အလွအပနဲ႔က်န္းမာေရးအတြက္အျမဲေဆာင္ထားသင့္တဲ႔ ရွာလကာရည္…

အိမ္တစ္အိမ္မွာ ရွာလကာရည္တစ္ဘူးကေတာ့ အျမဲေဆာင္ထားသင့္ပါတယ္။ဘာလို႔လဲဆုိေတာ့ ရွာလကာရည္ဟာ က်န္းမာေရးအတြက္၊အလွအပအတြက္၊အိမ္သန္႔ရွင္းေရးအတြက္ အသံုး၀င္ေနတာေၾကာင့္ပါပဲ။ရွာလကာရည္ကုိ အလွအပနဲ႔က်န္းမာေရးအတြက္ ဘယ္လုိေတြအသံုးျပဳရမလဲ အတူဆက္ဖတ္ၾကည့္လုိက္ရေအာင္

*ေခါင္းေလ်ွာ္ရည္ကုန္ေနတယ္။ဆံပင္ကလည္းေလ်ွာ္မွျဖစ္ေတာ့မယ္ဆုိရင္ ရွာလကာရည္နဲ႔ မုန္႔ဖုတ္ဆုိဒါအနည္းငယ္ကုိ ဆတူေရာစပ္ျပီး ေလ်ွာ္လို႔ရပါတယ္။အဲ႔ဒါဆုိရင္ ဆံပင္ေတြသန္႔ရွင္းသြားပါလိမ့္မယ္။
*ရွာလကာရည္ထဲမွာဆုိရင္ ပန္းသီးရွာလကာရည္ဟာ ကုိယ္သံုးေနက်တုိနာမရွိရင္ တုိနာအစားထုိးသံုးေပးလုိ႔ရပါတယ္။

*ပန္းသီးရွာလကာရည္ခြက္တစ္၀က္၊ရွာလကာရည္ခြက္တစ္၀က္၊ဆားခါး၊Lavender oil အနည္းငယ္ထည့္ျပီး အဲ႔ဒီေရမွာစိမ္ေပးမယ္ဆုိရင္ ခႏၶာကုိယ္အေညာင္းအညာေတြေျပေစျပီး တစ္ေနကုန္ပင္ပန္းထားသမ်ွေပ်ာက္ကင္းေစပါတယ္။
*ရွာလကာရည္စားပြဲတင္ဇြန္းတစ္ဇြန္းကိုဖန္ခြက္တစ္ခြက္စာေရာစပ္ျပီးေသာက္ေပးရင္ ႏွာေစး၊ႏွာေခါင္းပိတ္တာေပ်ာက္ကင္းေစပါတယ္။

*ရွာလကာရည္ထဲမွာငါးမိနစ္ေလာက္ လက္သည္းေတြကုိစိမ္ထားေပးရင္ လက္သည္းခဏခဏက်ိဳးပဲ႔တာေတြကုိသက္သာေစျပီး က်န္းမာတဲ႔လက္သည္းေလးပုိင္ဆုိင္လာပါလိမ့္မယ္။
*ပန္းသီးရွာလကာရည္နဲ႔ဆားစားပြဲတင္ဇြန္းတစ္ဇြန္းစီကုိေရာစပ္ျပီး ပလုတ္က်င္းေပးရင္ လည္ေခ်ာင္းနာ၊ခြ်ဲက်ပ္၊ခြ်ဲသလိပ္ထြက္တာကုိ သက္သာေစပါတယ္။
*၀က္ျခံေတြသက္သာေလ်ာ့ပါးေစဖုိ႔ ပန္းသီးရွာလကာရည္တစ္ဆ၊ေရသံုးဆေရာစပ္ျပီး ၀က္ျခံျဖစ္ပြားရာေနရာကုိ လိမ္းေပးထားပါ။တစ္ေန႔ကုိသံုးၾကိမ္ ၁၀မိနစ္ၾကာေအာင္ထားျပီး ေရနဲ႔သန္႔စင္ေပးပါ။

*ပ်ားကုိက္ခံရတဲ႔အခါ ရွာလကာရည္ကုိ ဒဏ္ရာကုိေလာင္းခ်ေပးရင္ သက္သာေစပါတယ္။
*အျဖဴေရာင္ရွာလကာရည္နဲ႔ ေရကုိဆတူေရာစပ္ျပီး ေရခဲေသတၱာကုိ သန္႔ရွင္းေရးလုပ္ေပးရင္ အသစ္အတုိင္းသစ္လြင္ေတာက္ပသြားပါလိမ့္မယ္။
*အနံ႔ထြက္ေနတဲ႔မ်က္ႏွာသုတ္ပု၀ါေတြကုိေလ်ွာ္ဖုိ႔လုပ္တဲ႔အခါ အျဖဴေရာင္ရွာလကာရည္ခြက္တစ္၀က္စာေလာက္ထည့္ျပီးစိမ္ထားပါ။ျပီးရင္ပံုမွန္အတိုင္းေလ်ွာ္လိုက္ပါ။အနံ႔ဆိုးေတြကင္းစင္သြားပါလိမ့္မယ္။

*ေစာင္ေတြ၊အိပ္ရာခင္းေတြအနံ႔ထြက္ေနတဲ႔အခါမွာလည္း ေလ်ွာ္စက္ထဲကုိ ပန္းသီးရွာလကာရည္ခြက္တစ္၀က္စာေလာက္ထည့္စိမ္ျပီးေလ်ွာ္ေပးပါ။အနံ႔ဆုိးေတြေပ်ာက္ျပီး ဘတ္တီးရီးယားပုိးမႊားေတြဖယ္ရွားေပးႏုိင္ပါတယ္။

Unicode

=အိမ်တစ်အိမ်မှာ ရှာလကာရည်တစ်ဘူးကတော့ အမြဲဆောင်ထားသင့်ပါတယ်။ဘာလို့လဲဆိုတော့ ရှာလကာရည်ဟာ ကျန်းမာရေးအတွက်၊အလှအပအတွက်၊အိမ်သန့်ရှင်းရေးအတွက် အသုံးဝင်နေတာကြောင့်ပါပဲ။ရှာလကာရည်ကို အလှအပနဲ့ကျန်းမာရေးအတွက် ဘယ်လိုတွေအသုံးပြုရမလဲ အတူဆက်ဖတ်ကြည့်လိုက်ရအောင်

*ခေါင်းလျှော်ရည်ကုန်နေတယ်။ဆံပင်ကလည်းလျှော်မှဖြစ်တော့မယ်ဆိုရင် ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ဆတူရောစပ်ပြီး လျှော်လို့ရပါတယ်။အဲ့ဒါဆိုရင် ဆံပင်တွေသန့်ရှင်းသွားပါလိမ့်မယ်။
*ရှာလကာရည်ထဲမှာဆိုရင် ပန်းသီးရှာလကာရည်ဟာ ကိုယ်သုံးနေကျတိုနာမရှိရင် တိုနာအစားထိုးသုံးပေးလို့ရပါတယ်။

*ပန်းသီးရှာလကာရည်ခွက်တစ်ဝက်၊ရှာလကာရည်ခွက်တစ်ဝက်၊ဆားခါး၊Lavender oil အနည်းငယ်ထည့်ပြီး အဲ့ဒီရေမှာစိမ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အညောင်းအညာတွေပြေစေပြီး တစ်နေကုန်ပင်ပန်းထားသမျှပျောက်ကင်းစေပါတယ်။
*ရှာလကာရည်စားပွဲတင်ဇွန်းတစ်ဇွန်းကိုဖန်ခွက်တစ်ခွက်စာရောစပ်ပြီးသောက်ပေးရင် နှာစေး၊နှာခေါင်းပိတ်တာပျောက်ကင်းစေပါတယ်။

*ရှာလကာရည်ထဲမှာငါးမိနစ်လောက် လက်သည်းတွေကိုစိမ်ထားပေးရင် လက်သည်းခဏခဏကျိုးပဲ့တာတွေကိုသက်သာစေပြီး ကျန်းမာတဲ့လက်သည်းလေးပိုင်ဆိုင်လာပါလိမ့်မယ်။
*ပန်းသီးရှာလကာရည်နဲ့ဆားစားပွဲတင်ဇွန်းတစ်ဇွန်းစီကိုရောစပ်ပြီး ပလုတ်ကျင်းပေးရင် လည်ချောင်းနာ၊ချွဲကျပ်၊ချွဲသလိပ်ထွက်တာကို သက်သာစေပါတယ်။
*ဝက်ခြံတွေသက်သာလျော့ပါးစေဖို့ ပန်းသီးရှာလကာရည်တစ်ဆ၊ရေသုံးဆရောစပ်ပြီး ဝက်ခြံဖြစ်ပွားရာနေရာကို လိမ်းပေးထားပါ။တစ်နေ့ကိုသုံးကြိမ် ၁ဝမိနစ်ကြာအောင်ထားပြီး ရေနဲ့သန့်စင်ပေးပါ။

*ပျားကိုက်ခံရတဲ့အခါ ရှာလကာရည်ကို ဒဏ်ရာကိုလောင်းချပေးရင် သက်သာစေပါတယ်။
*အဖြူရောင်ရှာလကာရည်နဲ့ ရေကိုဆတူရောစပ်ပြီး ရေခဲသေတ္တာကို သန့်ရှင်းရေးလုပ်ပေးရင် အသစ်အတိုင်းသစ်လွင်တောက်ပသွားပါလိမ့်မယ်။
*အနံ့ထွက်နေတဲ့မျက်နှာသုတ်ပုဝါတွေကိုလျှော်ဖို့လုပ်တဲ့အခါ အဖြူရောင်ရှာလကာရည်ခွက်တစ်ဝက်စာလောက်ထည့်ပြီးစိမ်ထားပါ။ပြီးရင်ပုံမှန်အတိုင်းလျှော်လိုက်ပါ။အနံ့ဆိုးတွေကင်းစင်သွားပါလိမ့်မယ်။

 

302 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.