ပင်လယ်ကမ်းခြေဘက်ခရီးသွားခြင်းကလည်းသင့်အတွက်ဆေးကုနည်းတစ်မျိုးပါပဲ…
Unicode
လောကကြီးမှာ သဘာဝကပေးတဲ့ ဆေးတွေရှိပြီးနေပြီးသားပါ။ ဆေးသောက် ဆေးထိုးမှရယ် မဟုတ်ပဲ သဘာဝကြီးကပေးတဲ့ ဆေးတွေရှိတတ်ကြသေးတယ်ဆိုလည်းမေ့ထားလို့တော့မရပါဘူး…ပင်လယ်ကမ်းခြေဒေသကို သွားခြင်းကလည်း သင့်ရဲ့ကျန်းမာရေးကို အကောင်းဆုံးဖြစ်လာစရာတွေရှိတယ်ဆိုတာ မမေ့ပါနဲ့။ ပင်လယ်ကမ်းခြေကိုသွားရင် ဘယ်လိုအကျိုးတွေရှိနိုင်လဲ..အထူးသဖြင့် ဘယ်လိုကျန်းမာရေးသုခတွေဖြစ်လာနိုင်စေသလဲဆိုတာ….
(၁) ပင်လယ်လေက သင့်ရဲ့အဆုတ်ကိုသန့်စေပါတယ်
ပင်လယ်လေအေးအေးလေးက A Little လေးတော့ အသားတွေမဲပင်မဲ့ သန့်ပြန့်တဲ့ပင်လယ်လေကို တဝ ရှူရှိုက်ရတာဟာသင့် ရဲ့အဆုတ်ကျန်းမာရေးကို အကျိုးပြုစေနိုင်ပါတယ်။
(၂) ပင်လယ်ရေ ကအနာတွေကို သက်သာစေပါတယ်
ပင်လယ်ဆားငံရေတွေဟာ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်နေတဲ့ အရည်ပြားရောဂါ ၊ အနာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
(၃) ဆားငံရည်နဲ့ထိတွေ့ခြင်းကအကြောအချင်တွေကိုပြေလျော့စေပါတယ်
ဆားငံရည်တွေနဲထိတွေ့ခြင်းကအကြောအချင်တွေကို အညောင်းပြေစေပါတယ်။ အရင်က ကိုက်ခဲနာကျင်မှုကို ခံစားခဲ့ရသူတွေတောင် ပင်လယ်ရေနဲ့ထိပြီးယူပစ်သလိုသက်သာပျောက်ကင်းသွားတာမျိုးတွေရှိပါတယ်။
(၄) စိတ်ကိုကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကင်းဝေးစေပါတယ်
ပင်လယ်ကြီးကို မြင်လိုက်တာနဲ့လူတိုင်းရဲ့ရင်ထဲမှာ အေးချမ်းကြည်နူးသွားမှာတော့အသေချာပါပဲ။ ပင်လယ် ဒေသရဲ့အငွေ့သက်ကို ရှူရှိုက်ခံစားဖူးတယ်ဘယ်သူမဆို စိ်တ်ဖိစီးမှုတွေကင်းဝေးပြီး စိတ်အေးချမ်းသာမှုရှိစေမှာအသေချာပါပဲ….
4 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.