ရေများများသောက်ရင်ဝိတ်ကျတယ်…ရေသောက်များရင်ပိုဝတယ်…ဘာကအမှန်ဖြစ်မလဲ…
Unicode
တစ်ချို့တွေကရေသောက်ရင် ပိုဝလာကြတယ်လို့ပြောတတ်ကြတယ်…ဒီလိုပြောလို့မှ မပြီးသေးဘူး တစ်ချို့တွေကျပြန်တော့လည်းရေသောက်ဝိတ်ချရင်းနဲ့ပိန်ပါးသွားကြတာမျိုးလည်းရှိပါတယ် ။ ဆိုတော့ ဘာကိုအမှန်လို့ယုံရမလဲပေါ့ ပိန်ချင်လို့ရေသောက်ပါတယ် သူများတွေပြောသလို မပိန်ပဲ ပိုဝလာရင်ဒုက္ခ …ဒီလိုအခြေနေမျိုးအဖြစ်ရလေအောင် အဖြေမှန်ကိုရှင်းလင်းစွာသိထားဖို့တော့လိုအပ်ပါတယ်…
ရေကို ဘယ်လိုအခြေနေမျိုးမှာ များများသောက်ရင်ဝလာစေနိင်လဲ
အစားများများစားပြီးတဲ့အချိန်မှာ ရေတစ်ဝကြီးသောက်တာမျိုး၊ ထမင်းစားနေရင်းတန်းလန်းနဲ့ရေတွေများကြီးသောက်တာမျိုးတွေဟာပိုလို့ဝလာနိုင်စေပါတယ်။ ရေများများကို အစားစာများများစားပြီးချိန်မှာသောက်တာကြောင့် အစာချေဖျက်အားနှေးပြီး လူပိုဝလာနိုင်စေပါတယ်။
ရေကို ဘယ်လိုအခြေနေမျိုးမှာ များများသောက်ရင် ပိန်လာနိုင်စေသလဲ
မနက်မိုးလင်းလင်းချင်းအဝသောက်ပါ။ အစာမစားခင် တစ်ဝသောက်လိုက်ပါ။ ပြီးရင်အစာစားပါ။ စားနေချိန်မှာ စားလိုက်သောက်လိုက်မျိုးမလုပ်ရ၊ စားပြီးပြီးချင်းစတိလောက်ပဲရေကိုသောက်သင့်ပါတယ်။ အထူးသဖြင့်ဗိုက်မဆာအောင် အစာနဲ့ကင်းလွတ်တဲ့အချိန်မှာ ရေကိုများများသောက်ပေးဖို့လိုပါတယ်။ ရေဝနေတဲ့ ခန္ဓာကိုယ်ဟာ ဗိုက်သိပ်မဆာနိုင်တော့ပါဘူး။ ဒီနည်းလမ်းက ရေများများသောက်လို့ဝိတ်ကျစေနိုင်တယ်ဆိုတဲ့နည်းလမ်းပါပဲ…
172 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.