ဇာတ်ကားအသစ်အတွက် ရင်ခုန်စိတ်လှုပ်ရှားခဲ့ရကြောင်းပြောပြလာတဲ့ Kim Sun Ah

Kim Sun Ah ကို စိတ်လှုပ်ရှား စပိုင်ဇာတ်ကားအသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ MBC ရုပ်သံလိုင်းရဲ့ ဒရာမာဇာတ်ကား ”Red Moon, Blue Sea” ဟာ စိတ်လှုပ်ရှားစရာ သည်းထိတ်ရင်ဖို စပိုင်ဇာတ်ကားဖြစ်ပြီး ကဗျာတွေကို သဲလွန်စအဖြစ် အသုံးချကာ ထူးဆန်းတဲ့ ကိစ္စတွေကို လိုက်လံအဖြေရှာတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

နိုဝင်ဘာ (၅)ရက်နေ့မှာတော့ ”Red Moon, Blue Sea” ရဲ့ဒရာမာဇာတ်ကား ပိုစတာထွက်ရှိခဲ့ပါတယ်။ ပိုစတာမှာ Kim Sun Ah က အငွေ့တွေထွက်နေတဲ့ ကားဘေးနားမှာ ရှော့ရသလို စိတ်ပျက်နာကျင်စွာ ထိုင်နေတာကို တွေ့ရပါတယ်။

Kim Sun Ah Is Shocked And Hurt In Upcoming Mystery Thriller Drama

Kim Sun Ah ကို မိဘအပေါ်သိတတ် လိမ္မာတဲ့သမီး ၊ ယောက်ျားပေါ်လည်း တာဝန်ကျေ ရိုးသားတဲ့ ဇနီးကောင်း Cha Woo Kyaung ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားအတွက် Kim Sun Ah ရဲ့ကြိုးစားအားထုတ်မှုတွေကို production team က သာမက ဝန်ထမ်းတွေအားလုံး ချီးမွမ်းမဆုံးဖြစ်ခဲ့ရပါတယ်။”Red Moon, Blue Sea” ကို ဒါရိုက်တာ Choi Jung Gyu ၊ ဇာတ်ညွန်း Do Hyun Jung တို့ ပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကို နိုဝင်ဘာလ ရုပ်ရှင်ပွဲတော်မှာ ပြသသွားမယ်လို့လည်း သိရပါတယ်။

103 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.