ကြုံကြိုက်လို့ သတင်းသစ်လေးတစ်ပုဒ်လောက် တင်ဆက်ပေးပါဦးမယ်။ SBS ရုပ်သံလိုင်းရဲ့ နှစ်ပတ်လည်ပွဲ ကျင်းပမယ့်အစီအစဉ်တွေထဲမှာ ကိုရီးယား pop ဘုရင်မ Lee Hyori နဲ့ 2NE1 ရဲ့ CL တို့ ပူးပေါင်းတင်ဆက်မှုပြုလုပ်ဖို့အတွက် အစီအစဉ်တွေ လုပ်နေတယ်ဆိုတဲ့ သတင်းအပေါ် ငြင်းဆိုမှုတစ်ခုမှတော့ မတွေ့ရသေးပါဘူး။ ဒီပွဲကို တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး ဒီပူးပေါင်းမှုဟာလည်း အားလုံး ကြိုတင်မျှော်မှန်းထားကြပုံ ရပါတယ်။
SBS ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က သူမတို့ဟာ ပူးပေါင်းတင်ဆက်မှုအတွက် အချိန်ပို လေ့ကျင့်မှုတွေတောင် လုပ်နေတယ်လို့ ပြောပါတယ်။ ဖုန်းကတဆင့် ဆက်သွယ်မှုတွေ အပြင် သူမတို့နှစ်ယောက်ဟာ တံခါးပိတ်ဆွေးနွေးမှုတွေတောင် ပြုလုပ်နေကြတယ်လို့လည်း ပြောထားပါသေးတယ်။
သူမတို့နှစ်ဦးဟာ တစ်ဦးအပေါ်တစ်ဦး မြင့်မားတဲ့ ချစ်ခင်ကြင်နာမှုတွေ အပြန်အလှန်ပြသနေပါတယ်။ ဒီလို ရင်းနှီးမှုမျိုးဟာ လာမယ့် ပူးပေါင်းတင်ဆက်မှုအတွက် ကြီးမားတဲ့အထောက်အကူ ဖြစ်စေနိုင်တယ်လို့လည်း ပြောပါတယ်။
Ref:kpopstarz