္းလာမလားဆုိျပီး တစ္ျခားလကၡဏာေတြေစာင့္မေနပါနဲ႔။အေပၚမွာေျပာခဲ႔တဲ႔လကၡဏာေတြအတုိင္းျမင္ေနရျပီဆုိရင္ ခ်က္ခ်င္းေဆးရံုကားေခၚပါ။ျမန္ေလ ကုသႏုိင္စြမ္းပုိေကာင္းေလပါပဲ။မိနစ္တုိင္းက တန္ဖုိးရွိေနပါတယ္။မိသားစုဆရာ၀န္ေခၚတာေတြ၊ေစာင့္ေနရတာေတြမွာအခ်ိန္မျဖဳန္းပါနဲ႔။နီးစပ္ရာေဆးရံုကုိအျမန္ပို႔ပါ။
*လူနာကသတိလစ္ေနျပီး အသက္ရႈေနတုန္းဆုိရင္ ေဘးတစ္ေစာင္းလွဲလိုက္ျပီး ဦးေခါင္းေအာက္မွာ လက္ကုိျဖည္းညင္းစြာထားေပးပါ။(ပံုထဲကလုိ)


*လူနာက အသက္မရႈေတာ့ဘူးဆုိရင္ ခ်က္ခ်င္း CPR လုပ္ပါ။မ်ားေသာအားျဖင့္ CPR လုပ္စရာမလိုဘူးဆုိေပမဲ႔ လူနာက သတိလစ္ေမ့ေမ်ာေနတဲ႔အျပင္ အသက္လည္းမရႈ၊ႏွလံုးလည္းမခုန္ေတာ့ဘူးဆုိရင္ ေဆးရုံကားေစာင့္ေနတုန္း CPR လုပ္ေပးထားင့္ပါတယ္။
*စားစရာ၊ေသာက္စရာ ဘာတစ္ခုမွမတုိက္ပါနဲ႔၊မေကြ်းပါနဲ႔။ဘာေဆး၀ါးမွလည္း မတိုက္ပါနဲ႔။
*အသက္ရႈရလြယ္ေအာင္ အက်ီေတြေျဖေလ်ာ့ထားပါ။တင္းက်ပ္မေနပါေစနဲ႔ ။

အထူးသတိထားရမွာကေတာ့ ေလျဖတ္ခ်င္သလိုျဖစ္ေနတဲ႔လူနာကုိေတြ႔တာနဲ႔ ေဆးရံုကားအရင္ေခၚထားဖုိ႔ပါပဲ။ေဆးရံုျမန္ျမန္ေရာက္ေလ ျပန္ေကာင္းနုိင္ေခ်မ်ားေလပါ။ေဆးရံုကားေစာင့္ေနတဲ႔အခ်ိန္မွ အေပၚမွာေျပာထားသလုိ အခ်က္ေတြအတိုင္းျပဳမူျပီး ကူညီပါ။

Unicode

တကယ်လို့များသင်နဲ့အတူသွားလာနေတဲ့သူ၊သင့်ပတ်ဝန်းကျင်ကလူတစ်ယောက်ယောက် လေဖြတ်ချင်သလိုဖြစ်နေတဲ့အရိပ်အယောင််တွေ တွေ့ရရင် ကူညီဖို့အတွက် ဒီအချက်လေးတွေကို သတိရသင့်ပါတယ်။ရုတ်တရက်လေဖြတ်တာဟာ အသက်ကြီးတဲ့သူတွေမှာဖြစ်နိုင်သလို အသက်အရွယ်မရွေးဖြစ်နိုင်ချေရှပါတယ်။ဒီတော့ လေဖြတ်တော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?

*F.A.S.T ကိုမှတ်ထားပါ
F : မျက်နှာအကြောဆွဲသလိုဖြစ်လာမယ်
A : လက်မောင်းကြွက်သားတွေအားနည်းလာမယ်။မလှုပ်နိုင်တော့သလိုဖြစ်နေမယ်
S : စကားပြောရတာခက်ခဲလာမယ်
T : ဆေးရုံကားချက်ချင်းခေါ်ဖို့ မမေ့ပါနဲ့

ဒီအချက်တွေကတော အဓိကအချက်တွေပါ။နောက်ထပ်အချက်တွေကတော့ ခြေထောက်ကြွက်သားတွေအားနည်းလာပြီးလမ်းမလျှောက်နိုင်ဖြစ်လာမယ်။သတိတွေဝေ၀ါးလာမယ်။အမြင်တွေဝေ၀ါးလာမယ်။ခေါင်းတွေထိုးကိုက်လာမယ်စတဲ့အချက်တွေက လေဖြတ်ချင်တဲ့လက္ခဏာလို့ Neurovascular Intervention Center က Dr.Vipul Gupta က ပြောပြခဲ့ပါတယ်။ဒါဆို သင့်အနေနဲ့ ဘယ်လိုကူညီပေးနိုင်မလဲ ကြည့်လိုက်ရအောင်

*ပိုကောင်းလာမလားဆိုပြီး တစ်ခြားလက္ခဏာတွေစောင့်မနေပါနဲ့။အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေအတိုင်းမြင်နေရပြီဆိုရင် ချက်ချင်းဆေးရုံကားခေါ်ပါ။မြန်လေ ကုသနိုင်စွမ်းပိုကောင်းလေပါပဲ။မိနစ်တိုင်းက တန်ဖိုးရှိနေပါတယ်။မိသားစုဆရာဝန်ခေါ်တာတွေ၊စောင့်နေရတာတွေမှာအချိန်မဖြုန်းပါနဲ့။နီးစပ်ရာဆေးရုံကိုအမြန်ပို့ပါ။
*လူနာကသတိလစ်နေပြီး အသက်ရှုနေတုန်းဆိုရင် ဘေးတစ်စောင်းလှဲလိုက်ပြီး ဦးခေါင်းအောက်မှာ လက်ကိုဖြည်းညင်းစွာထားပေးပါ။(ပုံထဲကလို)

*လူနာက အသက်မရှုတော့ဘူးဆိုရင် ချက်ချင်း CPR လုပ်ပါ။များသောအားဖြင့် CPR လုပ်စရာမလိုဘူးဆိုပေမဲ့ လူနာက သတိလစ်မေ့မျောနေတဲ့အပြင် အသက်လည်းမရှု၊နှလုံးလည်းမခုန်တော့ဘူးဆိုရင် ဆေးရုံကားစောင့်နေတုန်း CPR လုပ်ပေးထားင့်ပါတယ်။
*စားစရာ၊သောက်စရာ ဘာတစ်ခုမှမတိုက်ပါနဲ့၊မကျွေးပါနဲ့။ဘာဆေးဝါးမှလည်း မတိုက်ပါနဲ့။
*အသက်ရှုရလွယ်အောင် အကျီတွေဖြေလျော့ထားပါ။တင်းကျပ်မနေပါစေနဲ့ ။

အထူးသတိထားရမှာကတော့ လေဖြတ်ချင်သလိုဖြစ်နေတဲ့လူနာကိုတွေ့တာနဲ့ ဆေးရုံကားအရင်ခေါ်ထားဖို့ပါပဲ။ဆေးရုံမြန်မြန်ရောက်လေ ပြန်ကောင်းနိုင်ချေများလေပါ။ဆေးရုံကားစောင့်နေတဲ့အချိန်မှ အပေါ်မှာပြောထားသလို အချက်တွေအတိုင်းပြုမူပြီး ကူညီပါ။

224 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.