လူငယ်ပီပီ ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့…

ကျွန်တော်တို့ဘဝမှာ တစ်ခါတစ်လေ မေ့ဖျောက်ချင်ထားတဲ့ အတိတ်တွေရှိမှာပါပဲ။ အမှားတွေကိုသာ ပြန်ပြင်ဆင်ပြီး နောင်တကင်းကင်းနဲ့ ပြန်နေထိုင်ခွင့်ရရင်လို့ တွေးကောင်းတွေးကြမှာပါ။ ဒါပေမယ့် ဖြစ်ပြီးတာကတော့ ဖြစ်ပြီးပြီလေ။

ဒီတော့ ပြီးခဲ့တာတွေကိုပြန်တွေးပြီး စိတ်ဆင်းရဲနေမယ့်အစား လက်ရှိအချိန်မှာ ကိုယ့်ရဲ့ဘဝကို
အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်ဖို့လိုပါတယ်။ လူတွေက ကိုယ်မှန်တယ်ထင်ရင် ထင်ရာစိုင်းကြတဲ့ အမျိုးတွေပါပဲ။ ဘဝက တိုတောင်းပါတယ်။ ကိုယ့်ကိုကိုယ်တော့ စိတ်အဖိစီးမခံပါနဲ့။ တစ်ခုရှိတာဟာ ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေကို သေချာတွေးတော စဉ်းစားနိုင်ဖို့လိုပါတယ်။ ဒါမှ နောင်တကင်းတဲ့ဘဝမျိုးနဲ့ ဆက်လက်ရှင်သန်နိုင်မှာပေါ့။

ညအိပ်ရေးဝအောင် အိပ်ပါ။ တစ်နေ့ ၇နာရီ အိပ်ရေးဝဖို့တော့ လိုပါတယ်။ လုပ်ချင်ရာလုပ် ၊ အိပ်ရေးဝအောင်အိပ်ပြီး ကျန်းမာအောင်တော့ နေဖို့လိုပါတယ်။ ကျန်းမာရေးက အဓိကမဟုတ်လား ။

Related image

အမြဲတမ်း ကိုယ့်ရဲ့ရည်မှန်းချက် ၊ အိပ်မက်တွေကို သတိရတွေးတောနေပါ။ တစ်ခါတစ်လေ အခြား
အကြောင်းရာ ကိစ္စတွေပေါ် အာရုံစိုက်လွန်းတဲ့အခါ ကိုယ့်အတွက်ကိုယ် အောင်မြင်ရာလမ်းကြောင်းရှာဖို့ မေ့လျော့နေတတ်ပါတယ်။ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ် လုပ်နေဖို့ပဲအရေးကြီးပါတယ်။

အဆက်မပြတ် လေ့လာသင်ယူနေသင့်ပါတယ်။ တိုးတက်အောင်မြင်ချင်တယ်ဆိုရင် မင်းဟာ အမြဲတမ်း လေ့လာသင်ယူနေဖို့လိုပါတယ်။ ဘွဲ့ရ ၊ အလုပ်လုပ်တာနဲ့ သင်ယူလေ့လာမှုတွေကို အဆက်ဖြတ်လိုက်လို့မရပါဘူး။ ပညာရေးဟာ ဘဝမှာ အများကြီးအဓိပ္ပာယ်ရှိပါတယ်။

ငွေရေးကြေးရေး ချွေတာပါ။ မလိုအပ်တဲ့နေရာမှာ မသုံးမိအောင် စုဆောင်းတတ်ဖို့လိုပါတယ်။ တစ်လလုံးစိတ်ပင်ပန်း ၊ လူပင်ပန်းရှာထားရတဲ့ ပိုက်ဆံတွေကို ရက်ပိုင်းတည်းနဲ့ သုံးပစ်ဖို့ အလွယ်မတွေးလိုက်ပါနဲ့။

Image result for meaningful life

ငယ်ရွယ်ချိန်မှာ သွားတုန်းလာနိုင်တုန်း ကိုယ်လုပ်ချင်တာ လုပ်ထားပါ။ လွတ်လပ်စွာ ပျံသန်းပြီး လူငယ်ရဲ့ဘဝကို အနှစ်သာရပြည့်ပြည့် ခံစားလိုက်ပါ။ ဒီအချိန်တွေကို အမှတ်ရနေပါ။ တစ်သက်လုံးသိမ်းထားချင်တယ်ဆိုရင် ဒိုင်ယာရီလေးနဲ့မှတ်တမ်းတင်ထားပေါ့။

မိဘတွေရဲ့ပြောစကားနားထောင်ပါ။ ကိုယ်လုပ်ချင်တာ လုပ်လိုက်လို့ ဘာမှမဖြစ်ပေမယ့် မိဘအသည်းကိုကွဲအောင်လုပ်ရတာ ပိုခက်ပါတယ်။ ကိုယ်တိုင်လည်း နာကျင်ရပါတယ်။ လူဆိုတာ သေမျိုးကြီးပဲမဟုတ်လား။ရှိတုန်းလေး တန်ဖိုးထား ၊ အလိုက်တသိ ကျွေးမွေးပြုစုစောင့်ရှောက်ပြီး အဖိုးတန်တဲ့ အချိန်တွေကို အတူတူကုန်ဆုံးလိုက်ပါတော့။

ချစ်သူက ထားသွားလို့ (သို့) သစ္စာဖောက်လို့ မစားနိုင်၊ မအိပ်နိုင် အသည်းကွဲဒဏ်ကို မချိမဆန့်ခံစားနေရပြီလား..။ တစ်ပတ် ငိုမလား ၊ တစ်လ ငိုမလား ၊ နှစ်လ ငိုမလား ။ အားရပါးရ ငိုပစ်ပြီးရင် ကိုယ့်ဘဝအတွက် လုပ်စရာရှိတာလုပ်ပြီး ရှေ့ဆက်လျှောက်ပါနော်။ ဖြစ်လာသမျှဟာ အကောင်းလို့တွေးပြီး ဒီထက်အဆင့်မြင့်ဖို့ပဲဖြစ်လာတာပါ။ ဘယ်သူတွေ ဘယ်လိုပြောင်းလဲသွားပါစေ.. မင်းကတော့ ဆက်ရှင်သန် ၊ ဆက်လျှောက်နေရဦးမှာပါပဲ…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.