မညာနဲ့ …ငယ်ငယ်တုန်းက ဒါတွေတော့ လုပ်ခဲ့ဖူးကြတယ်မလား …

လူတိုင်း လူတိုင်း ငယ်ရာက ကြီးလာကြတယ်။ ပတ်ဝန်းကျင်ဖြတ်သန်းပုံချင်း မတူညီကြပေမယ့် ဒီလိုအခြေအနေလေးတွေကိုတော့ အားလုံးကြုံခဲ့ရမှာပါပဲ။ ကလေးဘဝဆို ပျော်ရွှင်စရာတွေအပြည့်နဲ့ ဖြတ်သန်းခဲ့ရတဲ့ အလှပဆုံးအချိန်တွေပါပဲ။ လူတိုင်းရဲ့ငယ်ဘဝဟာ အမှတ်တရတွေနဲ့ ပြည့်နေလိမ့်မယ်ထင်ပါတယ်။ ကဲ.. ဘယ်လိုအခြေအနေတွေကို ကိုယ်တွေ ဖြတ်သန်းခဲ့ရလည်းဆိုတာ ကြည့်လိုက်ရအောင်နော်…

ကလေးတိုင်း ကလေးတိုင်း အိမ်ပုံဆွဲခဲ့ဖူးတယ်… နေလုံးကလည်း အနောက်ကပါသေးတယ်ဟုတ်

ကျောင်းကို အဖေလိုက်ပို့ပြီဆို အိမ်ပြန်လိုက်မယ်လို့ အော်ငိုခဲ့ကြဖူးတယ်…

ကန်တော့လို့ ရသမျှမုန့်ဖိုးတွေကို အမေဆီအကုန်ပြန်ပေးကြတယ်မလား… အဲ့တုန်းက ပိုက်ဆံက ဆော့လို့မှမရသေးတာ..

နည်းနည်းလေးအရွယ်ရောက်လာတော့ အမေ့ရဲ့အလှပြင်ပစ္စည်းတွေ ခိုးသုံးကြည့်တယ်

သွားနုတ်ပြီဆို အိမ်ခေါင်မိုးပေါ် ပစ်တင်လိုက်ရမှ

သီချင်းတစ်ပုဒ်ကြိုက်ပြီဆို သီချင်းစာသားတွေ pause နှိပ်ပြီးလိုက်ကူးရတာ အမော..(တကယ့်ကို အလုပ်ကြီး အကိုင်ကြီးပါပဲ..)

 

အအေးသောက်ရင် ခွက်ထဲပူဖောင်းတွေထလာအောင် လေမှုတ်ကစားဖူးတယ်..

ဖယောင်းတိုင်မီးကကျတဲ့ အရိပ်နဲ့ နံရံပေါ်မှာ ပုံစံအမျိုးမျိုးလုပ် ကစားခဲ့ဖူးတယ်

ဖန်ပုလင်းထဲ ကြယ်တွေ အခု၁ဝဝပြည့်အောင်ခေါက်ပြီး ဆုတောင်းတွေလည်း ခြွေခဲ့ရတာ အမော ..

ကျောင်းမတက်ချင်လို့ ဖျားချင်ယောင်ဆောင်ခဲ့သေးတယ်

အိပ်ရာထဲမှာ ခိုးပြီး ကာတွန်းတွေဖတ်ကြတယ်

အားလုံးရဲ့ ငယ်ဘဝကိုယ်စီဟာ ဒီလိုပဲဖြတ်သန်းခဲ့ကြဖူးမယ် ထင်ပါတယ်။ တူနေတဲ့အချက်လေးတွေရှိရင် သူငယ်ချင်းတွေဆီ ပြန်လည်မျှဝေလိုက်ပါဦးနော်…

169 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.