လက်သည်းပေါ်မှာ ဘာလို့ အဖြူရောင်အစင်းကြောင်းအစက်အပြောက်တွေဖြစ်လာတာလဲ?
*သံပုရာရည်
*အုန်းဆီ
*မုန့်ဖုတ်ဆိုဒါ
*ကြက်သွန်ဖြူ
Unicode
တစ်ခါတစ်လေရုတ်တရက်ကြီး လက်သည်းမှာအဖြူရောင်အစင်းကြောင်း၊အစက်အပြောက်လေးတွေဖြစ်လာတာတွေ့ရမှာပါ။ဒါဟာ Leukonychia လက္ခဏာတစ်ခုပါ။Leukonychia ဆိုတဲ့ အဖြူရောင်အစင်း၊အစက်အပြောက်လေးတွေဟာ များသောအားဖြင့်လက်သည်းအောက်ခြေအတွင်း
မှာဒဏ်ရာအနာတရဖြစ်နေပြီဆိုပေါ်လာတတ်ပါတယ်။
လက်သည်းပေါ်က အဖြူရောင်အစက်အပြောက်လေးတွေဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းက…
*လက်သည်းဆိုးဆေး၊လက်သည်းဖျက်ဆေးဓာတုပစ္စည်းတစ်မျိုးမျိုးနဲ့ မတည့်လို့
*အစပြုနေတဲ့မှိုရောဂါလက္ခဏာ
*လက်သည်းအောက်ခြေမှာဒဏ်ရာအနာတရဖြစ်နေတဲ့လက္ခဏာ
*လက်သည်းအတွက်လိုအပ်တဲ့ Zinc နဲ့ Calcium ဓာတ်ချို့တဲ့လို့
ဒီအကြောင်းရင်းတွေထဲက တစ်ခုခုနဲ့ငြိနေတဲ့အခါ လက်သည်းမှာအဖြူရောင်အစက်အပြောက်တွေဖြစ်လာတတ်ပါတယ်။
ဒီအဖြူရောင်အစက်အပြောက်တွေက သင့်ကိုအနှောင့်အယှက်ဖြစ်နေတယ်ဆိုရင် ဒီအိမ်တွင်းနည်းလမ်းလေးတွေနဲ့ဖယ်ရှားလို့ရပါတယ်။
*သံပုရာရည်
သံပုရာရည်စားပွဲတင်ဇွန်း ၂ဇွန်းစာနဲ့ သံလွင်ဆီအစက်အနည်းငယ်ကိုရောစပ်ပြီး အဲ့ဒီအရည်ကိုလက်သည်းမှာလိမ်းကျံပါ။နာရီဝက်လောက်ထားပြီးတဲ့အခါ ရေဆေးချလို့ရပါပြီ။တစ်နေ့ကို တစ်ခါပုံမှန်လုပ်ပေးရင် ဗီတာမင်စီဓာတ်ကြောင့် လက်သည်းလေးတွေပြန်လည်ကျန်းမာလာပါလိမ့်မယ်။
*အုန်းဆီ
အုန်းဆီစစ်စစ်အနည်းငယ်နဲ့လက်သည်းလေးတွေကိုလိမ်းပေးပြီး ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ညအိပ်ရာမဝင်ခင်လိမ်းပေးပြီးတစ်ညလုံးထားပါ။ဒီအတိုင်းနေ့တိုင်း တစ်နေ့တစ်ခါပြုလုပ်ပေးနိုင်ပါတယ်။အုန်းဆီမှာ လက်သည်းပေါ်က အဖြူရောင်အစက်အပြောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ ဓာတ်တွေအများကြီးပါဝင်နေပါတယ်။
*မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါမှာပါဝင်တဲ့ alkaline nature aids ဟာ လက်သည်းပေါ်မှာဖြစ်တတ်တဲ့အဖြူရောင်အစက်အပြောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ကူးစက်ရောဂါကြောင့်ဖြစ်တဲ့အဖြူရောင်အစင်းကြောင်း၊အစက်အပြောက်တွေကိုလည်းကုသပေးနိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါခွက်တစ်ဝက်နဲ့ ပန်းသီးရှာလကာရည် လေးပုံတစ်ပုံခန့်ကို ရေနွေးနွေးလေးနဲ့ရောစပ်ပြီး ခွက်အကြီးတစ်လုံးထဲထည့်ပါ။ပြီးရင် အဲ့ဒီခွက်ထဲမှာ လက်ကို မိနစ် ၂ဝလောက်ထည့်စိမ်ပေးထားပါ။တစ်ပတ်ကိုတစ်ခါဒီနည်းလေးအတိုင်းလုပ်ပေးမယ်ဆိုရင် ကျန်းမာလှပတဲ့လက်သည်းလေးတွေပိုင်ဆိုင်လာရပါလိမ့်မယ်။
*ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ အိမ်မှာအမြဲတမ်းရှိနေမှာအသေအချာပါပဲ။ကြက်သွန်ဖြူအနည်းငယ်ကိုကြိတ်ခြေပြီးလက်သည်းပေါ်မှာတင်ပေးထားပါ။ပြီးရင် အဝတ်စလေးနဲ့ဖြစ်စေ လက်သည်းတွေကိုဖုံးအုပ်ထားပါ။နာရီဝက်လောက်ကြာတဲ့အခါ အဝတ်ကို ဖယ်ပြီးရေနွေးနွေးလေးနဲ့ဆေးချလို့ရပါပြီ။ဒါကို
တစ်ပတ်ကို သုံးခါအများဆုံးလုပ်ပေးနိုင်ပါတယ်။ကြက်သွန်ဖြူမှာ ရောဂါပိုးမွှားတွေမဝင်အောင်ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပါဝင်လို့ လက်သည်းလေးတွေရဲ ့ကျန်းမာရေးကိုအထူးဂရုစိုက်ပေးနိုင်ပါတယ်။
172 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.