ကိုယ္႔အေပၚသစၥာေဖာက္ခဲ႔တဲ႔ခ်စ္သူရဲ႕ေတာင္းပန္မႈကိုလက္ခံသင္႔လား…

တစ္ခ်ိဳ႕ေသာ ခ်စ္သူစံုတြဲေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ျမတ္နိုးျကပါရက္နဲ႕ တစ္ဖက္ကေဖာက္ျပန္သြားမိတာမ်ိဳးျဖစ္သြားတတ္ပါတယ္။ ေဖာက္ျပန္တယ္ဆုိတာ ဘယ္လိုပဲေဖာက္ျပန္ေဖာက္ျပန္ လက္ခုတ္နွစ္ဖက္တီးမွျမည္တယ္ဆုိသလိုပဲ နွစ္ဦးနွစ္ဖက္လံုးရဲ႕အမွားပါ။ (တစ္ဖက္ကအတင္းအဓမၼသိမ္းပိုက္ယူခဲ႔တာမ်ိဳးကလြဲရင္ေပါ႔) ဆိုေတာ႔ ဒီလိုကိစၥမ်ိဳးျကံုလာရတဲ႔အခါေယာက်္ာေလးပဲျဖစ္ျဖစ္ မိန္းကေလးပဲျဖစ္ျဖစ္ ငါ႔အေပၚလုပ္ရက္လွခ်ည္လားဆုိတဲ႔စိတ္နဲ႕ကိုိယ္႔ခ်စ္သူအေပၚအနည္းနဲ႕မ်ားေတာ႔နာက်င္မုန္းတီးမိမွာပါ။ တစ္ခ်ိဳ႕ကိစၥေတြကဒီလုိမုန္းတီးမႈေလာက္နဲ႕ပဲရပ္တန္႕သြားျပီး ေရွ႕ဆက္ဖို႕ မျကိုးစားျကသလုိ…တစ္ခ်ိဳ႕ကေတာ႔ ေတာင္းပန္တာကိုလက္ခံျပီး ေရွ႕ဆက္ျကတာမ်ိဳးေတြရွိပါတယ္။

ဒါကေတာ႔လူတစ္ေယာက္နဲ႕တစ္ေယာက္ရဲ႕ရင္ထဲကေမတၱာကတားဆီးမွမရေတာ႔တာပဲေလ…ကိုယ္႔အျမင္နဲ႕ေျပာရရင္ေတာ႔ ကိုယ္သာဆုိရင္ေပါ႔…တစ္ျခားေသာ ဆိုးသြမ္းမိုက္မဲမႈေတြကိုလက္ခံေပးရင္ေပးနုိင္မယ္ လက္ရွိကုိယ္နဲ႕ခ်စ္သူျဖစ္ေနရက္ျကားထဲကေန ေဖာက္ျပန္တာမ်ိဳးေတာ႔ ဘယ္ေလာက္ပဲေတာင္းပန္ပန္ စိတ္ထဲကလက္ခံေပးလုိ႕မရတဲ႔ကိစၥမ်ိဳးပါ။ ေဖာက္ျပန္တယ္ဆုိတာ ကိုယ္က်င္႔တရား မေကာင္းတဲ႔သူေတြမွာသာရွိတဲ႔အက်င္႔ပါ။ တစ္ခါတည္းပါ ကြာ ကို စိတ္လြတ္သြားလုိ႕ပါ၊ ကၽြန္မ စိတ္ယိုင္သြားလုိ႕ပါ ဆိုတာေလာက္နဲ႕ခြင္႔လႊတ္ျပီးဆံုးသြားလို႕ရမယ္ထင္လား…ကဲ ခြင္႔လႊတ္လုိက္တယ္ပဲထား သူကိုယ္႔အေပၚဒီလိုလုပ္ခဲ႔ဖူးတယ္ဆုိတာကို ျပန္ေတြးေတြးမိရင္ ခံျပင္းလို႕ဆံုးမွာ မဟုတ္တဲ႔အျပင္ အရင္ကထားခဲ႔တဲ႔သူ႕အေပၚယံုျကည္မႈေတြလည္းေလ်ာ႔နည္းသြားမွာပါ။

ဒါဆို ျဖတ္ေတာက္ဖို႕ျကေတာ႔ေရာ…ဒီလုိက်ျပန္ေတာ႔လည္း နွစ္ဦးသားမွာ သံေယာဇဥ္ကျဖစ္ေနတယ္ …အမွတ္တရေတြကလည္းအမ်ားျကီးပဲ…လူသိရွင္ျကားသူငယ္ခ်င္းေတြကလည္း မျပတ္ဖုိ႕တားတယ္ဆိုတာေတြရွိျပန္ေတာ႔ စဥ္းစားရက်ပ္ေနမွာပါ။ တစ္ခါေဖာက္ျပန္မွားယြင္းမိတဲ႔ခ်စ္သူက သင္ခန္းစာရသြားျပီးေနာက္ လံုး၀မျဖစ္တာမ်ိဳးလည္းရွိနိုင္သလို အျကိမ္ျကိမ္ထပ္မွားတာမ်ိဳးလည္းျဖစ္နုိင္ပါတယ္။သင္႔ကို ခ်စ္ရဲ႕သားနဲ႕ ခဏတာ စိတ္တိုမႈ၊ စိတ္ခံစားမႈေျကာင္႔ ေဖာက္ျပန္သလုိျဖစ္သြားတာမ်ိဳးလည္းျဖစ္နုိင္သလို သင္႔အေပၚမခ်စ္ေတာ႔လို႕လုပ္တာမ်ိဳးလည္းျဖစ္နုိင္ပါတယ္။ ေျပာခ်င္တာကေဖာက္ျပန္တယ္ဆိုတိုင္းသင္႔ကိုမခ်စ္တာလည္းမဟုတ္နုိင္ဘူး၊

ဒီလိုေျပာလုိ႕ခြင္႔လႊတ္လိုက္ပါလို႕လည္းကိုယ္မဆုိလုိခ်င္ပါဘူး။ ဒါေတြကေတာ႔နွစ္ဦးနွစ္ဖက္လံုးရဲ႕နွလံုးသားရယ္ေမတၱာတရားရယ္နဲ႕ပဲဆိုင္ပါတယ္။ တစ္ခါမွားတာကိုသိျပီး အခ်ိန္မွီျပန္ျပင္ကာ ေအးေအးလူလူေလးသက္ဆံုးတုိင္ခ်စ္သြားျကတာမ်ိဳးလည္းရွိနုိင္ပါတယ္။ ဒီလုိအေျခေနမ်ိဳးကို ခြင္႔လႊတ္ေပးတာ မေပးတာကေတာ႔ ဒီလူေပၚထားတဲ႔ ကိုယ္႔ရဲ႕ေမတၱာနဲ႕သည္းခံမႈတရားေေတြခ်စ္ျခင္းေမတၱာေတြေပၚမူတည္ေနပါတယ္။ ကိုယ္႔ဘက္ကသူ႕ကို ယံုျကည္ေပးလုိ႕ရေနေသးရင္(သို႕)ဆက္ခ်စ္လို႕ရေနေသးရင္ေတာ႔အခြင္႔ေရးေပးလုိက္ပါ။ သူတို႕ကိုယ္႔အေပၚခ်စ္တာမခ်စ္တာ ထက္ေသခ်ာတာတစ္ခုကေတာ႔ဒီလုိလူေတြဟာ သူတုိ႕ရဲ႕တဒဂၤစိတ္အတုိင္းလက္လႊတ္စပယ္လုပ္တတ္ျကျပီး သူဒီလုိလုပ္လုိက္ရင္ကိုယ္ဘယ္လုိခံစားရမလဲဆိုတဲ႔ ကိုယ္႔ဘက္ကို ေတြးေတြးေပးဖို႕ေမ႔ေနတတ္တဲ႔သူေတြဆိုတာေတာ႔ေသခ်ာပါတယ္…

Unicode

တစ်ချို့သော ချစ်သူစုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးကြပါရက်နဲ့ တစ်ဖက်ကဖောက်ပြန်သွားမိတာမျိုးဖြစ်သွားတတ်ပါတယ်။ ဖောက်ပြန်တယ်ဆိုတာ ဘယ်လိုပဲဖောက်ပြန်ဖောက်ပြန် လက်ခုတ်နှစ်ဖက်တီးမှမြည်တယ်ဆိုသလိုပဲ နှစ်ဦးနှစ်ဖက်လုံးရဲ့အမှားပါ။ (တစ်ဖက်ကအတင်းအဓမ္မသိမ်းပိုက်ယူခဲ့တာမျိုးကလွဲရင်ပေါ့) ဆိုတော့ ဒီလိုကိစ္စမျိုးကြုံလာရတဲ့အခါယောကျ်ာလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ငါ့အပေါ်လုပ်ရက်လှချည်လားဆိုတဲ့စိတ်နဲ့ကိိုယ့်ချစ်သူအပေါ်အနည်းနဲ့များတော့နာကျင်မုန်းတီးမိမှာပါ။ တစ်ချို့ကိစ္စတွေကဒီလိုမုန်းတီးမှုလောက်နဲ့ပဲရပ်တန့်သွားပြီး ရှေ့ဆက်ဖို့ မကြိုးစားကြသလို…တစ်ချို့ကတော့ တောင်းပန်တာကိုလက်ခံပြီး ရှေ့ဆက်ကြတာမျိုးတွေရှိပါတယ်။

ဒါကတော့လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ရင်ထဲကမေတ္တာကတားဆီးမှမရတော့တာပဲလေ…ကိုယ့်အမြင်နဲ့ပြောရရင်တော့ ကိုယ်သာဆိုရင်ပေါ့…တစ်ခြားသော ဆိုးသွမ်းမိုက်မဲမှုတွေကိုလက်ခံပေးရင်ပေးနိုင်မယ် လက်ရှိကိုယ်နဲ့ချစ်သူဖြစ်နေရက်ကြားထဲကနေ ဖောက်ပြန်တာမျိုးတော့ ဘယ်လောက်ပဲတောင်းပန်ပန် စိတ်ထဲကလက်ခံပေးလို့မရတဲ့ကိစ္စမျိုးပါ။ ဖောက်ပြန်တယ်ဆိုတာ ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေမှာသာရှိတဲ့အကျင့်ပါ။ တစ်ခါတည်းပါ ကွာ ကို စိတ်လွတ်သွားလို့ပါ၊ ကျွန်မ စိတ်ယိုင်သွားလို့ပါ ဆိုတာလောက်နဲ့ခွင့်လွှတ်ပြီးဆုံးသွားလို့ရမယ်ထင်လား…ကဲ ခွင့်လွှတ်လိုက်တယ်ပဲထား သူကိုယ့်အပေါ်ဒီလိုလုပ်ခဲ့ဖူးတယ်ဆိုတာကို ပြန်တွေးတွေးမိရင် ခံပြင်းလို့ဆုံးမှာ မဟုတ်တဲ့အပြင် အရင်ကထားခဲ့တဲ့သူ့အပေါ်ယုံကြည်မှုတွေလည်းလျော့နည်းသွားမှာပါ။

ဒါဆို ဖြတ်တောက်ဖို့ကြတော့ရော…ဒီလိုကျပြန်တော့လည်း နှစ်ဦးသားမှာ သံယောဇဉ်ကဖြစ်နေတယ် …အမှတ်တရတွေကလည်းအများကြီးပဲ…လူသိရှင်ကြားသူငယ်ချင်းတွေကလည်း မပြတ်ဖို့တားတယ်ဆိုတာတွေရှိပြန်တော့ စဉ်းစားရကျပ်နေမှာပါ။ တစ်ခါဖောက်ပြန်မှားယွင်းမိတဲ့ချစ်သူက သင်ခန်းစာရသွားပြီးနောက် လုံးဝမဖြစ်တာမျိုးလည်းရှိနိုင်သလို အကြိမ်ကြိမ်ထပ်မှားတာမျိုးလည်းဖြစ်နိုင်ပါတယ်။သင့်ကို ချစ်ရဲ့သားနဲ့ ခဏတာ စိတ်တိုမှု၊ စိတ်ခံစားမှုကြောင့် ဖောက်ပြန်သလိုဖြစ်သွားတာမျိုးလည်းဖြစ်နိုင်သလို သင့်အပေါ်မချစ်တော့လို့လုပ်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပြောချင်တာကဖောက်ပြန်တယ်ဆိုတိုင်းသင့်ကိုမချစ်တာလည်းမဟုတ်နိုင်ဘူး၊

ဒီလိုပြောလို့ခွင့်လွှတ်လိုက်ပါလို့လည်းကိုယ်မဆိုလိုချင်ပါဘူး။ ဒါတွေကတော့နှစ်ဦးနှစ်ဖက်လုံးရဲ့နှလုံးသားရယ်မေတ္တာတရားရယ်နဲ့ပဲဆိုင်ပါတယ်။ တစ်ခါမှားတာကိုသိပြီး အချိန်မှီပြန်ပြင်ကာ အေးအေးလူလူလေးသက်ဆုံးတိုင်ချစ်သွားကြတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီလိုအခြေနေမျိုးကို ခွင့်လွှတ်ပေးတာ မပေးတာကတော့ ဒီလူပေါ်ထားတဲ့ ကိုယ့်ရဲ့မေတ္တာနဲ့သည်းခံမှုတရားေတွေချစ်ခြင်းမေတ္တာတွေပေါ်မူတည်နေပါတယ်။ ကိုယ့်ဘက်ကသူ့ကို ယုံကြည်ပေးလို့ရနေသေးရင်(သို့)ဆက်ချစ်လို့ရနေသေးရင်တော့အခွင့်ရေးပေးလိုက်ပါ။ သူတို့ကိုယ့်အပေါ်ချစ်တာမချစ်တာ ထက်သေချာတာတစ်ခုကတော့ဒီလိုလူတွေဟာ သူတို့ရဲ့တဒင်္ဂစိတ်အတိုင်းလက်လွှတ်စပယ်လုပ်တတ်ကြပြီး သူဒီလိုလုပ်လိုက်ရင်ကိုယ်ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ့်ဘက်ကို တွေးတွေးပေးဖို့မေ့နေတတ်တဲ့သူတွေဆိုတာတော့သေချာပါတယ်…

739 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.