ဘယ်လောက်ပဲချစ်ချစ်ယောကျာ်းလေးတစ်ယောက်အပေါ်အလိုအလိုက်သင့်တဲ့အရာတွေက…











Unicode

မိန်းမဆိုတဲ့အမျိုးက ချစ်ပြီဆိုတစ်ဆုံးချစ်တတ်ကြတဲ့အမျိုးမဟုတ်လေဘူးလား…ချစ်ပါ ချစ်လို့ရပါတယ်။ ဒါပင်မဲ့ ကိုယ့်ရဲ့အချစ်ဟာ နှစ်ဦးသားကို ပျက်စီးစေနိုင်ပြီး RS ကိုဖြိုခွင်းပစ်နိုင်တဲ့အချစ်မျိုးတော့မဖြစ်ပါစေနဲ့။ ကိုယ့်ချစ်သူအပေါ်ကိုယ်က သည်းခံနိုင်တယ်ပဲထား ကိုယ့်ရဲ့သည်းခံမှု ကလည်းအတိုင်းတာတစ်ခုထိပဲအလိုလိုက်ဖို့ကောင်းပါတယ်။ ဆိုတော့ မိန်းကလေးတစ်ယောက်ကိုယ့်ချစ်သူအပေါ် အလို မလိုက်သင့်တဲ့အရာလေးတွေကဘာတွေများဖြစ်မလဲ…

(၁) ဖောက်ပြန်မှုကိုအလျော့မပေးပါနဲ့

ချစ်လို့ တစ်ခြားအရာတွေ၊ အားနည်းချက်တွေကို လက်ခံပေးနိုင်ရင်တောင်သစ္စာဖောက်ပြားတာမျိုးတော့လက်မခံပါနဲ့။ သစ္စာတရားကင်းမဲ့တဲ့လက်တွဲဖော်တစ်ယောက်ဟာ ကိုယ့်တစ်ဘဝလုံးအတွက် ကျိန်စာဖြစ်နေမှာပါ။

(၂) သူတစ်ပါးကို နာကျင်စေတဲ့အပြုမူမျိုးလုပ်တဲ့အခါ အလိုမလိုက်ပါနဲ့

ကိုယ့်ကိုမလုပ်ရင်ပြီးတာပဲ သူများကို ဘာလုပ်လုပ်ဆိုတဲ့စိတ်မျိုးမထားပါနဲ့။ သူတစ်ပါးအပေါ်ကောင်းမွန်စွာဆက်ဆံတတ်တဲ့အမျိုးသားမျိုးဖြစ်မှ ကိုယ့်တစ်ဘဝလုံး လုံခြုံမယ်ဆိုတာ မမေ့ပါနဲ့။

(၃) ကိုယ်ထိလက်ရောက်စော်ကားတဲ့အထိအလျော့မပေးပါနဲ့

စိတ်တိုသွားလို့ပါဆိုပြီး စကားနဲ့မပြောပဲကိုယ်ထိလက်ရောက်ပါးရိုက်နားရိုက် လုပ်တတ်ဖို့ အလျော့မပေးပါနဲ့။ တစ်ခါပေးလိုက်မိရင် တစ်သတ်လုံးသင့်ကို ထပ်မရိုက်ဘူးမပြောနိုင်ပါဘူး။

(၄) ကိုယ့်မိဘဆွေမျိုးသားချင်းတွေအပေါ်ရိုင်းဆိုင်းစွာဆက်ဆံတာမျိုးထိအလျော့မပေးပါနဲ့

ကိုယ့်မိဘ ဆွေမျိုးအသိုင်းဝိုင်း ပေါ် လေးစားခြင်းမရှိပဲ ပြောချင်တိုင်းပြောဆိုချင်တိုင်းဆိုခွင့်မပေးပါနဲ့။ တစ်ချိန်သူတို့မိဘဖြစ်လာမဲ့သူတွေအပေါ် အရိုသေမတန်တာအကောင်းဆုံးပါပဲ။

ချစ်တော့ချစ်ပါ အဆိပ်အတောက်ဖြစ်စေလောက်တဲ့အချစ်မျိုးနဲ့မချစ်မိကြစေဖို့တော့အကြံပေးပါရစေ…

319 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.