က်န္းမာလွပေအာင္ အစာအိမ္ေလးသန္႔ရွင္းေရးလုပ္ၾကမယ္

မ်ားျပားလွတဲ႔အစားအေသာက္ေတြျမည္းစမ္းစားေသာက္ျပီးသြားတဲ႔အခါ ဒီအစာအိမ္ထဲမွာ လိုအပ္တာေတြေရာ၊မလိုအပ္တ႔ဲအညစ္အေၾကးေတြနဲ႔ပါျပည့္ေနတတ္ပါတယ္။၀မ္းပံုမွန္မဟုတ္တဲ႔အခါမွာလည္း ဒီမလိုအပ္တဲ႔အဆိပ္အေတာက္အညစ္အေၾကးေတြေၾကာင့္ ဗုိက္ေအာင့္ဗုိက္နာျဖစ္တယ္၊အစာမေၾကျဖစ္တယ္။ေလထုိးေလေအာင့္ေတြျဖစ္ၾကပါတယ္။ဒါေတြက အစာအိမ္မသန္႔ရွင္းလုိ႔ပါ။ဒီေတာ့ ကုိယ့္အစာအိမ္ေလးသန္႔ရွင္းေအာင္သဘာ၀အတိုင္းဘယ္လိုေျဖရွင္းၾကမလဲ?

ကုိယ္ေတြေန႔စဥ္စားသံုးေနက်အစားအစာေတြနဲ႔ပဲ အစာအိမ္ကုိသန္႔ရွင္းလုိ႔ရပါတယ္။အခုေျပာျပမယ့္ နည္းလမ္းေတြကုိ မနက္မုိးလင္းႏုိးလာလာခ်င္းျဖစ္ေစ၊ညအိပ္ရာမ၀င္ခင္ျဖစ္ေစ လုပ္ေပးၾကည့္ပါ။

*ပူစီနံရြက္

ပူစီနံရြက္ဟာ အစာမေၾကျဖစ္တတ္တဲ႔ေ၀ဒနာကုိဖယ္ရွားေပးျပီး အစာအိမ္ကိုသန္႔ရွင္းေပးပါတယ္။ပူစီနံရြက္ကုိေရနဲ႔ေသခ်ာသန္႔စင္ျပီး ေရဖန္ခြက္တစ္ခြက္စာေလာက္စိမ္ထားျပီး မနက္ျဖစ္ေစ၊ညျဖစ္ေစ ေသာက္ေပးလုိ႔ရပါတယ္။

*ပ်ားရည္သံပုရာ
ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္း၊သံပုရာရည္စားပြဲတင္ဇြန္းတစ္ဇြန္း၊ဂ်င္းေဖ်ာ္ရည္စားပြဲတင္ဇြန္းတစ္ဇြန္း အားလံုးကုိေရာစပ္ျပီး တစ္ေန႔ကုိ ၂ၾကိမ္မွသံုးၾကိမ္ စားပြဲဇြန္းတစ္ဇြန္းစာ စားေသာက္ေပးႏုိင္ပါတယ္။ဒါက အစာမေၾကရင္ျပည့္ရင္ကယ္ျဖစ္တာကုိသက္သာေစျပီး အစာအိမ္သန္႔ရွင္းေစပါတယ္။

*ေရေႏြး


ဘာစားေသာက္စရာပစၥည္းမွမရွိရင္ေတာင္ ေရေႏြးတစ္ခြက္နဲ႔ အစာအိမ္ကုိသန္႔ရွင္းေပးႏုိင္ပါေသးတယ္။ၾကက္သီးေႏြးေရဟာ အစာအိမ္ကုိသန္႔စင္ေပးျပီးအဆိပ္အေတာက္ေတြကုိေဆးေၾကာေပးပါတယ္။၀မ္းခ်ဳပ္တာ၊ေအာ့အန္ခ်င္စိတ္ျဖစ္တာစတာေတြကုိ သက္သာေစသလုိ ရင္ပူတာကုိလည္းသက္သာေစပါတယ္။

*သံပုရာ
မနက္မိုးလင္းျဖစ္ေစ၊ညမအိပ္ခင္ျဖစ္ေစ ကုိယ္ေသာက္မယ့္ေရထဲမွာသံပုရာသီးတစ္စိတ္၊ႏွစ္စိတ္ညွစ္ထည့္ျပီးေသာက္ေပးတာက အစာေျခစနစ္ကုိေကာင္းမြန္ေစတ့ဲအျပင္ အဆိပ္အေတာက္ေတြကုိပါ ကင္းစင္သြားေစပါတယ္။ေရေႏြးေႏြးေလးထဲမွာသံပုရာရည္ညွစ္ထည့္ျပီးေသာက္တာလည္း အစာအိမ္ကုိေကာင္းမြန္ေစပါတယ္။

*ရွားေစာင္းလက္ပတ္


ရွားေစာင္းလက္ပတ္အႏွစ္ဂ်ယ္လီကုိ မနက္ေစာေစာ ေဖ်ာ္ရည္အျဖစ္ေသာက္သံုးေပးမယ္ဆုိရင္ တစ္ေန႔တာလံုးအစာအိမ္ထဲမွာ ေနသာထုိင္သာရွိေစျပီး အဆိပ္အေတာက္ေတြဖယ္ရွားဖို႔ကူညီေပးႏုိင္ပါတယ္။၀မ္းလည္းမွန္ေစလို႔ ၀မ္းခ်ဳပ္တတ္တဲ႔သူဆုိရင္ မနက္တုိင္းပံုမွန္ေသာက္ေပးသင့္ပါတယ္။

*ေရမ်ားမ်ားေသာက္ဖုိ႔မေမ့ပါနဲ႔
အျပင္သြားတာျဖစ္ေစ၊အိမ္မွာျဖစ္ေစ တစ္ေန႔ကုိ ေရဖန္ခြက္ ၈ခြက္စာေတာ့ပံုမွန္ေသာက္ေပးသင့္ပါတယ္။ေရမ်ားမ်ားေသာက္တဲ႔အခါ အစာအိမ္ထဲက အညစ္အေၾကးေတြ၊အဆိပ္အေတာက္ေတြကုိဖယ္ရွားေပးႏုိင္ပါတယ္။ခႏၶာကုိယ္အတြက္လိုအပ္တဲ႔ေရဓာတ္လည္းရသလို ၀မ္းလည္းမွန္၊အညစ္အေၾကးလည္းသန္႔စင္လုိ႔ ဒီနည္းလမ္းက အလြယ္ကူဆံုးနဲ႔အထိေရာက္ဆံုးနည္းလမ္းလုိ႔ပဲေျပာရမွာပါပဲ။

*ဆား

မနက္မုိးလင္းႏုိးလာျပီဆုိရင္ ေရၾကက္သီးေႏြးေရထဲကုိ ဆားစားပြဲတင္ဇြန္း ၂ဇြန္းစာေလာက္ထည့္ျပီး ျမန္ျမန္ေသာက္ခ်ပါ။အစာမရွိေသးခင္ေသာက္ပါ။ခဏၾကာတဲ႔အခါ ၀မ္းသြားခ်င္လာျပီး အစာအိမ္ထဲက က်န္ရွိေနတဲ႔အညစ္အေၾကးေတြကုိဖယ္ရွားေပးပါတယ္။တစ္ပတ္ကုိ သံုးခါေလာက္လုပ္ေပးရင္ ၀မ္းခ်ဳပ္တတ္တဲ႔သူေတြလည္း၀မ္းမွန္လာျပီး တစ္ေနကုန္ေနလုိ႔ထုိင္လို႔ေကာင္းလာပါလိမ့္မယ္။

တကယ္ေတာ့ ခႏၶာကုိယ္ဟာ သူ႔လုပ္ငန္းစဥ္နဲ႔သူ အညစ္အေၾကးေတြဖယ္ရွားေပးပါတယ္။အပုိအေနနဲ႔လုပ္စရာမလိုဘူးဆုိေပမဲ႔လည္း ကုိုယ္ေတြေန႔စဥ္စားေသာက္ေနတဲ႔အစားအစာေတြရဲ႔ အၾကြင္းအက်န္ေတြမက်န္ရစ္ေအာင္၊ပုိျပီးေနထုိင္ေကာင္းေအာင္၊အဆီပုိေတြမရွိေအာင္ ဒီနည္းေလးေတြနဲ႔လည္းအစာအိမ္ကုိ သန္႔ရွင္းေပးသင့္ပါတယ္။ေန႔တုိင္းမလုပ္ႏုိင္ရင္ေတာင္ တစ္ပတ္ကုိသံုးေလးခါေလာက္လုပ္ေပးသင့္ပါတယ္။အဲ႔ဒါမွက်န္းမာလွပျပီးအဆီပုိကင္းတဲ႔ခႏၶာကုိယ္ကုိပုိင္ဆုိင္ႏုိင္မွာပါ။

Unicode

များပြားလှတဲ့အစားအသောက်တွေမြည်းစမ်းစားသောက်ပြီးသွားတဲ့အခါ ဒီအစာအိမ်ထဲမှာ လိုအပ်တာတွေရော၊မလိုအပ်တဲ့အညစ်အကြေးတွေနဲ့ပါပြည့်နေတတ်ပါတယ်။ဝမ်းပုံမှန်မဟုတ်တဲ့အခါမှာလည်း ဒီမလိုအပ်တဲ့အဆိပ်အတောက်အညစ်အကြေးတွေကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်တယ်၊အစာမကြေဖြစ်တယ်။လေထိုးလေအောင့်တွေဖြစ်ကြပါတယ်။ဒါတွေက အစာအိမ်မသန့်ရှင်းလို့ပါ။ဒီတော့ ကိုယ့်အစာအိမ်လေးသန့်ရှင်းအောင်သဘာဝအတိုင်းဘယ်လိုဖြေရှင်းကြမလဲ?

ကိုယ်တွေနေ့စဉ်စားသုံးနေကျအစားအစာတွေနဲ့ပဲ အစာအိမ်ကိုသန့်ရှင်းလို့ရပါတယ်။အခုပြောပြမယ့် နည်းလမ်းတွေကို မနက်မိုးလင်းနိုးလာလာချင်းဖြစ်စေ၊ညအိပ်ရာမဝင်ခင်ဖြစ်စေ လုပ်ပေးကြည့်ပါ။

*ပူစီနံရွက်

ပူစီနံရွက်ဟာ အစာမကြေဖြစ်တတ်တဲ့ဝေဒနာကိုဖယ်ရှားပေးပြီး အစာအိမ်ကိုသန့်ရှင်းပေးပါတယ်။ပူစီနံရွက်ကိုရေနဲ့သေချာသန့်စင်ပြီး ရေဖန်ခွက်တစ်ခွက်စာလောက်စိမ်ထားပြီး မနက်ဖြစ်စေ၊ညဖြစ်စေ သောက်ပေးလို့ရပါတယ်။

*ပျားရည်သံပုရာ
ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်း၊သံပုရာရည်စားပွဲတင်ဇွန်းတစ်ဇွန်း၊ဂျင်းဖျော်ရည်စားပွဲတင်ဇွန်းတစ်ဇွန်း အားလုံးကိုရောစပ်ပြီး တစ်နေ့ကို ၂ကြိမ်မှသုံးကြိမ် စားပွဲဇွန်းတစ်ဇွန်းစာ စားသောက်ပေးနိုင်ပါတယ်။ဒါက အစာမကြေရင်ပြည့်ရင်ကယ်ဖြစ်တာကိုသက်သာစေပြီး အစာအိမ်သန့်ရှင်းစေပါတယ်။

*ရေနွေး
ဘာစားသောက်စရာပစ္စည်းမှမရှိရင်တောင် ရေနွေးတစ်ခွက်နဲ့ အစာအိမ်ကိုသန့်ရှင်းပေးနိုင်ပါသေးတယ်။ကြက်သီးနွေးရေဟာ အစာအိမ်ကိုသန့်စင်ပေးပြီးအဆိပ်အတောက်တွေကိုဆေးကြောပေးပါတယ်။ဝမ်းချုပ်တာ၊အော့အန်ချင်စိတ်ဖြစ်တာစတာတွေကို သက်သာစေသလို ရင်ပူတာကိုလည်းသက်သာစေပါတယ်။

*သံပုရာ
မနက်မိုးလင်းဖြစ်စေ၊ညမအိပ်ခင်ဖြစ်စေ ကိုယ်သောက်မယ့်ရေထဲမှာသံပုရာသီးတစ်စိတ်၊နှစ်စိတ်ညှစ်ထည့်ပြီးသောက်ပေးတာက အစာခြေစနစ်ကိုကောင်းမွန်စေတဲ့အပြင် အဆိပ်အတောက်တွေကိုပါ ကင်းစင်သွားစေပါတယ်။ရေနွေးနွေးလေးထဲမှာသံပုရာရည်ညှစ်ထည့်ပြီးသောက်တာလည်း အစာအိမ်ကိုကောင်းမွန်စေပါတယ်။

*ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အနှစ်ဂျယ်လီကို မနက်စောစော ဖျော်ရည်အဖြစ်သောက်သုံးပေးမယ်ဆိုရင် တစ်နေ့တာလုံးအစာအိမ်ထဲမှာ နေသာထိုင်သာရှိစေပြီး အဆိပ်အတောက်တွေဖယ်ရှားဖို့ကူညီပေးနိုင်ပါတယ်။ဝမ်းလည်းမှန်စေလို့ ဝမ်းချုပ်တတ်တဲ့သူဆိုရင် မနက်တိုင်းပုံမှန်သောက်ပေးသင့်ပါတယ်။

*ရေများများသောက်ဖို့မမေ့ပါနဲ့
အပြင်သွားတာဖြစ်စေ၊အိမ်မှာဖြစ်စေ တစ်နေ့ကို ရေဖန်ခွက် ၈ခွက်စာတော့ပုံမှန်သောက်ပေးသင့်ပါတယ်။ရေများများသောက်တဲ့အခါ အစာအိမ်ထဲက အညစ်အကြေးတွေ၊အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်လည်းရသလို ဝမ်းလည်းမှန်၊အညစ်အကြေးလည်းသန့်စင်လို့ ဒီနည်းလမ်းက အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းလို့ပဲပြောရမှာပါပဲ။

*ဆား

မနက်မိုးလင်းနိုးလာပြီဆိုရင် ရေကြက်သီးနွေးရေထဲကို ဆားစားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ထည့်ပြီး မြန်မြန်သောက်ချပါ။အစာမရှိသေးခင်သောက်ပါ။ခဏကြာတဲ့အခါ ဝမ်းသွားချင်လာပြီး အစာအိမ်ထဲက ကျန်ရှိနေတဲ့အညစ်အကြေးတွေကိုဖယ်ရှားပေးပါတယ်။တစ်ပတ်ကို သုံးခါလောက်လုပ်ပေးရင် ဝမ်းချုပ်တတ်တဲ့သူတွေလည်းဝမ်းမှန်လာပြီး တစ်နေကုန်နေလို့ထိုင်လို့ကောင်းလာပါလိမ့်မယ်။

တကယ်တော့ ခန္ဓာကိုယ်ဟာ သူ့လုပ်ငန်းစဉ်နဲ့သူ အညစ်အကြေးတွေဖယ်ရှားပေးပါတယ်။အပိုအနေနဲ့လုပ်စရာမလိုဘူးဆိုပေမဲ့လည်း ကိုုယ်တွေနေ့စဉ်စားသောက်နေတဲ့အစားအစာတွေရဲ့ အကြွင်းအကျန်တွေမကျန်ရစ်အောင်၊ပိုပြီးနေထိုင်ကောင်းအောင်၊အဆီပိုတွေမရှိအောင် ဒီနည်းလေးတွေနဲ့လည်းအစာအိမ်ကို သန့်ရှင်းပေးသင့်ပါတယ်။နေ့တိုင်းမလုပ်နိုင်ရင်တောင် တစ်ပတ်ကိုသုံးလေးခါလောက်လုပ်ပေးသင့်ပါတယ်။အဲ့ဒါမှကျန်းမာလှပပြီးအဆီပိုကင်းတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်မှာပါ။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.