အသားရည်အတွက် မဖြစ်မနေလိုအပ်တဲ့ Tonerကို ဘာကြောင့်ရွေးချယ်သင့်

အချို့ ကောင်မလေးတွေ အသားရည်လေးတွေ ကြည်ကြည်လေးနဲ့ ဘယ်ချိန်ကြည့်ကြည့် မျက်နှာကညိုးနွမ်းနေတာမျိုးမရှိဘူး။ ဒါဟာ ဘာကြောင့်လဲ? သူတို့ရဲ့လျှို့ ဝှက်ချက်က ဘာများလဲ ? မိတ်ကပ်သားတွေကောင်းနေရုံနဲ့ ယောင်းတို့ရဲ့အသားရည်ဟာ ကြည်လင်ဖြူဖွေးလာမှာမဟုတ်ပါဘူး။ Skin care ပိုင်းကို သေချာဂရုစိုက်နိုင်မှ မိတ်ကပ်လိမ်းတဲ့အခါ အသားရည်နဲ့တထပ်တည်းကျနေမှာဖြစ်ပါတယ်။

ဘယ်လို skin care product တွေပဲသုံးနေပါစေ.. ကိုယ်သုံးတဲ့အထဲမှာ toner ပါလား… တစ်ချက်လောက် စစ်ကြည့်ပါဦး ။ ကျန်းမာလှပ ၊ အစိုဓာတ်ပြည့်ဝပြီး အရွယ်တင်နုပျိုတဲ့ အသားရည်မျိုးပိုင်ဆိုင်နိုင်ဖို့ သေချာကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်ဖို့လည်း လိုပါတယ်။ တစ်နေ့လုံး လိမ်းထားတဲ့ မိတ်ကပ်တွေကို မိတ်ကပ်ဖျက် tower နဲ့ဖျက်ပြီး မျက်နှာသစ်ရင်ပြောင်သွားပြီလို့ တွေးကြတယ်မလား။ ကိုယ်မမြင်နိုင်တဲ့ အညစ်ကြေးတွေက မျက်နှာအသားရည်အတွင်းပိုင်းထဲမှာ ကပ်ငြိနေတတ်ပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါ တိုနာလေးလိမ်းထားလိုက်တာနဲ့ မျက်နှာက အစိုဓာတ်ကိုထိန်းပေးထားပြီး ချွေးပေါက်ကျယ်တာကိုလည်း လျော့ကျစေပါတယ်။

တိုနာထဲမှာ ကိုရီးယားထုတ်ကုန်ပစ္စည်းတွေကို သဘောကျတဲ့ ယောင်းတို့အတွက် လူကြိုက်များဆုံး ပစ္စည်းလေးတွေ ပြောပြပေးပါမယ်။ ကိုရီးယား skin care တွေဟာ ရေဓာတ်ကိုအခြေခံထားတာကြောင့် ဝက်ခြံ ၊ မျက်နှာအသားရည်ခြောက်ခြင်း ၊ အရေးကြောင်းနဲ့ များစွာသော အသားရည်ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

liquid eyeshadow

  • အသားရည်ခြောက်သွေ့သူ
    အသားရည်ခြောက်တာဟာလည်း စိတ်ညစ်စရာပါ။ မျက်နှာက ရေဓာတ်မပြည့်ဝတဲ့အခါ ဘာလိမ်းလိမ်းအဆင်ပြေမှာမဟုတ်ပါဘူး။ ဖော်ပြပါ တိုနာလေးတွေက ခြောက်သွေ့တဲ့အသားရည်ပိုင်ရှင်လေးတွေအတွက် အထူးအဆင်ပြေစေလိမ့်မယ်လို့ ထင်ပါတယ်

Mamonde Floral Hydro Ampoule Toner

Whamisa Organic Flowers Deep Rich Essence Toner

Cosrx One Step Moisture Up Pads

Belif Bergamot Toner

  •  အဆီပြန်သူ၊ ပုံမှန်အသားရည်နဲ့ sensitive skin များအတွက်
    တစ်မျက်နှာလုံး အဆီပြန်နေတာမျိုးမဟုတ်ပဲ T-zone နေရာလောက်ကွက်ပြီး အဆီပြန်တတ်သူများအတွက်လည်း ဒီပြဿနာဟာ စိတ်ရှုပ်စရာပါ။ ဒါဆိုအရင်ဆုံး pH-balance ညီအောင်လုပ်ဖို့ လိုပါတယ်။ ဒီပြဿနာအတွက် ရှားစောင်း၊ tea tree နဲ့ lavendar တို့က ကူညီပေးနိုင်ပါတယ်။ အခုဖော်ပြထားတဲ့ တိုနာလေးတွေကိုသုံးကြည့်ဖို့ အကြံပြုပါတယ်နော်။

Missha Aqua Peptide Custom Skin Care Toner

Dermatory Hypoallergenic Hydrating Toner

Laneige Fresh Calming Toner

Belif Eucalyptus Toner

  • အရေးကြောင်းရှိ အသားရည်များအတွက်
    အရေးကြောင်းတွေပျောက်ကင်းစေဖို့အတွက် tea tree oil, green tea , bija seed oil တို့နဲ့လုပ်ထားတဲ့ တိုနာက အထောက်ကူဖြစ်ပါလိမ့်မယ်။

Whamisa Glow Studio Green Tea Serum Toner

AmorePacific Treatment Toner

Innisfree Blemish Care Toner with Bija Seed Oil

RE:P Cell Calming Cica Tonic

ကိုယ့်ရဲ့အသားရည်ပြဿနာအလိုက် အကြံပြုထားတဲ့ တိုနာလေးတွေကို ရွေးချယ်အသုံးပြုပြီး စိုပြေလှပတဲ့အသားရည်ပိုင်ရှင်လေးတွေ ဖြစ်ပါစေနော်…

383 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.