အဆီအဆိမ့္ၾကိဳက္တတ္သူေတြ မျဖစ္မေနသိထားသင့္တဲ႔အခ်က္ေလးေတြ…

လူတုိင္းလုိလုိ အဆီအအီ၊အခ်ိဳအဆိမ့္အစားအစာေတြၾကိဳက္ႏွစ္သက္ၾကပါတယ္။၀ိတ္တက္လာမွာစုိးလု႔ိသာေရွာင္ရတာပါ။ဒါေပမဲ႔ တစ္ခါတစ္ေလမေရွာင္နုိင္ပဲစားမိသြားတာေတြရွိတယ္။ကုိလက္စထေရာမ်ားတဲ႔အစားအစာေတြစားမိသြားတဲ႔အခါမွာ ေနာက္ဆက္တြဲသတိထားရမယ့္အရာေလးေတြကပ္ပါလာပါတယ္။အဆီအဆိမ့္မ်ားတဲ႔အစားအစာေတြစားမိတဲ႔အခါ ဒီအခ်က္ ၅ခ်က္ကုိလည္းမျဖစ္မေနသိထားသင့္၊လုပ္ေပးသင့္ပါတယ္တ႔ဲ။ဘယ္လုိအခ်က္ေတြလဲ?

*ေလ့က်င့္ခန္းခဏတာလုပ္ေပးဖုိ႔မေမ့ပါနဲ႔
အဆီမ်ားတဲ႔အစားအစာ၊ညစာထမင္းစားေသာက္ျပီးတဲ႔အခါမ်ိဳးမွာ ကယ္လုိရီေတြပုိလ်ွံမေနေအာင္ ေခ်ဖ်က္ေပးဖုိ႔လိုပါတယ္။အဲ႔ဒီအတြက္ ေလ့က်င့္ခန္းအၾကီးစားေတြလုပ္စရာမလုိပါဘူး။၁၅မိနစ္ေလာက္ဟုိနား ဒီနား လမ္းေလးထေလ်ွာက္လိုက္တာမ်ိဳးက ကယ္လိုရီေတြမပုိလ်ွံေအာင္ေခ်ဖ်က္ေပးပါတယ္။

*ေရေႏြးေႏြးေလးေသာက္ဖုိ႔ အမွတ္ရပါ
အဆီမ်ားတဲ႔အစားအစာေတြစားထားျပီးရင္ ေရေႏြးအျဖဴထည္တစ္ခြက္ျဖစ္ေစ ႏွစ္ခြက္ျဖစ္ေစ ေသာက္ေပးသင့္ပါတယ္။ေရေႏြးက အဆီျမန္ျမန္ေခ်ဖ်က္ႏုိင္ေအာင္ကူညီေပးသလို အသည္း၊အစာအိမ္နဲ႔အူေတြ ကုိသန္႔ရွင္းက်န္းမာေအာင္ ကူညီေထာက္ပံ႔ေပးပါတယ္။

*စားျပီးတာနဲ႔ခ်က္ခ်င္းမလွဲပါနဲ႔
ထမင္းစားေသာက္ျပီး ၂နာရီ၊သံုးနာရီၾကာမွ အိပ္ရာထဲမွာလဲေလ်ာင္းသင့္ပါတယ္။စားျပီးတာနဲ႔ခ်က္ခ်င္းလဲွလုိက္တဲ႔အခါ အစာေတြလည္းေကာင္းစြာမေၾကညက္ႏုိင္ပဲဗုိက္မွာအဆီေတြသာစုသြားပါလိမ့္မယ္။

*ေရခဲေရမေသာက္ပါန႔ဲ
လူအမ်ားစုက ထမင္းစားျပီးတဲ႔အခါ ေရခဲေရေသာက္တတ္တဲ႔အက်င့္ရွိတတ္ပါတယ္။တကယ္ေတာ့ ေရခဲေရမေသာက္သင့္ပါဘူး။ကြ်မ္းက်င္ပညာရွင္ေတြက ကုိလက္စထေရာမ်ားျပားတဲ႔အစားအစာေတြ၊အခ်ိဳဓာတ္ကဲတဲ႔အစားအစာေတြစားေသာက္ျပီးတဲ႔အခါ ေရခဲေရမေသာက္ဖုိ႔အၾကံေပးထားပါတယ္။အဆီအဆိမ့္မ်ားျပားတဲ႔အစားအစာေတြကုိစားေသာက္ျပီး ေရခဲေရေသာက္တဲ႔အခါ အသည္းကုိထိခိုက္ေစတယ္လုိ႔သိရပါတယ္။

*အဆီအဆိမ့္မ်ားတဲ႔အစားအစာေတြစားျပီးတဲ႔အခါ ရင္ေအးစာေတြမစားပါနဲ႔
အဆီမ်ားတဲ႔အစားအစာေတြစားျပီးတဲ႔ေနာက္ ေရခဲမုန္႔၊ဖာလူဒါ၊ေရခဲေခ်ာင္းစတဲ႔ ေအးတဲ႔အစားအစာေတြမစားပါနဲ႔။အဲ႔ဒီလုိစားမိတဲ႔အခါ အသည္း၊အစာအိမ္နဲ႔အူလမ္းေၾကာင္းမွာ အေႏွာင့္အယွက္ျဖစ္သြားေစပါတယ္။ဒါေၾကာင့္ ေန႔လည္စာ၊ညစာစားျပီးတဲ႔အခါမ်ိဳးမွာ အခ်ိဳအေအးေတြမစားသင့္ပါဘူး။

ဒါေတြက အဆီအဆိမ့္မ်ားတဲ႔အစားအစာေတြမေရွာင္နုိင္ပဲစားမိတဲ႔အခါ လုပ္သင့္တာ၊မလုပ္သင့္တာေတြပါ။ဒီအခ်က္ေလးေတြကုိသိထားမယ္ဆုိရင္ ၀ိတ္တက္မွာကုိလည္းေရွာင္လို႔ရသြားျပီေပါ့။

Unicode

လူတိုင်းလိုလို အဆီအအီ၊အချိုအဆိမ့်အစားအစာတွေကြိုက်နှစ်သက်ကြပါတယ်။၀ိတ်တက်လာမှာစိုးလို့သာရှောင်ရတာပါ။ဒါပေမဲ့ တစ်ခါတစ်လေမရှောင်နိုင်ပဲစားမိသွားတာတွေရှိတယ်။ကိုလက်စထရောများတဲ့အစားအစာတွေစားမိသွားတဲ့အခါမှာ နောက်ဆက်တွဲသတိထားရမယ့်အရာလေးတွေကပ်ပါလာပါတယ်။အဆီအဆိမ့်များတဲ့အစားအစာတွေစားမိတဲ့အခါ ဒီအချက် ၅ချက်ကိုလည်းမဖြစ်မနေသိထားသင့်၊လုပ်ပေးသင့်ပါတယ်တဲ့။ဘယ်လိုအချက်တွေလဲ?

*လေ့ကျင့်ခန်းခဏတာလုပ်ပေးဖို့မမေ့ပါနဲ့
အဆီများတဲ့အစားအစာ၊ညစာထမင်းစားသောက်ပြီးတဲ့အခါမျိုးမှာ ကယ်လိုရီတွေပိုလျှံမနေအောင် ချေဖျက်ပေးဖို့လိုပါတယ်။အဲ့ဒီအတွက် လေ့ကျင့်ခန်းအကြီးစားတွေလုပ်စရာမလိုပါဘူး။၁၅မိနစ်လောက်ဟိုနား ဒီနား လမ်းလေးထလျှောက်လိုက်တာမျိုးက ကယ်လိုရီတွေမပိုလျှံအောင်ချေဖျက်ပေးပါတယ်။

*ရေနွေးနွေးလေးသောက်ဖို့ အမှတ်ရပါ
အဆီများတဲ့အစားအစာတွေစားထားပြီးရင် ရေနွေးအဖြူထည်တစ်ခွက်ဖြစ်စေ နှစ်ခွက်ဖြစ်စေ သောက်ပေးသင့်ပါတယ်။ရေနွေးက အဆီမြန်မြန်ချေဖျက်နိုင်အောင်ကူညီပေးသလို အသည်း၊အစာအိမ်နဲ့အူတွေ ကိုသန့်ရှင်းကျန်းမာအောင် ကူညီထောက်ပံ့ပေးပါတယ်။

*စားပြီးတာနဲ့ချက်ချင်းမလှဲပါနဲ့
ထမင်းစားသောက်ပြီး ၂နာရီ၊သုံးနာရီကြာမှ အိပ်ရာထဲမှာလဲလျောင်းသင့်ပါတယ်။စားပြီးတာနဲ့ချက်ချင်းလှဲလိုက်တဲ့အခါ အစာတွေလည်းကောင်းစွာမကြေညက်နိုင်ပဲဗိုက်မှာအဆီတွေသာစုသွားပါလိမ့်မယ်။

*ရေခဲရေမသောက်ပါနဲ့
လူအများစုက ထမင်းစားပြီးတဲ့အခါ ရေခဲရေသောက်တတ်တဲ့အကျင့်ရှိတတ်ပါတယ်။တကယ်တော့ ရေခဲရေမသောက်သင့်ပါဘူး။ကျွမ်းကျင်ပညာရှင်တွေက ကိုလက်စထရောများပြားတဲ့အစားအစာတွေ၊အချိုဓာတ်ကဲတဲ့အစားအစာတွေစားသောက်ပြီးတဲ့အခါ ရေခဲရေမသောက်ဖို့အကြံပေးထားပါတယ်။အဆီအဆိမ့်များပြားတဲ့အစားအစာတွေကိုစားသောက်ပြီး ရေခဲရေသောက်တဲ့အခါ အသည်းကိုထိခိုက်စေတယ်လို့သိရပါတယ်။

*အဆီအဆိမ့်များတဲ့အစားအစာတွေစားပြီးတဲ့အခါ ရင်အေးစာတွေမစားပါနဲ့
အဆီများတဲ့အစားအစာတွေစားပြီးတဲ့နောက် ရေခဲမုန့်၊ဖာလူဒါ၊ရေခဲချောင်းစတဲ့ အေးတဲ့အစားအစာတွေမစားပါနဲ့။အဲ့ဒီလိုစားမိတဲ့အခါ အသည်း၊အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်သွားစေပါတယ်။ဒါကြောင့် နေ့လည်စာ၊ညစာစားပြီးတဲ့အခါမျိုးမှာ အချိုအအေးတွေမစားသင့်ပါဘူး။

ဒါတွေက အဆီအဆိမ့်များတဲ့အစားအစာတွေမရှောင်နိုင်ပဲစားမိတဲ့အခါ လုပ်သင့်တာ၊မလုပ်သင့်တာတွေပါ။ဒီအချက်လေးတွေကိုသိထားမယ်ဆိုရင် ၀ိတ်တက်မှာကိုလည်းရှောင်လို့ရသွားပြီပေါ့။

 

177 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.